ဒီဇင်ဘာလကုန်ပတ် ပြည်ပဲမျိုးစုံဈေးကွက်မှာ ပဲစင်းငုံ၊ ပဲတီစိမ်းသစ်များ အဝင်ဆက်ရှိနေပြီး ပဲတီစိမ်းသီးနှံ အရောင်းအဝယ်အသွက်ဆုံးဖြစ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲ ဈေး ကွက်အတွင်းသို့ ပဲသစ်များ ဝင်ရောက် လျက်ရှိရာ ပြည်ပဝယ်လက်  ပဲများဖြစ် တဲ့ ပဲတီစိမ်း၊ ပဲစင်းငုံသီးနှံ များအနက် ပဲတီစိမ်းသီးနှံက   နိုဝင်ဘာလလယ် လောက်မှစ၍ ဈေးကွက်သို့  စတင်ဝင် ရောက်လာပြီး ပဲစင်းငုံသီးနှံက  ဒီဇင် ဘာလလယ်နောက်ပိုင်းမှ   စတင်ဝင် ရောက်လာခဲ့တာကို  တွေ့ရပါတယ်။ အလားတူ  လကုန်ရက်မှာ မတ်ပဲသစ် အချို့လည်း  ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။  သို့ပေမယ့် ဈေးကွက်မှာ  အဝင်များပြီး အရောင်းအဝယ်အသွက် ဆုံး ပြည်ပဝယ်လက်ပဲကတော့ ပဲတီစိမ်း သီးနှံဖြစ်ခဲ့ကာ ပန်းတောင်း၊ ကံမ၊ ပေါင်းတလည်၊ ပေါက်ခေါင်းနှင့် ပြည် အနီးတစ်ဝိုက်မှ  တစ်ရက်အိတ် ၈၀ဝ ကျော်   နေ့စဉ်ဝင်ရောက်ခဲ့ပါတယ်။ မန္တလေးဝယ်လက်ကလည်း  ဝင်လာ သမျှ ဝယ်ယူနေကြလို့ ဈေးကွက်အတွင်း မှာ ဝယ်လိုအားရှိသလောက် အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့လည်း   သိရပါ တယ်။ အထွက်လှိုင်ချိန်ဖြစ်လို့ ယခုလို ကာလများတွင် နှစ်စဉ် အရောင်းအဝယ် သွက်လျက်ရှိပြီး  ကျန်ကာလများတွင် တော့   အရောင်းအဝယ်ပါးခဲ့ပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်း ကျပ် ၂၉၀ဝ၀ ဖြင့် ဈေးငြိမ်လျက်ရှိခဲ့ပါတယ်။
ပဲစင်းငုံသီးနှံမှာ   လလယ်မှစ၍ ဈေးကွက်အတွင်းသို့ အိတ်အနည်းငယ် စတင်ဝင်ရောက်ခဲ့ပေမယ့် လကုန်ရက် မှာတော့ ပန်းတောင်း၊ ကံမမြို့နယ်များမှ အိတ် ၄၀ ကျော်  ၅၀ ဝင်ရောက်ခဲ့ပါ တယ်။ ရန်ကုန်ဝယ်လက် ဝယ်ယူမှုရှိနေ ကြလို့ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက် ရှိကာ ပဲဈေးမှာ တစ်တင်း ကျပ်၂၇၀ဝ၀ နဲ့ ဈေးအတက်အကျ မဖြစ်သေးဘဲ ဈေး ငြိမ်ခဲ့တာကို  တွေ့ရပါတယ်။ ပဲစင်းငုံ ဈေးမှာ ယခုအချိန်ဈေးနှုန်းအရ ပဲတီ စိမ်းသီးနှံထက် တစ်တင်းလျှင်  ကျပ်နှစ် ထောင်ခန့် လျော့နည်းနေခဲ့ပါတယ်။ ယခင်နှစ်က   နှစ်ကုန်ပိုင်းမှာ ပဲစင်းငုံ သစ်ဈေးဟာ တစ်တင်း  ကျပ် ၄၉၅၀ဝ ရရှိခဲ့တဲ့အတွက်   ပဲတီစိမ်းသီးနှံထက် ဈေးပိုရခဲ့တာကို တွေ့ရပြီး  ယခင်နှစ် ပဲတီစိမ်းသီးနှံဈေးမှာ   တစ်တင်း ကျပ် ၃၆၇၀ဝ ခန့်သာရရှိနေလို့ ပဲစင်းငုံထက် ကျပ်တစ်သောင်းကျော်  လျော့နည်းခဲ့ ပါတယ်။
ပဲကြီးသီးနှံမှာ      ပဲသစ်ဝင် ရောက်ခြင်းမရှိသေးတဲ့အတွက် လက် ကျန်ပဲများနဲ့သာ   ပဲကြော်ဖိုသမားများ အဝယ်ရှိလို့အိတ် ၂၅၀ မှ ၃၀ဝအရောင်း အဝယ်ဖြစ်ခဲ့ပြီး  ပဲဈေးမှာလည်း ဈေး အတက်အကျမဖြစ်ဘဲ    ဈေးငြိမ်လျက် ရှိကာ  ပဲကြီး(ရွှေကျွန်း) တစ်တင်း ကျပ် ၂၉၀ဝ၀ ၊ (ကမ်းနား) တစ်တင်း ကျပ် ၂၆၀ဝ၀ ရရှိ ခဲ့ကြပါတယ်။ ယခင်နှစ်က ပဲဈေးအားလုံးလိုလို  ဈေးကောင်းခဲ့ကြ တဲ့အတွက် ပဲကြီးသီးနှံဈေးမှာလည်း ကျပ်သုံးသောင်းပတ်ဝန်းကျင် ရရှိနေခဲ့ ပြီး ယခုနှစ်ဈေးက  တစ်တင်းကျပ် လေး ထောင်နီးပါးလျော့နည်းကျဆင်းခဲ့တာ ကိုတွေ့ရပါတယ်။
ဘိုကိတ်နှင့်ပဲလွန်းဖြူသီးနှံများ မှာ ပဲသစ်များအဝင်ဆက်တိုက် ရှိကြ ကာ ဘိုကိတ်ပဲမှာ တစ်ရက်အိတ် ၄၀ မှ ၅၀ ကျော်ဝင်ရောက်ပြီး ပြည်- ရန်ကုန် ရထားလမ်းတစ်လျှောက်မှ လာရောက် ဝယ်ယူခဲ့ကြပါတယ်။
ဒါကြောင့်   လက်လီ၊ လက်ကား အရောင်းအဝယ်ဖြစ်ခဲ့ပြီး ပဲဈေးမှာတစ် တင်း ကျပ် ၂၇၀ဝ၀ ဖြင့်  ယခင်တစ်ပတ် ထက်    ကျပ် ၅၀ဝ ခန့် ဈေးပိုရလာပြီး ပဲလွန်းဖြူ သီးနှံမှာ ပြည်အနီးတစ်ဝိုက်နဲ့ အောင်လံ ဘက်မှ ဝင်ရောက်ခဲ့ပြီး ပဲ အဝင်သိပ်မများသေးတဲ့အတွက်  အိတ် အနည်းငယ်ဝင်ရောက်ခဲ့ကာ လက်လီ သာ အရောင်းအဝယ်ဖြစ်ခဲ့တာကို တွေ့ ရပါတယ်။  ပဲဈေးမှာ တစ်တင်း ကျပ် ၂၅၀ဝ၀ ဖြင့်  အရောင်းအဝယ်ဖြစ်ခဲ့ သလို     ထောပတ်ပဲသီးနှံမှာလည်း လက်လီသာဝယ်ယူမှုရှိပြီး ပဲဈေးနှုန်း အနေဖြင့် တစ်တင်း ကျပ် ၂၄၅၀ဝ ဖြင့် ဈေးကွက်အတွင်းမှာ ဈေးအနိမ့်ဆုံးရတဲ့ ပဲဖြစ်ခဲ့ပြီး    စားတော်ပဲသီးနှံဈေးက တော့ တစ်တင်း ၃၇၅၀ဝ ကျပ်ရရှိလို့ လက်လီ ပဲဈေးကွက်အတွင်းမှာ    ဈေး ကောင်းရခဲ့တဲ့ပဲ ဖြစ်ပါတယ်။
ခင်ဆွေဝင်း
 

Agency Ministry of Foreign Affairs
Category General