ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများတွင် ပြည်တွင်းစစ်ဖြစ်ပွားနေသော်လည်း နယ်စပ်ဒေသများသို့ ခရီးသွားဝင်ရောက်မှု လျော့ကျသွားခြင်းမရှိဟုဆို

ယခုနှစ်အတွင်း  ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ဒေသများ၌ ခြေလျင်ခရီး သွားလာသည့်ခရီးစဉ်များ ခေတ်စား လျက်ရှိသည်။ ယခုအခါတွင် ရှမ်းပြည် နယ်မြောက်ပိုင်းဒေသဖြစ်သည့် မူဆယ် မြို့တွင် နယ်မြေလုံခြုံမှု အခြေအနေ များ မရှိသော်လည်း နယ်စပ်ဒေသ များမှ ခရီးသွားဝင်ရောက်မှုမှာ လျော့ ကျသွားခြင်းမရှိကြောင်း ဒေသခံခရီး သွားလမ်းညွှန်များ၏ ပြောကြားချက် အရ သိရသည်။
လတ်တလောတွင်    လားရှိုး-မူဆယ်လမ်းပိုင်းတစ်လျှောက်တွင် တပ်မတော်နှင့် လက်နက်ကိုင်တို့ကြား ဖြစ်ပွားနေသည့် ပဋိပက္ခဖြစ်စဉ်များ ရှိသော်လည်း သီပေါဒေသများအထိ ပျံ့နှံ့ခြင်းမရှိသည့်အတွက် trekking ခရီးသွားများမှာလည်း    လက်ရှိအချိန် အထိ လျော့ကျသွားခြင်းမရှိဘဲ ပုံမှန် အတိုင်း သွားလာနေကြကြောင်း၊ ယခင် ကတည်းက မူဆယ်၊ လားရှိုးဒေသများ မှာ ခရီးသွားဝင်ရောက်မှု များပြားခြင်း မရှိဘဲ ကုန်သွယ်ရေးလုပ်ငန်း လုပ်ကိုင် သူများသာ များပြားသည့်အတွက် ယင်း ဒေသများသို့မူ  ခရီးသွားပုံမှန်အတိုင်း ရှိနေသည်ဟု သိရသည်။
]]သီပေါဘက်ကိုလာနေတဲ့ ခရီး သွားတွေက အရင်ကတည်းကရှိတယ်။ အခုလည်း ပုံမှန်အတိုင်း ခရီးသွားတွေ ရှိနေပါတယ်။ အထူးသဖြင့် နိုင်ငံခြား ခရီးသွားတွေ ပိုများတယ်။ သီပေါနဲ့ လားရှိုးနဲ့က မိုင် ၅၀ လောက်ဝေးတော့ သီပေါဘက်ကို သွားဖို့ဆိုရင် လုံးဝကtrekking  ဖြစ်ပါတယ်။ လက်ရှိအထိ လည်း ခရီးသွားတွေ လျော့ကျမသွားဘဲ ပုံမှန် အတိုင်း  လာရောက်လည်ပတ် နေဆဲ ပါပဲ။ အခုလည်း နေ့စဉ်ခရီးစဉ်တွေ ရှိနေတယ်}}ဟု သီပေါဒေသအတွက် Trekking Guide     ပြုလုပ်နေသူ ကိုအောင်အောင်က ပြောကြားသည်။
လားရှိုးဒေသခံဖြစ်သူ   ကိုစိုးက လည်း ]]ဒီနှစ်မှာဆိုရင် နယ်မြေအခြေ အနေအရ မလုံခြုံတဲ့အတွက် လားရှိုး၊ မူဆယ်၊ နမ့်ခမ်းဘက်မှာဆိုရင် ပုံမှန် အတိုင်း လုပ်နေကျရှမ်းရိုးရာ နှစ်သစ် ကူးပွဲတော်ကိုတောင်  မလုပ်နိုင်ဘူး။  ဒီဘက်မှာကတော့ အရင်ကတည်းက ခရီးသွားလာမှုတွေမရှိတဲ့အတွက်ခရီး သွား အဝင်လျော့တာ ဘာညာလိုမျိုး အထွေအထူးတော့  မရှိဘူး။ အထူး  သဖြင့်တော့   သီပေါဘက်ကိုပေါ့။ တချို့တွေကတော့ ပုံမှန်အတိုင်းသွား လာနေဆဲပါပဲ။ ဒါပေမယ့် တစ်ခုရှိတာ က သီပေါကို ခြေလျင်ခရီးသွားကြတာက အဓိကက  ပလောင်ရွာတွေ  သွားကြ တာဆိုတော့ အဲဒီမှာစစ်မဖြစ်နေပေ TLNA      (တအောင်းပလောင် လွတ်လပ်ရေးတပ်မတော်)တွေရှိတယ်။ ပြီးတော့အခုကလည်း သူတို့နဲ့ အဓိက ဖြစ်နေတာဆိုတော့ တချို့ပြည်တွင်း ခရီးသွားတွေတော့   မသွားကြဘူး။ပြည်ပခရီးသွားတွေတော့ သွားနေကြ တုန်းပဲ}}ဟု ပြောကြားခဲ့သည်။
ဲJovago  အနေဖြင့်လည်း   ရှမ်း ပြည်နယ်မြောက်ပိုင်း   ဒေသများရှိ ဟိုတယ်များနှင့်ချိတ်ဆက်ထားရာ ခရီး သွားများစိတ်ဝင်စားသွားလာမှုမြင့်မား သည့်  သီပေါဒေသရှိ  ဟိုတယ်ပေါင်း ၁၀ လုံးနီးပါးနှင့်  ချိတ်ဆက်ထားခြင်း ကြောင့် ခရီးသွားများအနေဖြင့် ယခုလ အတွက်Jovago  မှပေးအပ်ထားသည့် လျှော့ဈေးများရယူပြီး အခန်းဘွတ်ကင် ပြုလုပ်နိုင်မည်ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်း ဒေသများ ဖြစ်သည့် သီပေါ၊ ကျောက်မဲဒေသများ သို့ ခြေလျင်ခရီးကြမ်း(trekking)  သွား လာသည့်အစီစဉ်မှာ ၂၀၁၀ ပြည့်နှစ် ခန့်မှ   စတင်ခေတ်စားခဲ့သော်လည်း ယခုနောက်ပိုင်းတွင် အင်တာနက်စနစ် ကောင်းမွန်လာခြင်းနှင့် လူမှုကွန်ရက် စာမျက်နှာများတွင်  ကြော်ငြာအား ကောင်းမွန်လာခြင်းများကြောင့်  လူသိ ပိုများလာပြီး ယခုနှစ်ပိုင်းများတွင် ခရီး သွားများ ပိုမိုဝင်ရောက်လာကြောင်းနှင့် တစ်ညအိပ် နှစ်ည  ခြေလျင်ခရီးစဉ် တစ်ခုအတွက် တစ်ဦးလျှင်အနည်းဆုံး ကျပ် လေးသောင်းဝန်းကျင်ခန့်ရှိကြောင်း သိရသည်။
မယ်သီတာ     

Agency Ministry of Foreign Affairs
Category General