နိုဝင်ဘာလအတွင်း တမူးကုန်သွယ်ရေးစခန်း၏ ကုန်သွယ်မှုလျော့ကျ

တမူးကုန်သွယ်ရေးစခန်း၏ နိုဝင်ဘာလအတွင်း ပို့ကုန်လုပ်ငန်း ဆောင်ရွက်နိုင်မှုမှာ ပို့ကုန်အမေရိကန်ဒေါ် လာ သုညဒသမ ၆၈၂ သန်းဖြစ်ပြီး
သွင်းကုန်ဆောင်ရွက်နိုင် မှုမှာ အမေရိကန်ဒေါ်လာသုညဒသမ ၂၂၂ သန်းဖြစ်တဲ့ အတွက် ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သုည ဒသမ ၉၀၄သန်းဆောင်ရွက်နိုင်ခဲ့ပါတယ်။ အောက်တိုဘာလနဲ့ နှိုင်းယှဉ် ပါက ပို့ကုန်ပိုင်းတွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၁၅၅ သန်းနဲ့ သွင်းကုန်ပိုင်းတွင်အမေရိကန်ဒေါ်လာ သုညဒသမ ၃၂၃ သန်းလျော့နည်းခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာ ၃ ဒသမ ၄၇၈ သန်း လျော့ကျခဲ့တယ်လို့ သိရပါတယ်။တမူးကုန်သွယ်ရေးစခန်းတွင် ကုန်သွယ်မှုကျဆင်း ရ ခြင်းမှာ ပို့ကုန်ပိုင်းတွင် ကွမ်းသီး၊ ပဲပုပ်
စေ့၊ ငါးလေးခြောက်၊ စီးကရက်၊ ဃဏြ ဖိနပ်၊နန့်ဖာလုံကုန်စုံတို့ တင်ပို့မှု လျော့နည်းခဲ့ပြီး သွင်းကုန်ပိုင်းတွင် အဓိက သွင်းကုန်ပစ္စည်းဖြစ်တဲ့
မော်တော်ဆိုင်ကယ်လျော့နည်းတင်သွင်းခဲ့တဲ့အပြင်ပလပ်စတစ်ရေလှောင်ကန်၊ ဂျုံမှုန့်၊ ဟင်းရိုင်း(ဖြူ၊ နီ)၊ တောင်လုံး ကျော်၊ ရှိန်းခို၊ ချွတ်ဆေးမှုန့်များ၊စားတော်ပဲ၊ ပဲရာဇာ၊ ဒူးစွပ်၊ ဖနောင့်စွပ်၊ အနာကပ်ပလာစတာ၊ စပျစ်သီးခြောက်နဲ့ အနားလုံးစက်တို့တင်သွင်းနိုင်မှု မရှိခြင်းကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ကုန်သွယ်မှု ကျဆင်းရခြင်းရဲ့ အဓိကအချက်နှစ်ချက်မှာ မိုရေးအကောက်ခွန်ဌာနမှ ကွမ်းသီး
တင်သွင်းလျှင် ဃကျအသျာ ီကအပ ၄၀ ရာခိုင်နှုန်းကောက်ခံပါက အိန္ဒိယ ကုန်သည်လုပ်ငန်းရှင်များက အရှုံးပေါ်နိုင်၍ လုပ်ငန်းများ လုပ်ကိုင်ရန်ရပ်ဆိုင်းနေခြင်းနဲ့ နိုဝင်ဘာလ ၈ ရက်နေ့မှစပြီးအိန္ဒိယဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံတွင် ငွေမည်းများ ဖောင်းပွနေမှု၊ ခြစားမှုများကြီးစိုးနေမှုကိုတိုက်ဖျက်ရန် ရူပီး ၅၀ဝ/ ၁၀ဝဝ တန်ငွေစက္ကူများအား တရားမဝင်ငွေအဖြစ် ရုတ်တရက် ကြေငြာလိုက်ခြင်းကြောင့် နယ်စပ်နေလုပ်ငန်းလုပ်ကိုင်နေသူများ ဖြစေ် သာ နစှ န် ငို င် ံကနု သ် ညလ် ပု င် န်း ရငှ ်များနှင့် နန့်ဖာလုံဈေးအတွင်း ရောင်းဝယ်ဖောက်
ကားနေကြသောဆိုင်ရှင်များမှအစ အိန္ဒိယငွေကြေးဖြင့် ရောင်းဝယ်ဖောက်ကားရန် အကျပ်အတည်းဖြစ်ပေါ်နေခြင်းကြောင့် ဖြစ်တယ်လို့ သတင်းရရှိပါတယ်။
ခင်မိုးသူ

Agency Ministry of Foreign Affairs
Category General