ဒီဇင်ဘာလလယ်ပြည်ပဲမျိုးစုံဈေးကွက်မှာ မတ်ပဲ၊ ပဲစင်းငုံ၊ ပြည်ပဝယ်လက် ပဲသီးနှံများ အကျဈေးနှင့်ဈေးဆက်ငြိမ်နေပြီး ပဲကြီး၊ ဘိုကိတ်၊ ပဲလွန်းဖြူ သီးနှံများ ဈေးအနည်းငယ်ပိုရ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲမျိုးစုံဈေးကွက်မှာ ဒီဇင်ဘာ လလယ်တွင် ပြည်ပဝယ်လက်ပဲဈေးအားလုံးလိုလို ဈေးငြိမ်နေ ပြီး၊ ကုလားပဲသီးနှံဈေးမြင့်တက်လာခဲ့ကာ  ပဲကြီး၊ ဘိုကိတ်၊         ပဲလွန်းဖြူသီးနှံများကလည်း ဈေးအနည်းငယ်စီမြင့်တက်လာ ခဲ့တာကို တွေ့ရပါတယ်။ မတ်ပဲသီးနှံမှာ  ပဲအဝင်မရှိဘဲ တစ်ခါ တစ်ရံမှသာ လက်ကျန်ပဲများ အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ရန်ကုန်ဝယ်လက်ဝယ်ယူမှုရှိသော်လည်း  ပဲဈေးနှုန်းများ လျော့ နည်းလာခဲ့လို့ ပဲဝယ်လက်ရှိ လှောင်လက်များနှင့်တောင်သူ အချို့လည်း ပဲများထုတ်ရောင်းချမှုနည်းခဲ့တဲ့အတွက် အိတ် ၅၀ နှင့် ၁၀ဝ ခန့်လောက်သာ ရက်ခြား ရောင်းချ ခဲ့ကြရပါတယ်။ ပဲဈေးနှုန်းမှာ တစ်တင်းကျပ် ၃၄၅၀ဝ ဖြင့် အကျဈေးအတိုင်း ဈေးဆက်ငြိမ်နေကာ   မျိုးပဲသမားအချို့ကသာ ဝယ်ယူတဲ့ အတွက် မျိုးပဲဈေးအနေဖြင့်  တစ်တင်းကျပ် ၄၀ဝ၀ဝ ဖြင့် ရောင်းချခဲ့ကြောင်း သိရပါတယ်။ ယခင်နှစ်က ဒီဇင်ဘာလကုန် မှာ ပဲဈေးနှုန်းများ   ဈေးကောင်းရခဲ့လို့ ပဲလက်ကျန်မရှိသ လောက်ဖြစ်အောင် အရောင်းအဝယ်ဖြစ်ခဲ့ကြပါတယ်။ ယခင် နှစ်က မတ်ပဲဈေးနှုန်းဟာ  နှစ်ကုန်မှာ တစ်တင်းကျပ် ခုနစ် သောင်းကျော်အထိ ရရှိခဲ့တဲ့အတွက် ယခုနှစ်ပဲဈေးနှုန်းကတော့ ယခင် နှစ်ရဲ့ထက်ဝက်ခန့်သာ ရရှိခဲ့သလို အရောင်းအဝယ်ဖြစ်မှု အနေဖြင့်  ဝယ်လိုအားရှိသော်လည်း ရောင်းချသူနည်းလို့ အရောင်းအဝယ်အေးခဲ့တာကိုလည်း တွေ့ရပါတယ်။
ပဲစင်းငုံသီးနှံမှာ လက်ကျန်လည်း  နည်းလာတဲ့အတွက် အရောင်းအဝယ်သိပ်မဖြစ်ခဲ့ဘဲ တစ်ခါတစ်ရံအိတ်အနည်းငယ် ရောင်းဝယ်ခဲ့ရပြီး ပဲဈေးနှုန်းတစ်တင်းကျပ် ၂၇၀ဝ၀ နဲ့ ဈေးငြိမ် နေကြောင်းသိရပါတယ်။ မတ်ပဲနှင့်ပဲစင်းငုံသီးနှံတွေက အကျ ဘက်ကို ဦးတည်နေတာကြောင့် ယခုနှစ်ဒီဇင်ဘာလလယ်မှာ လည်း ၎င်းင်းပဲနှစ်မျိုးစလုံး အကျဈေးအတိုင်းဆက်လက်အရောင်း အဝယ်ဖြစ်ခဲ့ပါတယ်။ ဒီဇင်ဘာလကုန်ပတ်မှာ   ပဲသစ်များ ဝင်ရောက်ခဲ့တဲ့အတွက်    ပဲဈေးနှုန်းလည်း   တစ်တင်းကျပ် ငါးသောင်းခန့်ဈေးစဖွင့်  အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် ယခုနှစ်မှာ ပဲဟောင်းဈေးမကောင်းခဲ့ပေမယ့် ပဲသစ်ဈေးဖွင့် ချိန်မှာ ဈေးကောင်းမလားဆိုတာကို  စောင့်ကြည့်ရမှာဖြစ်ပါ တယ်။
ပြည်တွင်းပဲဈေးကွက်မှာတော့  ကုလားပဲဈေးမြင့်တက် ခဲ့ပြီး ပဲကြီးဈေးနှုန်းမှာလည်း အနည်းငယ်မြင့်တက်လာလို့ (ရွှေကျွန်း) တစ်တင်း ကျပ် ၂၈၀ဝ၀၊ (ကမ်းနား) တစ်တင်း ကျပ် ၂၄၅၀ဝဖြင့် ယခင်တစ်ပတ်ထက် တစ်တင်းကျပ် တစ်ထောင် ခန့်စီမြင့်တက်ခဲ့ပါတယ်။    ပဲကြော်ဖိုသမားများ  ဝယ်ယူမှုရှိ သော်လည်း နေ့စဉ်အရောင်းအဝယ်မဖြစ်ခဲ့ဘဲ ရက်ခြားသာ ပဲကြီး(ကမ်းနား) ရော (ရွှေကျွန်း)ပါ အိတ် ၁၀ဝ မှ ၁၅၀ ကျော် ခန့်စီ ရောင်းချခဲ့ကြရကြောင်းသိရှိရပါတယ်။
ဘိုကိတ်နဲ့ပဲလွန်းဖြူသစ်များလည်း   ပဲအဝင်ဆက်ရှိနေ လို့ ပန်းတောင်း၊ မင်းတုန်း၊ ကံမဘက်မှ ဝင်ရောက်လျက်ရှိကာ ပြည်- ရန်ကုန် ရထားလမ်းတစ်လျှောက် မြို့နယ်အချို့မှ လာ ရောက်ဝယ်ယူတဲ့အတွက် အိတ် ၄၀ ကျော် ၅၀ ခန့်စီ ရောင်းချ ခဲ့ကြရကာ  ပဲဈေးနှုန်းမှာ ဘိုကိတ်ပဲ တစ်တင်း ကျပ် ၂၆၀ဝ၀၊ ပဲလွန်းဖြူသစ်တစ်တင်း ကျပ် ၂၂၅၀ဝ ဖြင့် ယခင်တစ်ပတ်က ထက် ဈေးအနည်းငယ် ပိုလာတာကိုလည်း တွေ့ရပါတယ်။ ထောပတ်ပဲသီးနှံကတော့  ပဲလက်ကျန်သာ လက်လီဝယ်ယူ မှုရှိလို့ တစ်တင်း ကျပ် ၁၄၅၀ဝ ဖြင့် အိတ်အနည်းငယ် ရောင်းချ ရသလို စားတော်ပဲသီးနှံမှာလည်း ပဲဈေးလျော့သွားခဲ့လို့ တစ် တင်းကျပ် ၃၆၅၀ဝဖြင့်သာ လက်လီရောင်းဝယ်မှု ရှိခဲ့ကြတယ် လို့သိရပါတယ်။
ဒါကြောင့်   ပြည်ပဲမျိုးစုံဈေးကွက်မှာ  ယခုတစ်ပတ် အတွင်း မတ်ပဲ၊  ပဲစင်းငုံ၊ ပဲကြီးစသည့်သီးနှံများ ရက်ခြားရောင်း ဝယ်ခဲ့ကြပြီး ပဲလွန်းဖြူ၊ ဘိုကိတ်ပဲသစ်များ နေ့စဉ် အရောင်း အဝယ်ဖြစ်ခဲ့ကြကာ စားတော်ပဲနှင့်  ထောပတ်ပဲ သီးနှံများမှာ ပဲဟောင်းလက်ကျန်များဖြင့်  လက်လီအနည်းငယ်စီ ရောင်းချမှု များရှိခဲ့ကြကြောင်း လေ့လာသိရှိရပါတယ်။
ခင်ဆွေဝင်း

Agency Ministry of Foreign Affairs
Category General