ပြည်ပဲဈေးကွက်မှာ ကာလတူအချိန်ဖြစ်ပေါ်ခဲ့သော ပဲမျိုးစုံသီးနှံများ၏ ဈေးနှုန်း နှိုင်းယှဉ်မှုအခြေအနေ


ပဲခူးတိုင်းဒေသကြီး၊ ပြည်ပဲဈေးကွက်မှာ ၂၀၁၆ခုနှစ်၊ နိုဝင်ဘာ လအတွင်း အရောင်းအဝယ်ဖြစ်ခဲ့တဲ့ ပဲများ၏ ဈေး နှုန်းများကို နှစ်အလိုက် နှိုင်းယှဉ်ကြည့်ပါက ၂၀၁၅ ခုနှစ် အတွင်းသာ ပဲအားလုံး လိုလို ဈေးကောင်းရခဲ့ပြီး ၂၀၁၆ ခုနှစ်အတွင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဲများရဲ့ ဈေးနှုန်းမှာ ကုလားပဲသီးနှံတစ်မျိုးသာ ဈေးကောင်းရခဲ့ပြီး ကျန် ပဲများ ဈေးအေးခဲ့တာကို တွေ့ရပါတယ်။ ၂၀၁၄ ခုနှစ် အတွင်းမှာတော့ ပြည်ပဝယ်လက်ပဲများထဲမှ ပဲတီစိမ်းသီးနှံ တစ်မျိုးသာ ကျပ်သုံး သောင်းအထက်ရရှိပြီး ကျန်ပဲများကတော့ ယခုနှစ်နဲ့ နှိုင်းယှဉ်လျှင် ဈေးလျော့ နည်းကျဆင်းတာကို အောက်ဖော်ပြပါ  ဇယားအတိုင်း လေ့လာတွေ့ရှိ ရပါတယ်။

ပဲအမျိုးအစား                      ၂၀၁၄ နိုဝင်ဘာ                       ၂၀၁၅ နိုဝင်ဘာ                     ၂၀၁၆ နိုဝင်ဘာ
                                            နိမ့်       မြင့်                              နိမ့်              မြင့်                    နိမ့်          မြင့်
မတ်ပဲ                               ၂၆၈၀ဝ    ၂၈၀ဝ၀                    ၇၀ဝ၀ဝ    ၇၂၀ဝ၀                ၄၀ဝ၀ဝ    ၄၄၀ဝ၀
ပဲတီစိမ်း                            ၃၄၂၀ဝ    ၃၆၂၀ဝ                     ၃၉၅၀ဝ   ၄၀၅၀ဝ                ၂၇၅၀ဝ    ၂၉၀ဝ၀
  ပဲစင်းငုံ                           ၂၂၄၀ဝ    ၂၄၅၀ဝ                            -    -                             ၂၈၅၀ဝ    ၃၁၅၀ဝ
ကုလားပဲ                          ၁၃၀ဝ၀    ၁၅၀ဝ၀                     ၃၈၅၀ဝ    ၃၉၅၀ဝ               ၄၅၀ဝ၀    ၄၈၀ဝ၀
ပဲကြီး (ရွှေကျွန်း)            ၂၂၅၀ဝ    ၂၃၀ဝ၀                      ၃၄၀ဝ၀    ၃၅၀ဝ၀              ၂၆၀ဝ၀    ၂၆၅၀ဝ၀
ပဲကြီး (ကမ်းနား)               ၁၇၅၀ဝ    ၁၉၅၀ဝ                      ၃၂၀ဝ၀    ၃၂၅၀ဝ              ၂၃၀ဝ၀    ၂၃၅၀ဝ၀
ဘိုကိတ်                           ၁၃၇၀ဝ    ၁၄၂၀ဝ                     ၁၃၀ဝ၀    ၁၄၀ဝ၀              ၂၄၀ဝ၀    ၂၅၀ဝ၀
ပြည်ပဝယ်လက် သီးနှံဖြစ်တဲ့ မတ်ပဲမှာ ၂၀၁၄ ခုနှစ်အတွင်း ဈေးအေးခဲ့ပေမယ့် ကျန်နှစ်များမှာ ဈေးကောင်းရတာကို  တွေ့ရမှာ ဖြစ်ပြီး ၂၀၁၅ခုနှစ်မှာ ရခဲ့တဲ့ မတ်ပဲတစ်တင်း ကျပ် ၇၂၀ဝ၀ ဆိုတာ ကတော့ ပဲလောကမှာ စံချိန်တင်ရရှိခဲ့တဲ့ ဈေးနှုန်းဖြစ်ခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာ မျိုးပဲရာသီဖြစ်တဲ့အတွက် မျိုးပဲများလည်း ယင်းနှစ်က ဈေးကြီးပေးပြီး ဝယ်ယူစိုက်ပျိုးခဲ့ကြရတယ်လို့ တောင်သူ များထံမှ ကြားသိရပါတယ်။ ယခုနှစ်မှာတော့ ပဲဈေးနှုန်းဟာ ယခင် နှစ်ဈေးကို ပဲသစ်ပေါ်စချိန်ကတည်းက မမီခဲ့ဘဲ တစ်တင်း ကျပ်၅၉၀ဝ၀ ဖြင့် ဈေးဖွင့်ခဲ့ကာ ဈေးအတက်အကျ သိပ်မဖြစ်ခဲ့ဘဲ သြဂုတ် လ နောက်ဆုံးပတ်မှစ၍ တစ်တင်းကျပ် လေးသောင်းကျော် ရရှိခဲ့သလို နိုဝင်ဘာ လကုန်ပတ်မှာ တစ်တင်းကျပ် လေးသောင်း အတိမှ လေးသောင်းအောက်သို့ ကျဆင်းသွားခဲ့တဲ့အတွက် ပဲလှောင် လက်သမားများ ထုတ်ရောင်းချမှု မရှိခဲ့ပါဘူး။ ဒါကြောင့် မျိုးပဲသာ နေ့စဉ် အဝယ်ရှိနေပြီး ရန်ကုန်ဝယ်လက်နဲ့ အရောင်းအဝယ်ဖြစ်မှု ရက်ခြားသာ ရှိခဲ့တယ်လို့ သိရပါတယ်။
၂၀၁၄ ခုနှစ်အတွင်း ပဲတီစိမ်း သီးနှံဈေးမှာ ကျန်ပဲဈေးများ ထက် ဈေးကောင်းရခဲ့တဲ့အတွက် မတ်ပဲ၊ ပဲစင်းငုံ ကျပ် သုံးသောင်း အောက် လျော့နည်းရရှိချိန်မှာ ပဲတီစိမ်းက ကျပ် သုံးသောင်းအထက် ရရှိနေတာကို တွေ့ရပြီး ဈေးကွက်ထဲမှာ ဈေးအမြင့်ဆုံးရခဲ့တဲ့ ပဲဖြစ် ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ ၂၀၁၄ ခုနှစ်ကထက် ဈေးပိုကောင်း လာလို့ တစ်တင်း ကျပ် ၃၆၂၀ဝ မှ ကျပ် ၃၉၅၀ဝ အထိ ရရှိခဲ့သော် လည်း မတ်ပဲဈေးမှာတော့ ၂၀၁၄ ခုနှစ်က ဈေးကောင်းခဲ့ပေမယ့်  ပဲတီစိမ်း ဈေးအောက်ကို လျော့နည်းသွားခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် နိုဝင်ဘာ လအတွင်းမှာ တစ်တင်း ကျပ် ၂၇၅၀ဝမှ ကျပ် ၂၉၀ဝ၀ ထိ ပဲသစ် ပေါ်စဈေးထက် ဈေးပိုခဲ့ပေမယ့် ရှေ့ကနှစ်များရဲ့ ကာလတူချိန် ပေါ် ပေါက်ခဲ့တဲ့ ဈေးနှုန်းများထက် ဈေးလျော့နည်း အရောင်းအဝယ် ဖြစ်ခဲ့ကာ ဈေးအေးခဲ့တဲ့နှစ် ဖြစ်ခဲ့ပါတယ်။
ပဲစင်းငုံသီးနှံမှာ မတ်ပဲ၊ ပဲတီစိမ်းသီးနှံများနဲ့   နှိုင်းယှဉ်လျှင် နိုဝင်ဘာလအတွင်း အရောင်းအဝယ်ဖြစ်ခဲ့ကြတဲ့ ဈေးများအရ တခြား ပဲများထက် ဈေးနိမ့်သာရရှိခဲ့တာကို တွေ့ရ ပါတယ်။ ၂၀၁၄ ခုနှစ်မှာ တစ်တင်း ကျပ် ၂၂၄၀ဝ မှ ကျပ် ၂၄၅၀ဝ၊ ၂၀၁၅ ခုနှစ်မှာ နိုဝင်ဘာလအတွင်း ပဲလက်ကျန် မရှိတော့လို့ အရောင်းအဝယ် မဖြစ် ခဲ့ကြဘဲ ၂၀၁၆ နိုဝင်ဘာမှာတော့ လက်ကျန်အနည်းငယ် ရှိသေးတဲ့ အတွက် ရက်ခြားလောက် အရောင်းအဝယ်ဖြစ်ခဲ့ပါတယ်။ ဈေးနှုန်း မှာ တစ်တင်း ကျပ် ၂၈၅၀ဝ မှ ကျပ် ၃၁၅၀ဝ အတွင်းသာ မတ်ပဲဈေး ထက် ဈေးလျော့နည်းပြီး ပဲတီစိမ်းဈေးနဲ့ မတိမ်းမယိမ်း ရရှိခဲ့တာကို တွေ့ရပါတယ်။
ကုလားပဲသီးနှံ အနေဖြင့် ၂၀၁၄ ခုနှစ်အတွင်းမှာ ပဲ ဈေးကွက် အတွင်း ဈေးအနိမ့်ဆုံးရခဲ့သော်လည်း ၂၀၁၅ ခုနှစ် နှင့် ၂၀၁၆ ခုနှစ် များမှာ တစ်နှစ်ထက်တစ်နှစ် ဈေးကောင်း ရလာလို့ ၂၀၁၆ ခုနှစ်မှာ ပြည်ပဝယ်လက် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲ စင်းငုံ သီးနှံတို့ထက်ပင် ဈေး ကောင်းရလျက်ရှိကြောင်း သိရပါတယ်။ ယခုကာလများတွင် မျိုးပဲ များလည်း ဝယ်ယူမှု ရှိနေတဲ့အတွက် မျိုးပဲဈေးက လက်ကားအရောင်း အဝယ်ဖြစ်ခဲ့သော ဈေးများထက် ဈေးပိုရရှိခဲ့တာကိုလည်း သိရပါ တယ်။
ပဲကြီးသီးနှံအနေဖြင့် ၂၀၁၄ ခုနှစ်မှာ ကုလားပဲသီးနှံ ဈေးထက် ဈေးကောင်းရခဲ့လို့ တစ်တင်း ကျပ်နှစ်သောင်းအထက် (ရွှေကျွန်း)ပဲက ရရှိခဲ့သလို (ကမ်းနား)ပဲက တစ်တင်း ကျပ် ၁၇၅၀ဝ မှ ကျပ် ၁၉၅၀ဝ ရရှိနေခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် မှာတော့ ၂၀၁၄ ခုနှစ်ထက် ဈေးပိုရလာလို့ တစ်တင်း ကျပ်သုံးသောင်းအထက်  ရရှိလာသော် လည်း ကုလားပဲဈေးထက် လျော့နည်းနေခဲ့သလို ၂၀၁၆ ခုနှစ်မှာ လည်း ပဲကြီးဈေးနှုန်း ဈေးအေးခဲ့တဲ့နှစ် ဖြစ်ခဲ့တာကြောင့် ကုလားပဲ သီးနှံဈေးထက် ထက်ဝက်နီးပါးသို့ လျော့နည်းနေကြောင်း သိရပါ တယ်။
ဘိုကိတ်ပဲ သီးနှံမှာ နိုဝင်ဘာလအတွင်း ပဲသစ်အချို့ ဈေးကွက် ဝင်ရောက်ခဲ့ပေမယ့် ပဲဈေးနှုန်းများ ဈေးအေးအေး နဲ့သာ ဈေးကွက် အတွင်း ရရှိခဲ့ကြလို့ ဘိုကိတ်ပဲ တစ်တင်း ကျပ် တစ်သောင်းစွန်းစွန်းသာ ရရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ ကျပ် နှစ် သောင်းကျော် ရရှိလာခဲ့တဲ့အတွက် ယခင်နှစ်များထက်တော့ ဈေးပိုကောင်းလာခဲ့ကာ  ပဲကြီးသီးနှံဈေး နည်းတူ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။

ခင်ဆွေဝင်း

Agency Ministry of Foreign Affairs
Category General