ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဈေးကွက်သစ် အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်ကွဲတန် ၅၀ဝ၀ တင်ပို့

မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ဒီဇင်ဘာ ၃ရက်မှ ၉ရက်အထိ သီတင်းတစ်ပတ်အတွင်း အမေ ရိကန်ဒေါ်လာ  ၈ဒသမ ၄၂၆ သန်း တန်ဖိုးရှိ ဆန် ၂၅၂၈၂ တန် ကျော်ကို တစ်ဖက်တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ  မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၁၄၆၁ တန်နဲ့ ဧည့် မထဆန် ၁၃၃၀၄ တန်ကျော်၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ  ငစိန်ဆန် ၁၆၃တန်ကျော်နဲ့ ဧည့်မထဆန် ၁၆၄ တန် ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၀၁၈၉ တန်ကျော် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၂၂၅၆၃ တန် သာ တင်ပို့ခဲ့တဲ့အတွက်   ယခုတစ်ပတ်မှာ ၂၇၁၉ တန် ပိုမို တင်ပို့နိုင်ကြောင်းသိရပါတယ်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှ ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၆၃၂သန်း   တန်ဖိုးရှိ ဆန်ကွဲ ၂၂၈၁ တန်  တင်ပို့ခဲ့ရာ မူဆယ် မှတန် ၁၅၀ဝ နဲ့ လွယ်ဂျယ်မှ ၇၈၁ တန် တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၀၃၁တန်သာ တင်ပို့ခဲ့တာကြောင့်  ယခု တစ်ပတ်မှာ  တန် ၁၂၅၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ကုန်သွယ် ရေးစခန်းများမှ ယခုတစ်ပတ်မှာ  ဆန်ရော ဆန်ကွဲပါ  ပိုမို တင်ပို့နိုင်တာ တွေ့ရပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ  ဒီဇင်ဘာ ၄ရက်မှ ၁၀ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၃၆ သန်း တန်ဖိုးရှိ ဆန်ဖြူနဲ့ ပေါင်းဆန် ၅၆၈၁ တန်ကို အာရှ နဲ့ အီးယူနိုင်ငံများကို တင်ပို့ခဲ့ပါတယ်။ အာရှနိုင်ငံများထဲတွင် တရုတ်နိုင်ငံသို့ ငစိန်ဆန် ၇၅တန်၊ ဂျပန်နိုင်ငံသို့ ဧည့်မထဆန် ၁၄တန်၊ အာဖဂန်နစ္စတန် နိုင်ငံသို့ ဧည့်မထဆန် တန် ၂၇၅၀၊ တရုတ်နိုင်ငံသို့   ဧည့်မထဆန် တန် ၁၀ဝ၀၊ ရုရှားနိုင်ငံသို့ ဧည့်မထဆန် တန် ၃၀ဝ၊ အီးယူနိုင်ငံများသို့ ပေါင်းဆန် ၆၇၅ တန်၊ ဧည့်မထဆန် ၇၆၇တန်နဲ့ ဇီယာဆန် တန်၁၀ဝ တင်ပို့ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ၁၄၁၁ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ တန် ၄၂၇၀ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ယခုတစ်ပတ်မှာ   ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၂ဒသမ ၉၉၂ သန်း တန်ဖိုးရှိ ဆန်ကွဲတန် ၁၁၀ဝ၀ ကို အီးယူနိုင်ငံများသို့ တန် ၅၅၀ဝ၊ ကနေဒါ နိုင်ငံသို့ တန်၅၀ဝနဲ့ အိုင်ဗရီကို့စ်နိုင်ငံသို့ တန် ၅၀ဝ၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တန်၁၈၅၀သာ တင်ပို့ခဲ့တဲ့အတွက် ယခု တစ်ပတ်မှာ တန် ၉၁၅၀ ပိုမိုတင်ပို့နိုင်တာ   တွေ့ရပါတယ်။ ယခုတစ်ပတ်မှာ ဈေးကွက်သစ်အဖြစ်    အိုင်ဗရီကို့စ်နိုင်ငံသို့ ဆန်ကွဲ တင်ပို့နိုင်ခဲ့တဲ့အတွက် ပြည်ပတင်ပို့မှု ပိုမိုရခြင်းဖြစ်ပါ တယ်။        
ယဉ်ယဉ်အေး

Agency Ministry of Foreign Affairs
Category General