ပြည်ပဲမျိုးစုံ ဈေးကွက်မှာ ဒီဇင်ဘာလဆန်းရက်မှစ၍ မတ်ပဲ၊ ပဲစင်းငုံဈေးဆက်လျော့ကျခဲ့ပြီး ပဲတီစိမ်း ဈေးငြိမ်ကာ အရောင်းအဝယ်သွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီးပြည်ပဲမျိုးစုံဈေးကွက်မှာနှစ်ကုန်ပိုင်းတွင်ပြည်ပဝယ်လက်ပဲများဖြစ်တဲ့မတ်ပဲ၊ပဲစင်းငုံသီးနှံများဈေးဆက်လက်ကျဆင်းနေသလို ပဲတီစိမ်းသီးနှံဈေးကတော့ တက်ဈေးအတိုင်း ဈေးဆက်ငြိမ်နေပြီး အရောင်းအဝယ်လည်း သွက်နေတဲ့ သီးနှံဖြစ်ခဲ့ပါတယ်။ပြည်တွင်းဝယ်လက်ပဲတော်တော်များများကတော့ ဈေးငြိမ်လျက်ရှိကြကာ ကုလားပဲ
သီးနှံတစ်မျိုးသာ ဈေးအမြင့်ဆုံးနှင့် ပြည်ပဝယ်လက်ပဲများထက်လည်း ဈေးကောင်းပိုရလျက်ရှိကြောင်း လေ့လာသိရှိရ
ပါတယ်။
မတ်ပဲသီးနှံနှင့် ပဲစင်းငုံသီးနှံ နှစ်မျိုးမှာ ပဲအဝင်မရှိခဲ့ဘဲလက်ကျန်ပဲများသာ ရက်ခြားရောင်းဝယ်နေရတယ်လို့ သိရ
ပါတယ်။ မတ်ပဲသီးနှံမှာ တစ်နှစ်ပတ်လုံး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ပဲဖြစ်ခဲ့ပေမယ့် ယခင်နှစ်က ပဲဈေးနှုန်းများမြင့်တက်ခဲ့လို့
ဒီဇင်ဘာလကုန်ပိုင်းတွင် ပစ္စည်းလက်ကျန်မရှိတော့အောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ယခုနှစ်မှာတော့ ပဲဈေးအေးခဲ့လို့
လှောင်သူများလည်း ရောင်းချမှုနည်းကာ အရောင်းအဝယ်အေးခဲ့ခြင်း ဖြစ်ပါတယ်။ ပဲစင်းငုံသီးနှံမှာ တစ်တင်းကျပ်
၂၇၀ဝဝဖြင့် ရန်ကုန်ဝယ်လက်ရက်ခြားဝယ်ယူတဲ့အတွက်ရောင်းချခဲ့ရတယ်လို့ သိရပါတယ်။ ယခင်နှစ်ကတော့ဒီဇင်ဘာလ ကုန်ပတ်မှာ ပဲစင်းငုံသစ်များ ဈေးကွက်သို့ စတင်ဝင်ရောက်လာပြီး ပဲသစ် တစ်တင်း ကျပ်၄၉၅၀ဝ ဖြင့် ဈေးဖွင့်ခဲ့လို့ ဈေးကောင်းရခဲ့ပေမယ့် ယခုနှစ်မှာတော့ ပဲဈေးနှုန်းများကျဆင်းနေတဲ့အတွက်ယခင်နှစ်ဈေးကိုတော့ပဲသစ်ပေါ်ချိန်မှာလည်းမီမှာမဟုတ်ဘူးလို့ခန့်မှန်းနေကြပါတယ်။ပဲတီစိမ်းသီးနှံကတော့ ဈေးကွက်အတွင်းမှာ အရောင်းအဝယ်သွက်နေတာကို တွေ့ရပြီး ပဲဈေးနှုန်းအနေဖြင့် အခြားပဲဈေးနှုန်းများ ကျဆင်းနေပေမယ့် ပဲတီစိမ်းသီးနှံမှာ ဈေးငြိမ်လျက်ရှိလို့ တစ်တင်းကျပ် ၂၉၀ဝဝ ဖြင့် မန္တလေးလိုင်းသမားဝယ်လိုအားကောင်းခဲ့လို့ ဝင်ရောက်လာသမျှ အိတ်၆၀ဝ/၇၀ဝကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ပန်းတောင်း၊ကံမမြို့နယ်နှင့် ပြည်အနီးတစ်ဝိုက်ဒေသများမှ ဝင်ရောက်
ခဲ့တယ်လို့လည်း သိရပါတယ်။ ပဲတီစိမ်းသီးနှံဟာ ယခင်နှစ်ကတစ်တင်း ကျပ် ၃၇၅၀ဝ ရရှိလို့ မတ်ပဲ၊ ပဲစင်းငုံ သီးနှံများ
လောက် ဈေးမကောင်းသော်လည်း ယခုနှစ်မှာတော့ ပဲတီစိမ်းသီးနှံဟာ ပေါ်စချိန်မှစ၍ ဈေးအေးနေတဲ့အတွက် ယခုအချိန်
မှာလည်း အခြားပဲများကဲ့သို့ ဈေးအတက်အကျမဖြစ်ဘဲ ဈေးငြိမ်နဲ့သာ အရောင်းအဝယ်ဖြစ်လျက်ရှိခဲ့ပါတယ်။ပဲကြီးသီးနှံမှာ ပဲအဝင်သိပ်မရှိတော့ဘဲ လက်ကျန်ပဲအချို့အား ပဲကြော်ဖိုသမားများ ဝယ်ယူမှုအပေါ် ရွှေကျွန်းအိတ် ၁၀ဝ/ ၁၅၀ ကျော် အရောင်းအဝယ်ဖြစ်ပြီး (ကမ်းနား)ပဲမှာ အိတ် ၂၀ဝ ကျော် အရောင်းအဝယ် ဖြစ်ခဲ့ကြတာကြောင့်ကုလားပဲသီးနှံထက် အရောင်းအဝယ်ပိုဖြစ်နေခဲ့တာကို တွေ့
ရပါတယ်။ ပဲကြီးသီးနှံဈေးဟာလည်း ယခင်နှစ်ဈေးကို မမီဘဲ ယခုနှစ်အတွင်း အရောင်းအဝယ်ဖြစ်တဲ့သီးနှံဖြစ်ခဲ့ကာယခင်နှစ်ကဆိုလျှင် ဒီဇင်ဘာလအတွင်းမှာ တစ်တင်းကျပ်သုံးသောင်းအထက်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။လက်လီပဲများထဲမှာ ထောပတ်ပဲသီးနှံဟာ တစ်တင်းကျပ် ၁၄၅၀ဝ ဖြင့် ဈေးကွက်အတွင်းမှာ ဈေးအနိမ့်ဆုံးဖြစ်ခဲ့လို ပဲဟောင်းလက်ကျန်အချို့ လက်လီသမား ဝယ်ယူမှုရှိ
လို့ အိတ်အနည်းငယ်ရောင်းချမှုရှိခဲ့ပါတယ်။ ပဲနီပြား သီးနှံကလည်း လက်လီသာအဝယ်ရှိပေမယ့် ယခုတစ်ပတ်မှာ ဈေး
အနည်းငယ်တက်လာလို့ တစ်တင်းကျပ် ၂၂၀ဝဝ ရရှိခဲ့ပြီးစားတော်ပဲသီးနှံအနေဖြင့် တစ်တင်း ကျပ် ၃၈၅၀ဝ ဖြင့် ဈေး
ကောင်းဆက်ရသလို လက်လီသာ အဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။
ခင်ဆွေဝင်း

Agency Ministry of Foreign Affairs
Category General