စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရေချို ငါးမြစ်ချင်းပိုမိုတင်ပို့

စစ်တွေကုန်သွယ်ရေးစခန်းအနေဖြင့် ဒီဇင်ဘာ ၃ ရက်မှ ၉ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ဝ၉၇ သန်းတန်ဖိုးရှိ ရေချိုငါးမြစ်ချင်း ၈ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၇ တန်သာ တင်ပို့ခဲ့တာမို့ ယခုတစ်ပတ်မှာ ၁ တန်ခွဲ ပိုမိုတင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ရေချိုငါးမြစ်ချင်းအပြင် အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၄ သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၉ တန်၊ အမေရိ ကန်ဒေါ်လာ သုညဒသမ ဝ၀၈ သန်း တန်ဖိုးရှိ ငါးစုံလေးခြောက် ၁ ဒသမ ၃ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၈ သန်းတန်ဖိုုးရှိ ငါးခေါင်းပွ ၅ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၃ သန်းတန်ဖိုးရှိ နနွင်းတက် ၂ တန်၊ အမေရိကန် ဒေါ်လာ သုညဒသမ ဝ၀၅ သန်းတန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၃ တန်ခွဲနဲ့ အမေရိကန် ဒေါ်လာ သုညဒသမ ဝ၃၆ သန်းတန်ဖိုးရှိ မန်ကျည်းစေ့ ၊ ဆီးယိုထုပ်၊ ဆီးဖက်၊ သစ်ခေါက်တို့ကို စုစုပေါင်း ၂၅၆ တန် တင်ပို့ခဲ့တယ်လို့ သတင်းရရှိပါတယ်။     
ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General