နိုဝင်ဘာတွင် ရိဒ်ကုန်သွယ်ရေးစခန်းမှ ယခင်နှစ်ကာလတူထက်ကုန်သွယ်မှုလေးဆကျော် မြင့်တက်

ရိဒ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလအတွင်း ကုန်သွယ်ဆောင်ရွက်နိုင်မှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၆၉ သန်း ဆောင်ရွက်နိုင်သဖြင့် လျာထားချက်၏ ၈၉ ရာခိုင်နှုန်းကိုသာ ဆောင်ရွက်နိုင်ခဲ့သော်လည်း ယခင်နှစ် ကာလတူက ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၅၉ သန်းသာ ရရှိခဲ့သဖြင့် ကာလတူခြင်း နှိုင်းယှဉ်ပါက ယခုနှစ်မှာ ကုန်သွယ်မှုပမာဏ လေးဆကျော် မြင့်တက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ရိဒ်ကုန်သွယ်ရေးစခန်းမှ သိရ ပါတယ်။
ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ပိုမိုရခြင်းမှာ ပို့ကုန်ပိုင်းတွင် ဆေးရိုး၊ ဆေးရွက်ကြီးမှုန့်၊ မုန့်မျိုးစုံ တင်ပို့မှု လျော့နည်းခဲ့သော်လည်း လယ်ယာထွက်ကုန်ပစ္စည်းများ ဖြစ်တဲ့ ကွမ်းသီး၊ စက်မှုကုန်ချောပစ္စည်းများဖြစ်တဲ့ စီးကရက်၊ ပလပ်စတစ်အိတ်၊ အခြားစက်မှု ကုန်ချောပစ္စည်းများ ဖြစ်တဲ့ စောင်၊ မဝတ်တီရှပ်၊ မစီးဖိနပ်တို့ ပိုမိုတင်ပို့ခဲ့တဲ့အတွက် ကာလတူ ထက် ပို့ကုန်ဆောင်ရွက်နိုင်မှု ပိုမိုခဲ့တာ ဖြစ်ပါတယ်။ သွင်းကုန်ပိုင်းတွင်လည်း ဓါတ်မြေသြဇာ (ပုလဲ)၊ (ပိုတက်)၊ လူသားဆံပင်၊ နိုင်လွန်ချည် တို့ကို ပိုမိုတင်သွင်းခဲ့သဖြင့် ယခင် နှစ်ကာလတူထက် ကုန်သွယ်မှု လေးဆကျော် ပိုမိုရခြင်း ဖြစ် တယ်လို့ သိရပါတယ်။
ရိဒ်ကုန်သွယ်ရေးစခန်းမှ နိုဝင်ဘာလတွင် ITC ကတ် ဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၅ သန်း တန်ဖိုးရှိ နိုင်လွန်ချည် ၁၃တန်ခွဲကို တင်သွင်းနိုင်တဲ့အပြင် လိုင်စင်မလို ဘဲ ဆောင်ရွက်နိုင်တဲ့ ပို့ကုန်ပစ္စည်းများဖြစ်တဲ့ ကွမ်းသီး၊ ဆေးရိုး၊ ဆေးရွက်ကြီးမှုန့်တို့ကို အမေရိကန်ဒေါ်လာ ၂ဒသမ ဝ၀၉ သန်း တန်ဖိုးရှိ ကွမ်းသီး၊ ဆေးရိုး၊ ဆေးရွက်ကြီးမှုန့်တို့ကို တန်ချိန်အားဖြင့် ၂၅၉၄ ခန့် တင်ပို့နိုင်ပြီး အမေရိကန်ဒေါ်လာ သုည ဒသမ ဝ၄၁ သန်း တန်ဖိုးရှိ နိုင်လွန်ချည် ၃၇ ဒသမ ၈ တန်ခန့် ကို တင်သွင်းခဲ့တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသ

Agency Ministry of Foreign Affairs
Category General