ပြည်ချင်းဈေးကွက် ဈေးငြိမ်ပြီး အဝင်သွက်

ပြည်ချင်းဈေးကွက်ရှိ ချင်းဈေးမှာ ယခုတစ်ပတ်မှာ အတွင်းဈေးငြိမ်ကာ ယခင်တစ်ပတ်အတိုင်း တစ်ပိဿာလျှင် အနိမ့်ဆုံး ကျပ်၄၀ဝ မှ ကျပ်၅၀ဝ၊ အမြင့်ဆုံး ကျပ် ၆၀ဝမှ ကျပ် ၉၀ဝ အထိရှိပြီး၊ ပုံမှန်ရောင်းဝယ်လျက်ရှိပါတယ်။  ပြည်ချင်း ဈေးကွက်ရှိ  ချင်းရောင်းဝယ်သူများအနေဖြင့် ယခုအချိန်က အောင်ပန်းဘက်မှ ချင်းတက်အသစ်များ ထွက်ရှိချိန်ဖြစ်တာကြောင့် ယခုတစ်ပတ် ပြည်ဈေးကွက်သို့ ပိဿာ ၃၀ ဝင် အိတ် ၈၀ခန့်အထိ ဝင်ရောက်လာတာ တွေ့ရပါတယ်။
အဝင်များပေမယ့် ဈေးနှုန်းပုံမှန်နဲ့ ပွဲရုံများမှ  လက်လီ၊ လက်ကား ရောင်းဝယ် သူများ ပိဿာချိန် ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်ခဲ့ပါတယ်။ ဧရာဝတီတိုင်း ဒေသ ကြီးနဲ့ ရခိုင်ပြည်နယ်ဘက်သို့ ဈေးကွက်မှတစ်ဆင့် ပိဿာချိန် ပျမ်းမျှ ၅၀ဝခန့် စီးဆင်းသွားခဲ့ကြောင်း သိရပါတယ်။                                                   ဝင်းဝင်းခိုင်
 

Agency Ministry of Foreign Affairs
Category General