မုံရွာကုန်စည်ဒိုင် ဒီဇင်ဘာဒုတိယပတ် ပဲမျိုးစုံဈေးကွက် ကုလားပဲမျိုးစုံ ဈေးအမြင့်ဆုံးဖြစ်

ဒီဇင်ဘာ ဒုတိယပတ်ရဲ့ မုံရွာကုန်စည်ဒိုင် ပဲမျိုးစုံ ဈေး ကွက်မှာ  ဒေသတွင်းသုံးပဲများအနက် ကုလားပဲမျိုးစုံဟာ ဈေးနှုန်းအမြင့်ဆုံးဖြစ်ပြီး  ဒေသတွင်းဝယ်လက် အဆွဲ ရှိလို့ တစ်ရက်အိတ် ၂၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိ ကြောင်းသိရပါတယ်။ ယခုတစ်ပတ်ကုလားပဲမျိုးစုံ တစ်တင်း ဈေးနှုန်းများမှာ ကုလားဖြူလုံးကြီး ဠ၂ ကျပ် ၅၅၀ဝ၀၊ ၉၂၉ ကျပ် ၅၄၀ဝ၀၊ ထိုင်ဝမ် ကျပ် ၅၆၅၀ဝ အသီးသီးပေါက်ခဲ့ပါ တယ်။ ပြည်ပဝယ်လက်ပဲများဖြစ်တဲ့ မတ်ပဲ၊ ပဲစင်းငုံသီးနှံဈေး ကွက်မှာ မတ်ပဲ(အထွက်တိုး) ပဲသစ်တစ်တင်း ကျပ် ၂၉၀ဝ၀၊ (ကုန်း)ပဲ အသစ် ကျပ် ၃၆၀ဝ၀ ဖြစ်ပြီး ငုံနီတစ်တင်း ကျပ် ၂၇၅၀ဝ နဲ့ဈေးငြိမ်နေတာတွေ့ရပါတယ်။
ပဲတီစိမ်းသီးနှံကတော့ ယခုတစ်ပတ်အတွင်းအရောင်း အဝယ်သွက်နေကြောင်း သိရပါတယ်။ ပဲတီစိမ်း (ကြီး) တစ် တင်းကျပ် ၂၆၅၀ဝ၊ (သေး) တစ်တင်းကျပ် ၂၄၅၀ဝ ဈေး ပေါက်ပြီး တစ်ရက်အိတ် ၃၀ဝ ခန့်အရောင်းအဝယ်ဖြစ် လျက်ရှိပါတယ်။
စွန်တာနီပဲတစ်တင်း ကျပ် ၁၆၅၀ဝ၊ မလွမ်းပိုပဲတစ်တင်း ကျပ် ၂၁၀ဝ၀၊ ထောပတ်ပဲတစ်တင်း ကျပ် ၁၃၅၀ဝ၊ ပုဂံပဲ တစ်တင်းကျပ် ၂၇၀ဝ၀၊ ပဲယင်းတစ်တင်း ကျပ် ၁၆၅၀ဝ၊ စားတော်ပဲတစ်တင်းကျပ် ၂၈၀ဝ၀၊ မြေထောက်ပဲတစ်တင်း ကျပ် ၂၆၀ဝ၀၊ ပဲဖြူလေးတစ်တင်း ကျပ် ၁၆၅၀ဝ၊ ပဲလွန်းပြာ တစ်တင်းကျပ် ၂၆၀ဝ၀၊ အသီးသီးဈေးငြိမ်ပြီး လက်လီအနေ နဲ့ တစ်ရက် အိတ် ၁၀ဝ ခန့် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပဲကြီးဈေး ကွက်မှာလည်း ဒေသတွင်းဝယ်လက် အဆွဲရှိလို့ အရောင်းအဝယ် သွက်ခဲ့ပါတယ်။ ဈေးနှုန်းမှာ တစ်တင်းကျပ် ၃၀ဝ၀ဝ နဲ့ တစ်ရက်အိတ် ၂၀ဝ-၃၀ဝ ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရပါတယ်။
ဆီထွက်သီးနှံဈေးကွက်မှာ မြေပဲလုံးဆန်ဈေးအနည်း ငယ်မြင့်တက်ပြီး ဝယ်လက်အဆွဲရှိလို့ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရပါတယ်။ ယခုတစ်ပတ် မြေပဲလုံးဆန် တစ်ပိဿာဈေးနှုန်းမှာ လုံးဆန်ဖြူ ကျပ် ၂၅၅၀၊ ဆီဆန်ဖြူ ကျပ်၂၀ဝ၀၊လုံးဆန်နီ ကျပ်၂၅၀ဝဖြစ်ပြီး နေ့စဉ်အိတ် ၁၀ဝ၀-၁၂၀ဝခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။နှမ်းမျိုးစုံ ဈေးကွက် မှာနှမ်းဖြူတစ်ပိဿာ ကျပ် ၂၁၀ဝ၊ နှမ်းညို တစ်ပိဿာ ကျပ် ၁၅၄၀၊ နှမ်းနက်တစ်ပိဿာ ကျပ်၃၁၄၀ အသီးသီးနဲ့ ဈေးငြိမ် လျက် နှမ်းမျိုးစုံ နေ့စဉ်အိတ် ၅၀ဝခန့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ကုန်စည်ဒိုင်သတင်းရပ်ကွက်မှသိရပါတယ်။
ကြည်ကြည်နွယ်(မုံရွာ)

Agency Ministry of Foreign Affairs
Category General