ရန်ကုန်မြို့အိမ်ခြံမြေဈေးကွက်တွင် အရောင်းထက်အငှားဈေးကွက် ပိုမိုမြင့်တက်လာ

ရန်ကုန်မြို့၏အိမ်ခြံမြေဈေးကွက် တွင် အရောင်းထက် အငှားဈေးကွက် ပိုမိုမြင့်တက်လာကြောင်းHouse. com.mm  ၏စစ်တမ်းကောက်ယူမှုများ အရ သိရသည်။
သီတင်းကျွတ်ကာလနောက်ပိုင်း တွင် အိမ်ခြံမြေဈေးကွက် ပြန်လည်လှုပ် ခတ်လာခဲ့သော်လည်း အငှားဈေးကွက် တွင်သာ ပိုမိုလှုပ်ရှားလာခဲ့ခြင်းဖြစ်ပြီး မြို့တွင်းပိုင်းထက် မြို့ပြင်ပိုင်းတွင် အခန်းအငှားရှာဖွေမှုများ ပိုမိုမြင့်တက် လာခဲ့ကြောင်း၊ ရန်ကုန်မြို့တွင် အိမ်ရာ ရှာဖွေသူများ၏ ၆၁ ရာခိုင်နှုန်းခန့်သည် ငှားရမ်းရန် ရှာဖွေကြခြင်းဖြစ်ပြီး ၃၁ ရာခိုင်နှုန်းခန့်မှာ ဝယ်ယူရန်အတွက် ရှာဖွေကြခြင်းဖြစ်ကြောင်း၊ မန္တလေးမြို့ တွင်းရှိ အိမ်ခြံမြေစာရင်းများအား ရှာဖွေမှုသည် ၅ ဒသမ ၉ ရာခိုင်နှုန်း သာရှိကြောင်းHouse. com.mm  ၏ Onsite data  များအရ သိရသည်။
ရန်ကုန်မြို့တွင်းရှိ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း၊ စမ်းချောင်း၊ တာမွေ၊ မရမ်းကုန်း၊ သန်လျင်၊ ဗဟန်း၊ လှိုင်၊ သင်္ဃန်းကျွန်းနှင့် ရန်ကင်းစသည် တို့မှာ အငှားအိမ်ရာရှာဖွေမှုထိပ်ဆုံး ၁၀ နေရာတွင် ရပ်တည်နေသောမြို့ နယ်များဖြစ်ပြီး ဝင်ရောက်ကြည့်ရှုရှာ ဖွေသူအများဆုံးသောမြို့နယ်များမှာ တောင်ဥက္ကလာ၊ ဒဂုံမြို့သစ်မြောက်ပိုင်း နှင့် စမ်းချောင်းမြို့နယ်တို့ဖြစ်ကြောင်း House. com.mm  မှ သိရသည်။
]]ကျွန်တော်တို့ House. com.mm  အနေနဲ့ သုံးစွဲသူတွေရဲ့ရွေးချယ်မှု၊ ကြိုက် နှစ်သက်မှုစတဲ့ သတင်းအချက်အလက် တွေကို သိရှိနိုင်ပါတယ်။ လတ်တလော ရှာဖွေမှုများရဲ့သုံးပုံနှစ်ပုံလောက် ဟာ တောင်ဥက္ကလာ၊ မြောက်ဒဂုံနဲ့ စမ်းချောင်း မြို့နယ်တွေလို ရန်ကုန်မြို့ရဲ့ မြို့တွင်း နဲ့ မနီးမဝေးနေရာတွေက မြို့နယ်တွေ ကို ပိုမိုရှာဖွေလာတာတွေ့ရပါတယ်။ ဖြစ်နိုင်ခြေကတော့ Downtown  မှာရှိတဲ့ အိမ်ရာခန်းများဟာ များသောအားဖြင့် စီးပွားရေးလုပ်ငန်းသုံးများ ဖြစ်တာကြောင့် ဈေးနှုန်းမြင့်မားနေခြင်းနဲ့ ယာဉ်ကြော ကျပ်တည်းခြင်းများကြောင့် နေထိုင်ရန် သီးသန့်အိမ်ရာရှာဖွေသူများဟာ ရန်ကုန် မြို့တွင်းရဲ့ ဧရိယာ အပြင်ဘက်မှာရှိတဲ့ မြို့နယ်တွေမှာသာ ပိုမိုရှာဖွေလာကြ တာဖြစ်ပါတယ်}}ဟု House. com.mm မှ Cofounder  နှင့် အုပ်ချုပ်မှုဒါရိုက်တာ ဖြစ်သူ Mr. Nitesh Khirwal  က ပြော ကြားခဲ့သည်။               မယ်သီတာ
 

Agency Ministry of Foreign Affairs
Category General