ရေကြောင်းလမ်းမှ ဒီဇယ်၊ ဓာတ်ဆီ တန်ချိန် ၁၁၀ဝ၀ဝ ကျော်ဝင်

သီတင်းတစ်ပတ်ဖြစ်တဲ့ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်အထိ ပင်လယ်ရေ ကြောင်းလမ်းမှ ကန်ဒေါ်လာ၃၃၅၁၅၉၇၂တန်ဖိုးရှိ ဒီဇယ်၇၅၀၁၁ဒသမ ၇၄၁တန်နဲ့  ကန်ဒေါ်လာ၁၉၄၉၄၈၄၆တန်ဖိုးရှိဓာတ်ဆီ ၃၈၆၃၉ဒသမဝ၁၉ တန်ကို တင် သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ (၉၅) က ၁၀၂၇ ဒသမ ၃၈၇ တန်သာ ဝင်ခဲ့ပြီး (၉၂)က ၃၇၆၁၁ ဒသမ ၆၃၂ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ (၉၂)ပိုမိုတင်သွင်းခဲ့တာ တွေ့ရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်အဝင် တန်ချိန်၄၄၀ဝ၀ ကျော်နဲ့ နှိုင်းယှဉ်ရင်တန်ချိန် ၃၁၀ဝ၀ကျော်အဝင်ပိုခဲ့ပြီး ယခင်တစ်ပတ် ဓာတ်ဆီ အဝင်တန်ချိန် ၇၅၇၀ကျော်နဲ့ နှိုင်းယှဉ်ရင် တန်ချိန် ၃၁၀ဝ၀ ကျော်ပိုမိုတင်သွင်းနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်ရောဓာတ်ဆီပါ အဝင်ပိုခဲ့ပါ တယ်။
နယ်စပ်စခန်းများဖြစ်တဲ့  တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၃၇၂၂၆၃ တန်ဖိုးရှိ ဒီဇယ် ၇၇၃တန်နဲ့ကန်ဒေါ်လာ၂၃၁၅၀ဝ တန်ဖိုးရှိ ဓာတ်ဆီ ၃၉၉ တန်ကို လည်းကောင်း၊ မြိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ၁၆၀၃၉၅ တန်ဖိုးရှိ ဒီဇယ်၃၃၅တန်နဲ့ ကန်ဒေါ်လာ၃၂၅၂၉တန်ဖိုးရှိ ဓာတ်ဆီ ၅၇တန်ကိုလည်း ကောင်း တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက် တိန်း (၉၂) နဲ့ (၉၅) မှာ ဈေးနည်းနည်းမြင့်လာတယ်လို့   သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်  ၇၁၅ ကျပ်၊ အောက်တိန်း (၉၂) ကျပ် ၆၂၀ ၊ အောက်တိန်း (၉၅)  ကျပ်၇၅၀ ၊ အဆင့်မြင့်ဒီဇယ် ၆၃၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဒီဇင်ဘာ ၁၉ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၅၃၀ဝ၀၊ ရောင်းဈေး  ကျပ် ၁၅၅၀ဝ၀  နဲ့ အရောင်းအဝယ်ဖြစ်ပြီး ဒီဇင်ဘာ ၂၁ ရက်တွင် ဝယ်ဈေးကျပ်၁၀ဝ၀၊ရောင်းဈေး ၂၀ဝ၀ကျပ်ဈေးမြင့်ပြီး အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၁၉ ရက်မှာ  ဓာတ်ဆီဝယ်ဈေး  ကျပ် ၁၃၄၀ဝ၀ ၊ ရောင်းဈေး ကျပ် ၁၃၇၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ နှိုင်းယှဉ်ရင် ဒီဇယ်ဈေးမြင့်ခဲ့ပြီး ဓာတ်ဆီဈေး ငြိမ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပ လက်လီ တစ်ဂါလံဈေးများမှာ ဒီဇယ်တစ်ဂါလံ ကျပ် ၃၃၀ဝ၊ ဓာတ်ဆီတစ်ဂါလံ ကျပ်၂၉၀ဝ နဲ့အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင် ဓာတ်ဆီဈေးငြိမ်ပြီး ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်း မှာ ဈေးငြိမ်ခဲ့တယ်လို့သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချ နေတဲ့ တစ်လီတာဈေးနှုန်းများမှာ ဓာတ်ဆီတစ်လီတာ ၆၄၅ကျပ်၊ ဒီဇယ်  ကျပ်၆၇၀ အဆင့် မြင့် ဒီဇယ် ကျပ် ၇၁၀၊ အောက်တိန်း (၉၂) ကျပ် ၇၁၀နဲ့ ရောင်းချနေပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ ဒီဇင်ဘာ၁၉ရက် မှာ ဒီဇယ်ဝယ်ဈေး ကျပ်၁၅၉၀ဝ၀၊ ရောင်းဈေး  ကျပ် ၁၆၂၀ဝ၀နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ရာ  ဒီဇင်ဘာ ၂၁ ရက်တွင်ဝယ်ဈေး ကျပ် ၁၀ဝ၀ ဈေးကျခဲ့သော်လည်း ရောင်း ဈေး ယခင်ဈေးအတိုင်း  အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေး မှာ ဒီဇင်ဘာ ၁၉ ရက်တွင် ဝယ်ဈေး  ကျပ် ၁၃၅၀ဝ၀၊ ရောင်းဈေးကျပ် ၁၃၈၀ဝ၀ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီ ဆိုင်များတွင် တစ်ဂါလံ ဈေးမှာ ဒီဇယ် ကျပ်၃၄၀ဝ၊ ဓာတ်ဆီ ကျပ်၂၉၀ဝ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ်ဓာတ်ဆီ၊ ဒီဇယ်နဲ့အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့  သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလန် ဈေးများမှာ ဓာတ်ဆီ  ကျပ်၃၂၀ဝ၊ ဒီဇယ် ၃၁၉၅ကျပ် ၊ အောက်တိန်း   ကျပ်၃၂၄၀ နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလံ ကျပ်၃၂၀ဝ၊ ဒီဇယ်တစ်ဂါလံ ကျပ် ၃၂၀ဝ၊ အောက်တိန်း တစ်ဂါလံ ၃၂၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။                                         

Agency Ministry of Foreign Affairs
Category General