ရှယ်ယာဈေးနှုန်းများ ငြိမ်သက်ကာ အရောင်းအဝယ်ဖြစ်

ယခုတစ်ပတ်အတွင်း  ရန်ကုန် စတော့အိတ်ချိန်းတွင် အစုရှယ်ယာများ အရောင်းအဝယ် ပြုလုပ်နေသည့် ကုမ္ပဏီ သုံးခု၏အစုရှယ်ယာဈေးနှုန်း များ ငြိမ်သက်လျက်ရှိကာ အရောင်း အဝယ်များဖြစ်လျက်ရှိကြောင်းYSX  ၏ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။
YSX  တွင် စာရင်းဝင်ကုမ္ပဏီ သုံးခု၏  နေ့စဉ်အရောင်းအဝယ်ဖြစ်မှု ပမာဏမှာ တစ်သောင်းကျော်ခန့်ရှိနေ ကြောင်း၊ ပြည်တွင်းငွေလဲနှုန်းများမြင့် တက်နေမှုကြောင့် စတော့ရှယ်ယာဈေး နှုန်းများ ငြိမ်သက်နေခြင်းဖြစ်ကြောင်း စတော့ရှယ်ယာဈေးကွက်အတွင်းမှ သိ ရသည်။
]]ဒီတစ်ပတ်ထဲမှာ စတော့ရှယ်ယာ ဈေးတွေ ငြိမ်နေတယ်။ ဒေါ်လာဈေးက မြင့်တက်နေတော့  စတော့ဘက်ကို မလှည့်နိုင်ကြဘူး။ ဈေးငြိမ်နေပေမယ့်  အရောင်းအဝယ်ကတော့   နေ့တိုင်း လိုလိုဖြစ်ပါတယ်။ လာမယ့်ရက်သတ္တ ပတ်ထဲမှာ  ပထမပုဂ္ဂလိကဘဏ်က လည်းYSX  မှာ စာရင်းဝင်တော့မှာ ဆိုတော့ သူ့ရဲ့ အခြေအနေကိုလည်း စောင့်ကြည့်ရမှာပါ}}ဟုYSX  တွင် ဝယ်ရောင်းပြုလုပ်နေသူတစ်ဦးက ဆို သည်။ ယခုတစ်ပတ်တွငYSX  ၌FMIအစုရှယ်ယာတစ်စုလျှင် ကျပ် ၁၆၀ဝဝMTSH အစုရှယ်ယာတစ်စု လျှင် ကျပ် ၄၇၀ဝ၊MCB အစုရှယ်ယာ တစ်စုလျှင် ကျပ် ၉၈၀ဝ ဖြင့် ရောင်း ဝယ်လျက်ရှိသည်။        မယ်သီတာ    
 

Agency Ministry of Foreign Affairs
Category General