အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၉) သင်တန်းဖွင့်လှစ်မည်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍရှိ စီးပွားရေး လုပ်ကိုင်သူများအား နိုင်ငံတကာနှင့် ဆက်သွယ် ဆောင်ရွက်ရာတွင် သိသင့်သိထိုက်သည့် အသိ ပညာ၊ ဗဟုသုတများ ရရှိရန်နှင့် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် ပို့ကုန်လုပ်ငန်းရှင်သစ်များ၊ ကုန်သည် စီးပွားရေး လုပ်ငန်းရှင်သစ်များကို မွေး ထုတ်ပေးနိုင်ရန်Trade Training Institute  ကို ၂၀၁၂ ခုနှစ်၊ ဧပြီလမှ စတင်ဖွင့်လှစ်ကာ နိုင်ငံ တကာ ကုန်သွယ်မှုနှင့် ပတ်သက်၍ စာတွေ့၊ လက် တွေ့များ ကျယ်ကျယ်ပြန့်ပြန့် သင်ကြားပို့ချပေး လျက် ရှိပါသည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု အခြေခံသင်တန်း အမှတ်စဉ် (၉) ကို ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင်  ဖွင့်လှစ်မည် ဖြစ်ပါသည်။
သင်တန်းတွင် ကုမ္ပဏီတစ်ခု တည်ထောင် သည်မှစ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်ခြင်း၊ ပို့ကုန် သွင်းကုန်လုပ်ငန်းများ ဆောင် ရွက်ရာတွင် ပြုလုပ်ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များ၊ နိုင်ငံတကာ ကုန်သွယ်မှု သီအိုရီနှင့် သဘောတရားများ၊ စီးပွားရေးဆိုင်ရာ ကျင့်ဝတ် များ၊ စံချိန်စံညွှန်းများ၊ ဈေးကွက်သုတေသန၊ နိုင်ငံ တကာ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများ အစရှိသည့် ဘာသာရပ်များကို စီးပွားရေး ပညာရှင်များ၊ ကုန် သွယ်မှုနှင့် ဆက်စပ်သည့် ဝန်ကြီးဌာန အသီးသီးမှ ကျွမ်းကျင်သူများနှင့် နိုင်ငံတကာမှ ကျွမ်းကျင် ပညာရှင်များက ပို့ချဆွေးနွေးမည် ဖြစ်ပါသည်။ စီးပွားရေးဆိုင်ရာ ဟောပြောပွဲများ ကျင်းပပေး ခြင်း၊ လေ့လာရေး ခရီးစဉ်များ စီစဉ်ပေးခြင်းတို့ သင်တန်းတွင် ပါဝင်မည် ဖြစ်ပါသည်။
သင်တန်းကို အမှတ် (၂၂၈-၂၄၀) ကမ်းနား လမ်း၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်မြို့ရှိ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာန (ရန်ကုန် တိုင်း ဒေသကြီးရုံး) စတုတ္ထ ထပ်ရှိ သင်တန်းခန်းမတွင် ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းကာလမှာ ရက်သတ္တတစ်ပတ်လျှင် သုံးရက် (တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ)  (နံနက် ဝ၉း၃၀ နာရီ မှ ၁၂း၃၀ နာရီထိ) ဖြင့် သုံးလခွဲ ကြာမြင့်မည် ဖြစ် ပါသည်။
သင်တန်းသား လက်ခံခြင်းကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်လက်ခံပြီး၊ သင်တန်းဖွင့်လှစ်မည့် ရက်ကို ထပ်မံအကြောင်း ကြား ပေးမည်ဖြစ်ပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။ကုန်သွယ်မှုသင်တန်းကျောင်း (ရန်ကုန်)

Agency Ministry of Foreign Affairs
Category General