ရေကြောင်းလမ်းမှ ဒီဇယ်၊ ဓာတ်ဆီတန်ချိန် ၅၀ဝဝဝကျော်ဝင်

သီတင်းတစ်ပတ်ဖြစ်တဲ့ နိုဝင်ဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ပင်လယ် ရေ ကြောင်းလမ်းမှ ကန်ဒေါ်လာ၃၈၄၀၁၆၄၂ တန်ဖိုးရှိ ဒီဇယ် ၄၂၆၇၀ ဒသမ ဝ၈၇ တန် နဲ့ ကန်ဒေါ်လာ၂၂၉၀၄၂၆၃တန်ဖိုးရှိ  ဓာတ်ဆီ ၁၁၆၇၃ ဒသမ ၄၅၇ တန်၊ စုစုပေါင်း ၅၄၃၄၃ ဒသမ ၅၄၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် မလေးရှား၊ အင်ဒိုနီးရှားနဲ့ စင်ကာပူနိုင်ငံမှ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင် သီတင်းပတ် ဒီဇယ်အဝင်တန်ချိန်၂၂၀ဝဝ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၂၀ဝဝဝ ကျော် တင်သွင်းမှုပိုခဲ့ပြီး ယခင်သီတင်းပတ် ဓာတ်ဆီအဝင်တန်ချိန် ၁၉၅၀ဝ ကျော်နဲ့ နှိုင်းယှဉ်ရင် ဒီတစ်ပတ်မှာတန်ချိန် ၇၈၀ဝကျော် လျော့နည်းခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဒီဇယ်အဝင်ပိုခဲ့ပြီး ဓာတ်ဆီအဝင်လျော့ခဲ့ပါတယ်။
နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ကန်ဒေါ်လာ ၂၀၄၈၅ တန်ဖိုးရှိ ဒီဇယ်၃၆ ဒသမ ဝ၃၆ တန်နဲ့ ကန်ဒေါ်လာ ၁၂၀ဝဝတန်ဖိုးရှိ ဓာတ်ဆီ တန်ချိန် ၃၀ တင်သွင်းခဲ့သလို မြဝတီကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ ၂၅၁၃၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၁တန်နဲ့ ကန်ဒေါ်လာ၂၆၂၁၉ တန်ဖိုးရှိ ဒီဇယ်၅၈တန်၊ မြိတ်ကုန်သွယ်ရေးဇုန်မှ ကန်ဒေါ်လာ၇၂၀၈၈၅ တန်ဖိုးရှိ ဒီဇယ် ၁၆၂၅ ဒသမ ၇၅၇ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ လွယ်ဂျယ်ကုန်သွယ်ရေး စခန်းမှRe-Export  ဒီဇယ် တန်ချိန် ၂၀ဝဝ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဓာတ်ဆီ၊ဒီဇယ်မှာ ပုံမှန်အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာဒီဇယ်၊ အဆင့်မြင့်ဒီဇယ်၊ အောက်တိန်း (92)နဲ့ (95)မှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိက စက်သုံးဆီ ဆိုင်မှာ ရောင်းချနေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဒီဇယ်  ကျပ်၆၃၀၊ အောက်တိန်း (92) ကျပ် ၆၄၀ ၊ အောက်တိန်း (95)  ကျပ် ၆၉၀ ၊ အဆင့်မြင့်ဒီဇယ် ၆၅၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်း အဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ နိုဝင်ဘာ ၂၈ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ် ၁၂၇၀ဝဝ၊ ရောင်းဈေး  ကျပ် ၁၃၁၀ဝဝ  နဲ့ အရောင်းအဝယ်ဖြစ်ပြီး နိုဝင်ဘာ ၂၉ ရက်တွင် ဝယ်ဈေး ဈေးငြိမ်နေသော်လည်း ရောင်းဈေး ၁၀ဝဝကျပ် ဈေးကျပြီး အရောင်းအဝယ်ဖြစ်ခဲ့ တယ်လို့ သိရပါတယ်။ နိုဝင်ဘာ ၂၈ ရက်မှာ ဓာတ်ဆီဝယ်ဈေး  ကျပ်၁၃၂၀ဝဝ ၊ ရောင်းဈေး  ကျပ် ၁၃၄၀ဝဝ နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ ၁ ရက်တွင် ဝယ်ဈေး ၁၀ဝဝ ကျပ်ဈေးကျခဲ့သော်လည်း ရောင်းဈေး ဈေးငြိမ်ပြီး အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဈေးနဲ့နှိုင်းယှဉ်ရင် ဒီဇယ်ရောဓာတ်ဆီပါ ဈေးကျခဲ့တယ်လို့ သိရပါတယ်။ ပြင်ပလက်လီတစ်ဂါလံ ဈေး များမှာ ဒီဇယ်တစ်ဂါလံ  ကျပ်၂၇၀ဝ ၊ ဓာတ်ဆီတစ်ဂါလန် ကျပ်၂၈၀ဝ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင်ဓာတ်ဆီ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး နည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ပုဂ္ဂလိက စက်သုံးဆီ ဆိုင်မှာ ရောင်းချ နေတဲ့ တစ်လီတာ ဈေးနှုန်းများမှာ ဓာတ်ဆီ တစ်လီတာ ၆၇၀ကျပ် ၊ ဒီဇယ်  ကျပ်၆၇၀ အဆင့်မြင့်ဒီဇယ် ကျပ် ၇၁၀၊ အောက်တိန်း (၉၂) ကျပ် ၇၁၀ နဲ့ ရောင်းချနေပါတယ်။ ပြင်ပလက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ပီပါ ဈေးများမှာ နိုဝင်ဘာ ၂၈ ရက်မှာ ဒီဇယ်ဝယ်ဈေး ကျပ်၁၂၈၀ဝဝ၊ ရောင်းဈေး  ကျပ် ၁၃၀ဝဝဝနဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ ဒီဇင်ဘာ ၁ ရက်တွင် ဝယ်ဈေး ကျပ် ၁၃၀ဝဝဝ၊ ရောင်းဈေး ကျပ် ၁၃၃၀ဝဝနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ နိုဝင်ဘာ ၂၈ ရက်တွင် ဝယ်ဈေး  ကျပ် ၁၃၀ဝဝဝ၊ ရောင်းဈေး ကျပ် ၁၃၂၀ဝဝ နဲ့အရောင်း အဝယ်ဖြစ်ခဲ့ရာတစ်ပတ်လုံးဒီဈေးနဲ့ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ ဒီဇယ် ကျပ်၂၈၀ဝ၊ ဓာတ်ဆီ ကျပ် ၂၈၀ဝ နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့  သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ တစ်ဂါလန်ဈေးများမှာ ဓာတ်ဆီ  ကျပ် ၃၀ဝဝ၊ ဒီဇယ် ၃၀၁၅ ကျပ် ၊ အောက်တိန်း   ကျပ်၂၉၇၀ နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ကျပ် ၃၁၀ဝ၊ ဒီဇယ် တစ်ဂါလန် ကျပ် ၃၁၀ဝ၊ အောက်တိန်း တစ်ဂါလန် ၃၀ဝဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်
 

Agency Ministry of Foreign Affairs
Category General