ကန်ပိုက်တီးရော၊ လွယ်ဂျယ်မှပါ တစ်သျှူးငှက်ပျောတင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ ကန်ပိုက်တီးနဲ့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်း
မှ ဒီဇင်ဘာ ၃ရက်မှ ၉ရက် အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၁၇၂၈၂၈၂ တန်ဖိုးရှိ တစ်သျှူးငှက်ပျော ၅၅၉၄ တန်ခွဲ တင်ပို့ခဲ့ပါတယ်။ စခန်းအလိုက် တင်ပို့ခဲ့တာကတော့ ကန်ပိုက်တီးမှ တန် ၅၅၀ဝ နဲ့ လွယ်ဂျယ်မှ ၉၄ တန် ဖြစ်ပါတယ်။
ယခင်သီတင်းပတ်က ကန်ပိုက်တီးမှ တန်ချိန် ၁၃၅၀ သာ တင်ပို့ခဲ့လို့ ယခု တစ်ပတ် ၄၁၅၀ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး လွယ်ဂျယ်မှ ယခင်တစ်ပတ်က တင်ပို့မှု မရှိခဲ့ပါဘူး။
ကန်ပိုက်တီးမှာ တစ်သျှူးငှက်ပျော တစ်တန်ကို လိုင်စင်ဈေး အမေရိကန် ဒေါ်လာ ၃၀၇-၃၀၉ ခန့်ရှိပြီး၊ လွယ်ဂျယ်မှာတော့ တစ်တန်ကို အမေရိကန် ဒေါ်လာ ၄၀ဝ ရှိတယ်လို့ သိရပါတယ်။
မော်မော်အောင်
 

Agency Ministry of Foreign Affairs
Category General