ဆန်စက်လုပ်ငန်းများ ဖွံ့ ဖြိုးတိုးတက်ရေးအတွက် Pun နယ်သာလန် ပညာရှင်များအဖွဲ့ က ဧရာဝတီတိုင်းဒေသကြီးအတွင်း ကွင်းဆင်းလေ့လာ

လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်မိုးစပါး၊ နွေစပါးများအား အများဆုံးစိုက် ပျိုးထုတ်လုပ်လျက်ရှိသော ဧရာဝတီတိုင်းဒေသကြီးအတွင်း ဆန်စက်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စပါးအရည်အသွေး မြှင့်တင်နိုင်ရေးနှင့် နိုင်ငံတကာဈေး ကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက်Pun နယ်သာလန် ဆန်စက်ကျွမ်းကျင်ပညာ ရှင်များသည် ပုသိမ်မြို့ပေါ်တွင်  လက်ရှိကြိတ်ခွဲလျက်ရှိသည့် ဆန်စက် ၁၀စက်၌ စက်အမျိုးအစားများ ၂၄ နာရီ ကြိတ်ခွဲနိုင်မှု  တန်ချိန်ထွက်ရှိသည့်   ဆန်အရည် အသွေး၊ ဆန်ကွဲ၊ ဖွဲနုထွက်ကုန်များနှင့် ဆန်စပါးခွံများအား  ပြန်လည်အသုံးပြုမှု၊ ဆန်စပါးသိုလှောင်မှုစနစ်နှင့် သန့်ရှင်းရေးဆောင်ရွက်မှုတို့၏  အားသာချက်၊ အား နည်းချက်များကို နိုဝင်ဘာ ၂၀ ရက်မှ ၃၀ ရက်အထိ ကွင်းဆင်း လေ့လာမေးမြန်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းလေ့လာမှုအား ဧရာဝတီတိုင်းဒေသကြီး ဆန်စက်လုပ်ငန်း ရှင်များအသင်း  ဥက္ကဋ္ဌ ဦးစိုးဝင်း၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးမောင်မောင်ဝင်းနှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြကြောင်း သိရသည်။
ဆန်ကြိတ်ခွဲထုတ်လုပ်ရာတွင် စပါးသိုလှောင်မှုစနစ်မှာအရေးကြီးကြောင်း၊ စပါးများကို ဆိုင်လိုစနစ်ဖြင့်  သိုလှောင်ရာတွင် အလေအလွင့်နည်းပါး၍ အရည် အသွေးမကျဆင်းအောင် ထိန်းသိမ်းနိုင်ပြီး ဆန်ကွဲ၊ ဖွဲနုကိုတန်ဖိုး မြှင့်ထုတ်ကုန်အဖြစ် ထုတ်လုပ်နိုင်ရေး၊ဆန်စက်အရည်အသွေးများ တိုးမြှင့်ရေး၊ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဆန်စပါး လောကဖွံ့ဖြိုးတိုးတက်စေမည့် အလားအလာကောင်း များရှိ၍ ရေရှည်စီးပွားရေးလုပ်ငန်းတစ်ရပ်အနေဖြင့် တစ်ဆင့်ပြီး တစ်ဆင့်ကူညီညှိနှိုင်းပေါင်းစပ်ပေးမည်ဖြစ်ကြောင်းPunနယ်သာလန်ပညာရှင်များအဖွဲ့ကပြောကြားခဲ့သည်။
ထို့ပြင် အဆိုပါအဖွဲ့သည် နယ်သာလန်နိုင်ငံတွင် လက်ရှိကြိတ်ခွဲထုတ်လုပ် လျက်ရှိသော ဆန်စက်နှင့် ဆန်စပါး သိုလှောင်မှုစနစ်များကို တက်ရောက်လာကြသည့် ဆန်စက်လုပ်ငန်းရှင်များအား ပရိုဂျက်တာဖြင့် ရှင်းလင်းပြသခဲ့ကြောင်း သိရှိရ သည်။                                                                                  ထွန်းထွန်း(ဧရာဝတီ)
       

Agency Ministry of Foreign Affairs
Category General