မုံရွာကြက်သွန်နီဈေးနှုန်း ပြန်လည်ကျဆင်း

မုံရွာ (ပွဲရုံ) စားဖိုဆောင်သီးနှံ ရောင်းဝယ်ရေးတွင် ကြက်သွန်နီဈေးနှုန်းများ နိုဝင်ဘာလကုန်ပတ်မှာ ပြန်လည်ကျဆင်းလာတာ တွေ့ရပါတယ်။ ကြက်သွန်နီ အသစ်များ ဈေးကွက်အတွင်းသို့ အများအပြား ဝင်ရောက်လာသည့်အတွက် ဈေးနှုန်းကျဆင်း သွားကြောင်း သိရှိရပါတယ်။ တစ်ရက်လျှင် ပိဿာ၃၀ ဝင် အိတ် ၅၅၀ မှ ၆၅၀ ခန့် အဝင်ရှိကြောင်း သိရပါတယ်။
ကြက်သွန်နီဈေးနှုန်းမှာ မုံရွာပွဲရုံများ၌ လက်ကားတစ်ပိဿာ (ကြီး) ကျပ် ၅၀ဝ၊ (လတ်) ကျပ် ၄၀ဝ၊  (သေး) ကျပ် ၃၀ဝ နှုန်းရှိပြီး လက်လီဈေးနှုန်း တစ်ပိဿာ (ကြီး) ကျပ် ၁၀ဝဝ၊ (လတ်) ကျပ် ၈၀ဝ၊ (သေး) ကျပ် ၆၀ဝ နှုန်းဖြစ်ပြီး ယခင်တစ်ပတ် ပွဲရုံဈေးနှုန်းမှာ တစ်ပိဿာ(ကြီး) ကျပ် ၉၀ဝ၊ (လတ်) ကျပ် ၇၀ဝ၊ (သေး) ကျပ်၅၀ဝ၊ လက်လီဈေးနှုန်းမှာ တစ်ပိဿာ (ကြီး) ကျပ်၁၂၀ဝ၊ (လတ်) ကျပ်  ၁၀ဝဝ၊ (သေး) ကျပ် ၈၀ဝ အသီးသီး ရောင်းဝယ်လျက်ရှိပြီး ယခင်တစ်ပတ်နဲ့ နှိုင်းယှဉ်ပါက ပျမ်းမျှ တစ်ပိဿာဈေးနှုန်း ကျပ် ၃၀ဝ ကျော် ၄၀ဝခန့် ကျဆင်းသွား ကြောင်း သိရှိရပါတယ်။ ရန်ကုန်၊ မန္တလေး ဝယ်လက်အဆွဲရှိလို့ တစ်ရက် ပိဿာ တစ်သောင်းခန့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း ကြက်သွန်နီပွဲရုံများမှ သိရှိရပါတယ်။ ကြက်သွန်ဖြူ ဈေးနှုန်းမှာ ပွဲရုံ ဈေးတစ်ပိဿာ ကြက်သွန်ဖြူ (ဗမာ) ကျပ် ၄၅၀ဝ၊ (ကြူကုတ်) တစ် ပိဿာ ကျပ် ၄၀ဝဝ၊ လက်လီဈေးနှုန်းတစ်ပိဿာ (ဗမာ) ကျပ် ၅၀ဝဝ၊ (ကြူကုတ်) ကျပ် ၄၅၀ဝ ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း ဈေးနှုန်းအတက် အကျမရှိ တစ်ရက် အိတ် ၁၅၀ ခန့် အရောင်းအဝယ် ဖြစ်လျက်ရှိပါတယ်။                ကြည်ကြည်နွယ်(မုံရွာ)  
 

Agency Ministry of Foreign Affairs
Category General