ရှမ်းပြည်နယ်၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဈေးကွက်သစ်များကိုတိုးချဲ့ နိုင်ရေးအတွက် ဆွေးနွေး

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊  စားသုံးသူရေးရာဦးစီးဌာန ရုံးခန်းမတွင် ပြည်နယ်သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူများ အသင်း အစည်းအဝေးကို နိုဝင်ဘာ ၂၈ ရက်က   အစုအဖွဲ့များ ခိုင်မာတောင့် တင်းရေး၊ ဈေးကွက်သစ်များ တိုးချဲ့နိုင် ရေး နဲ့ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းများအား တိုးမြှင့် ဆောင်ရွက် ရေးတို့နှင့် စပ်လျဉ်း၍  တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။
အဆိုပါ ဆွေးနွေးပွဲသို့ စားသုံးသူရေးရာ ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနဲ့ ဝန်ထမ်းများ၊ ပြည်နယ်သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအသင်းဥက္ကဋ္ဌနဲ့ အမှုဆောင်များ၊ တောင်ကြီး၊ ရပ်စောက်၊   ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊  ဟိုပုံး၊ ညောင်ရွှေ၊ ကလောမြို့နယ်များမှ သစ်သီးဝလံ ပန်း မန်နဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူ အစုအဖွဲ့များ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါ တယ်။
စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးညွန့်ဝေက ရှမ်း ပြည်နယ်အတွင်းရှိ သစ်သီးဝလံပန်းမန်နှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများစုံစုံညီညီဆွေးနွေးနိုင်ခြင်းဖြင့် မိမိတို့စိုက်ပျိုး ထုတ်လုပ်သော အသီးအနှံများ ပိုမိုဖြစ် ထွန်းအောင်မြင်လာပြီး ရောင်းဝယ်နိုင် အောင်    ဆောင်ရွက်နိုင်မှာဖြစ်ပါ ကြောင်း၊ သီးနှံအစုအဖွဲ့များ စည်းလုံး  ညီညွတ်ရန် လိုအပ်ပါကြောင်း၊ အား ကောင်းတဲ့အသင်း ဖြစ်နေပါက နိုင်ငံ တကာနဲ့ ဆက်ဆံရောင်းဝယ်နိုင်မှာ ဖြစ်ပါကြောင်း၊ နိုင်ငံတကာမှ ရင်းနှီး မြှုပ်နှံသူများ ဝင်ရောက်လာ လျှင်လည်း ယခုအသင်းနဲ့  ချိတ်ဆက်ဆောင်ရွက် နိုင်မှာဖြစ်ပြီး အကျိုးအမြတ်များ ပိုမို ခံစားနိုင်မှာဖြစ်ကြောင်း  ပြောကြားပါ တယ်။
ရှမ်းပြည်နယ်၊ သစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးခင်အောင်က မြို့နယ်အလိုက် စိတ်ပါဝင်စားသူ၊ တက်ကြွသူ များဖြင့် အစုအဖွဲ့များကို ပြန်လည်ဖွဲ့ စည်းသွားမည်ဖြစ်ပါကြောင်း၊ အခြေခံ စိုက်ပျိုးထုတ်လုပ်   ရောင်းချသူများမှ ဗဟိုအလုပ်အမှုဆောင်နဲ့ အမှုဆောင် များကို ရွေးချယ်သွားမည်ဖြစ်ကြောင်း၊ အသင်းရန်ပုံငွေဖြင့် အသေးစားချေး ငွေ လုပ်ငန်းများကိုလည်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊  အသင်းအဖွဲ့ တည်ရှိနေ၍သာ ပြည်တွင်းပြည်ပမှ လာရောက် ချိတ်ဆက်နေကြခြင်းဖြစ်ပါ ကြောင်းပြောကြားခဲ့ပြီး အသင်း ဒုတိယ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် တက်ရောက် လာသူ မြို့နယ်အလိုက် ကိုယ်စားလှယ် များက အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရှိရပါတယ်။
စောမောင်(တောင်ကြီး)
 

Agency Ministry of Foreign Affairs
Category General