ဈေးမြင့်ပြီး ဈေးကွက်အေးနေတဲ့ရန်ကုန်ကားဈေးကွက်

ယခုရက်သတ္တပတ် ဒီဇင်ဘာ ပထမပတ်နှင့် လလယ် မရောက်ခင်ကာလအခြေအနေမှာ ရန်ကုန်ကားဈေးကွက် အတွင်း ကားဈေးတန်းများ ပိုမိုမြင့်တက်လာသော်လည်း အရောင်းအဝယ်နည်းပါးနေပြီး ယခင်ကဲ့သို့ ဈေးတန်းအမေးပင် မရှိတော့ကြောင်း သိရသည်။
နိုဝင်ဘာလကုန်ပိုင်းခန့်က ထွက်ပေါ်လာခဲ့သော ၂၀၁၇ ခုနှစ်အတွင်းတငသ် ငွ ်း ရမညက့် ား မောဒ် ယလ် ် ခနု စှ ်အပငို ်းအခြားနငှ ့်အခြားစည်းကမ်းသတမ် တှ ်ချက်များ ထွက်ပေါ်လာသဖြင့် ကားလောကတွင် ရန်ကုန်နှင့်မန္တလေး ဈေးကွက်
အတွင်း အဓိကအားဖြင့် သက်ရောက်မှုများရှိခဲ့ပြီး ကားလေးများ ဈေးတန်း ၁၀ သိန်း၊ပ၍ို ကောင်း ပါက ၁၅ သနိ ်း ခန ့် ခနု တ် ကသ် ွာ းပြီး စလစေ် ဈးများလည်း မြငတ့် ကက် ာစလစ်ကပ်ကားများ ဈေးတန်းပိုခေါ်ထားသော်လည်း အရောင်းအဝယ်မဖြစ်ကြောင်းသိရသည်။
အဓိကအားဖြင့် မူဝါဒချမှတ်ပြီးနောက်ပိုင်းရက်များတွင် နဂိုအခြေအနေမှာပင် တက်ရိပ်ပြနေသောစလစ်ဈေးတန်းမှာတစ်ရှိန်ထိုးတက်သွားပြီး ၁၂၀ ခန့်နီးပါး ဖြစ်ပေါ်လာခဲ့ကာ သက်ဆိုင်ရာမှ ပြန်လည်၍ ]] ကွန်ဆိုင်းမန့်}} ကားများသက်တမ်းတိုးပေးခြင်း၊ ၉၇ ခုနှစ်မော်ဒယ်လ် အား ၂၀၁၇ ခုနှစ်တွင် အပ်နှံခွင့်ပေးမည်ဖြစ်ခြင်းတို့ကြောင့် စလစ်ဈေးတန်းပြန်ကျကာ အမည်ပေါက်စလစ် တစ်စောင်၁၁၅ သိန်း၊ ၁၁၆ သိန်းခန့်တွင်တန့်နေကြောင်း၊စလစ်ဈေးတန်း၏အခြေခံဖြစ်သောနှစ်(၂၀)အပ်ကားများမှာလည်း၁၀၈သိန်း၊၁၀၉သိန်းအထိပင်ဖြစ်ပေါ်လာ၍စလစ်အပ်နှံနေရဆဲဖြစ်သည့်မူဝါဒအားပြန်လည်အဖြေရှာသင့်ပြီဖြစ်ကြောင်း
ဝါရင့်ယာဉ်ဝယ်ရောင်း ကိုမြင့်ကျော်တို့အဖွဲ့မှ ပြောသည်။လတ်တလော ဖြစ်ပေါ်နေသည့် ကားဈေးကွက် အခြေအနေမှာ ရန်ကုန် လိုင်စင်
ဖရီးပါမစ်ကားများ ဈေးမာလာမှုနှင့် အတူ အဝယ်ရှိသော်လည်း လက်ထဲကိုင်ထားသူများ ချက်ခြင်းမရောင်းနိုင်သေးသည့် အခြေအနေအား တွေ့မြင်နေရပြီး ဒေါ်လာအတက်စိပ်လာမှု၊ ပြည်ပဂျပန်ကားရပ်ဝန်းမှလည်း မြန်မာပြည်ကြိုက်ကားများဈေးမြင့်တက်ရောင်းချနေမှုများ ကြောင့် ကားလေးများ ဈေးကွက်မှာ ဈေးတက်ဖို့သာရှိ ကြောင်းနှင့်စလစ်ကပ်ကားများမှာစလစ်ဈေးမြင့်တက်နေမှုကြောင့်အဝယ်အေးနေသော်လည်း မော်ဒယ်လ်ခုနှစ် ကန့်သတ်ချက်များကြောင့် စလစ်ဈေးတန်းပြန်ကျခဲ့လျှင်သော်မှ လူသုံးများဖိုးဝှီးလ် ဝက်ဂွန်စလစ်ကပ်ကားများယခင်ဈေးသို့ မရောက်နိုင်ကြောင်း ၎င်းတို့က ပြောသည်။

Agency Ministry of Foreign Affairs
Category General