နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုရာတွင် နိုင်ငံခြားမှ တရားဝင်ယူဆောင်လာသည့်ငွေပမာဏ အတိုင်းသာကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ်ချက်အား ပယ်ဖျက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သည် နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့် ပြုရာတွင်  နိုင်ငံခြားမှ တရားဝင်ယူဆောင်လာသည့် ငွေ ပမာဏအတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသောသတ်မှတ် ချက်အား နိုဝင်ဘာလ ၂၂ ရက် ရက်စွဲ ပါအမိန့်ကြော်ငြာစာ အမှတ်(၇၅/၂၀၁၆) ဖြင့် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိ  သည်။
နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ဓာတ်မြေဩဇာ၊  မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံသုံးကိရိယာများအား ကုန် သွယ်ခွင့်ပြုခြင်းကို  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅)ဖြင့်လည်း ကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ် ခွင့်ပြုခြင်းကို ၂၀၁၆ခုနှစ် ဇူလိုင်လ ၇ ရက် ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၅၆/၂၀၁၆) ဖြင့်လည်းကောင်း အသီး သီး ထုတ်ပြန်၍ သတ်မှတ်ချက်များဖြင့် ကုန်သွယ်ခွင့်ပြု ခဲ့ကြောင်း သိရသည်။
အဆိုပါ  အမိန့်ကြော်ငြာစာများအရ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့် သတ်မှတ် ချက်များတွင် ]]ဖက်စပ်လုပ်ငန်းဆောင်ရွက်သည့် နိုင်ငံခြား သား ကုမ္ပဏီများအနေဖြင့် ၎င်းတို့ တရားဝင်ယူဆောင်လာ သည့်နိုင်ငံခြားငွေပမာဏအတိုင်းသာ ကုန်သွယ်မှုပြုလုပ်ရ မည်}}ဟု သတ်မှတ်ထားခဲ့ကြောင်း သိရသည်။
ယခုအခါတွင် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ပြုလုပ်နိုင်ရန် ရည်ရွယ်၍ အဆိုပါသတ်မှတ်ချက်အား နိုဝင်ဘာ ၂၂ ရက် မှစတင်၍ ပယ်ဖျက်လိုက်ကြောင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။                                   မယ်သီတာ
 

Agency Ministry of Foreign Affairs
Category General