နိုဝင်ဘာလအတွင်း ရော်ဘာဈေးမြင့်တက်လာ

နိုဝင်ဘာ ၁၉ ရက်မှ ၂၅ ရက်အထိ   သီတင်းပတ် အတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၈၈ သန်းတန်ဖိုးရှိ ရော်ဘာ ၃၁၈ တန်ကျော် တင်ပို့ ခဲ့ရာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှRSS 3  ၅၆ တန်၊MSR 20  တန် ၆၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှRSS 3  ၁၀၆ တန်ကျော်နဲ့   တာချီလိတ်  ကုန်သွယ်ရေးစခန်းမှ ရော်ဘာစေး ၉၅ တန်တင်ပို့ခဲ့ပါတယ်။   ယခင်တစ်ပတ်က ရော်ဘာအဆင့်စုံ ၂၃၃၉ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ် ပတ်မှာ တန် ၂၀၂၀ ခန့်တင်ပို့မှု လျော့နည်းနေကြောင်းသိရှိ ရပါတယ်။ မော်လမြိုင်ဒေသရဲ့ ရော်ဘာပေါက်ဈေးမှာ RSS 3  တစ်တန်ကိုအမေရိကန်ဒေါ်လာ ၁ ဒသမ ၃၆သိန်းနဲ့ RSS 5  မှာ တစ်တန်ကို ၁၆ ဒသမ ၁၅ သိန်းရှိပြီး ပြည်တွင်းရော်ဘာဈေးမြင့်တက်လာကြောင်း သိရှိရပါတယ်။
နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း ကုန်သွယ်ရေးစခန်းများမှာ အမေရိကန်ဒေါ်လာ သုည ဒသမ ၁၉၁ သန်းတန်ဖိုးရှိ ရော်ဘာRSS 3  ၁၄၅ တန်ကို မလေးရှား နိုင်ငံတစ်နိုင်ငံတည်းသို့သာ တင်ပို့နိုင်ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၆၈ တန်သာ တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၇၇ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဧပြီ ၁ရက်မှ နိုဝင်ဘာ ၂၅ ရက်အထိ အမေရိကန်ဒေါ်လာ ၇၅ ဒသမ ၁၉၈ သန်းတန်ဖိုးရှိ ရော်ဘာစိမ်း ၆၂၇၇၁ တန်တင်ပို့ထားကြောင်း သိရှိရပါတယ်။
နိုဝင်ဘာလဆန်းပိုင်းမှစပြီး မြင့်တက်လာတဲ့   နိုင်ငံတကာရော်ဘာဈေးဟာ ယခုတစ်ပတ်မှာ ဆက်လက်မြင့် တက်လာကြောင်း သိရှိရပါတယ်။  နိုင်ငံတကာ   ရော်ဘာ ပေါက်ဈေးတစ်တန်လျှင် ဒေါ်လာ ၂၀ဝ ကျော်မြင့်တက်လာတဲ့ အတွက် ပြည်ပပို့မယ့် မြန်မာ့ရော်ဘာဈေးကိုလည်း တစ် တန်လျှင် ဒေါ်လာ ၂၀ဝ စီတိုး၍ မြန်မာ နိုင်ငံရော်ဘာ စိုက် ပျိုးထုတ်လုပ်သူများအသင်းက ဈေးနှုန်းထုတ်ပြန်ခဲ့ကြောင်း သိရှိရပါတယ်။

ှRSS 1 တစ်တန်လျှင်    ဒေါ်လာ  ၁၇၅၀-၁၈၅၀RSS 2တစ်တန်လျှင်    ဒေါ်လာ  ၁၇၀ဝ-၁၈၀ဝ၊ RSS 3  တစ်တန်လျှင်ဒေါ်လာ  ၁၆၅၀-၁၇၅၀၊ RSS 4 တစ်တန်လျှင်ဒေါ်လာ  ၁၆၀ဝ-၁၇၀ဝ၊ RSS 5 တစ်တန်လျှင်    ဒေါ်လာ  ၁၅၅၀-၁၆၅၀၊ MSR 10     တစ်တန်လျှင် ဒေါ်လာ  ၁၆၅၀-၁၇၅၀၊MSR 20  တစ်တန်လျှင်ဒေါ်လာ  ၁၆၀ဝ-၁၇၀ဝ၊MSR 3Lတစ်တန်လျှင်ဒေါ်လာ  ၁၉၀ဝ-၂၀ဝဝ၊ Crepe Rubber တစ်တန်လျှင်ဒေါ်လာ  ၁၄၅၀-၁၅၅၀
 

Agency Ministry of Foreign Affairs
Category General