အမျိုးသားပို့ကုန် မဟာဗျူဟာ အကောင်အထည်ဖော်မှုကို အွန်လိုင်းစနစ်အသုံးပြု၍ စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်းပို့ချ

]အမျိုးသားပို့ကုန် မဟာဗျူဟာ အကောင်အထည်ဖော်မှုကို အွန်လိုင်း စနစ်အသုံးပြု၍ စီမံခန့်ခွဲခြင်းဆိုင်ရာ သင်တန်း}ကို ဒီဇင်ဘာလ ၂၂ ရက် နှင့်၂၃ ရက်တို့တွင် နေပြည်တော်၊ စီး ပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၃) တိုးချဲ့ခန်းမ တွင် ဖွင့်လှစ်ခဲ့ပါသည်။ အလားတူ သင် တန်းကို နိုဝင်ဘာလအတွင်းကNES Secretariat အဖွဲ့အား ပို့ချပေးခဲ့ပြီး ဖြစ် ပါသည်။ ထိုသိုSIMTစနစ် အသုံးပြု ခြင်းဆိုင်ရာ သင်တန်းပို့ချခြင်းကို နိုင်ငံ တကာ ကုန်သွယ်မှု ဗဟိုဌာနမှ Consultant  က ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ  သင်တန်းသို့ Aid for Trade Coordination Unit အဖွဲ့ဝင်တို့ နှင့် အမျိုးသားပို့ကုန်မဟာဗျူဟာ၏ ကဏ္ဍ ၁၁ ခုရှိ လုပ်ငန်းအဖွဲ့ဝင်များ၏ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ကိုယ် စားလှယ်၊ ကွန်ပျူတာပိုင်းဆိုင်ရာ ကျွမ်း ကျင်သူများအပါအဝင် စုစုပေါင်း သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ကြ ပါသည်။  အမျိုးသားပို့ကုန် မဟာဗျူဟာ အကောင်အထည်ဖော် စီမံခန့်ခွဲမှုတွင် လိုအပ်သည့် လုပ်ငန်းတာဝန်များကို ကူညီထောက်ပံ့ပေးနိုင်ရန် တက်ရောက် လာကြသည့် ကိုယ်စားလှယ် သင်တန်း သားများက လက်တွေ့လိုက်ပါ လေ့ကျင့် ဆောင်ရွက်ခြင်းနှင့် မရှင်းလင်းသည် များကို ဆွေးနွေးမေး မြန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။
ဤကဲ့သို့ အမျိုးသားပို့ကုန် မဟာ ဗျူဟာ အကောင်အထည်ဖော် စီမံခန့် ခွဲခြင်းလုပ်ငန်းစဉ်များအတွက် အွန်လိုင်း စနစ်အသုံးပြုပြီး ဆောင်ရွက်နိုင်သည့် ှStrategic Implementation Mana-gement Tool (SIMT) ကို တည်ထောင် ထားရှိပြီး လုပ်ငန်းများအား စဉ်ဆက် မပြတ် ဆောင်ရွက်နိုင်စေရန် ကဏ္ဍအလိုက်လုပ်ငန်းအဖွဲ့ဝင်များ၏ ကိုယ် စားလှယ်၊ ကွန်ပျူတာပိုင်းဆိုင်ရာ ကျွမ်း ကျင်သူများနှင့်Aid for Trade Coordination Unit အဖွဲ့ဝင်များကို ပို့ချပေး ခဲ့ခြင်းဖြစ်သည်။
အဆိုပါ (SIMT) စနစ်ကို အသုံး ပြုခြင်းဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်မှု စီမံကိန်းများ၏ အချက်အလက်များနှင့် အမျိုးသားပို့ကုန်မဟာဗျူဟာ အကောင် အထည်ဖော် စီမံခန့်ခွဲမှုဆိုင်ရာ တိုးတက် မှုအခြေအနေများကို လေ့လာစောင့် ကြည့်နိုင်ရေးတို့ကို အထောက်အကူ ဖြစ် စေမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏အမျိုးသားပို့ကုန် မဟာဗျူဟာကို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင် ကာ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းကာ နိုင်ငံတကာ ကုန် သွယ်မှု ဗဟိုဌာန (ITC) ၏ နည်းပညာ အကူအညီနှင့် ဦးစားပေးကဏ္ဍများ အကောင်အထည်ဖော်ခြင်းကို ဆောင် ရွက်လျက်ရှိပါသည်။


မြတ်မြတ်စိုးမိုး (Myantrade)

Agency Ministry of Foreign Affairs
Category General