မူဆယ်(၁၀၅)မိုင်မှ ဆန်တင်ပို့မှု လျော့ကျသော်လည်း လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ပိုမိုတင်ပို့

မူဆယ်(၁၀၅)မိုင်မှ ဆန်တင်ပို့မှု လျော့ကျသော်လည်း လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ပိုမိုတင်ပို့
နိုဝင်ဘာ ၁၉ရက် မှ ၂၅ရက် အထိ သီတင်းတစ်ပတ် အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ  ၅ ဒသမ  ၄၇၃သန်း တန်ဖိုးရှိ   ဆန် တန်ချိန် ၁၆၉၇၃ ကျော် တင်ပို့ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန်  တန်၁၅၀၊ ဧည့်မထဆန် ၂၈၉၅ တန်၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ  ငစိန်ဆန် ၂၀၇တန်နဲ့ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၃၇၂၁တန်ကျော်တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ ယခင်တစ်ပတ် က မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ ၃၃၁၄တန် တင် ပို့ပြီး ယခုတစ်ပတ်မှာ ၃၀၄၅တန်သာ တင်ပို့နိုင်ခဲ့တဲ့အတွက် ၂၆၉တန် လျော့နည်းခဲ့ပါတယ်။ ချင်းရွှေဟော်စခန်းမှယခင် တစ်ပတ်က ငစိန်ဆန် ၃၄၆တန် တင်ပို့ခဲ့ပြီး ယခုတစ်ပတ်မှာ ၂၀၇တန်သာ တင်ပို့ နိုင်ခဲ့တဲ့အတွက် ၁၃၉တန် လျော့နည်း ခဲ့ပါတယ်။ လွယ်ဂျယ် ကုန်သွယ်ရေးစခန်းမှ ယခင်တစ်ပတ် က     ငစိန်ဆန် ၁၁၁၇၄ တန်  တင်ပို့ပြီး  ယခုတစ်ပတ်မှာ ၁၃၇၂၁ တန်ကျော် တင်ပို့နိုင်ခဲ့တဲ့အတွက် ၂၅၄၇ တန် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ စခန်းသုံးခုစလုံးမှ   ယခင်တစ်ပတ်က ထက် ၂၁၃၈တန် ပိုမိုတင်ပို့ခဲ့ပါတယ်။
မူဆယ်နဲ့ လွယ်ဂျယ် စခန်းများမှ ယခုတစ်ပတ်မှာ အမေရိကန်ဒေါ်လာ သုညဒသမ၂၉၄သန်း တန်ဖိုးရှိဆန်ကွဲ ၁၀၇၄တန်ကို မူဆယ်မှ တန်၆၀ဝနဲ့ လွယ်ဂျယ်မှ ၄၇၄တန် တင်ပို့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် တန် ၁၄၀ဝ လျော့နည်း ကြောင်း သိရှိရပါတယ်။
ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ   နိုဝင်ဘာ ၂၀ရက် မှ ၂၆ရက်အထိ အမေရိကန်ဒေါ်လာ ၂၆၂၆၂၅တန်ဖိုး ရှိ ဧည့်မထနဲ့ ပေါင်းဆန် သုညဒသမ ၆၇၅တန်ကို အီးယူ နိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ဆန်ကွဲတင်ပို့မှုမှာ ဘယ်လ် ဂျီယံနိုင်ငံသို့အမေရိကန်ဒေါ်လာ ၂၆၃၅၀ဝ တန်ဖိုးရှိ ဆန် ကွဲ တစ်တန်တင်ပို့ခဲ့ပါတယ်။ ယခုတစ်ပတ်  တင်ပို့မှု နည်း သော်လည်း ဒီဇင်ဘာလထဲတွင် သင်္ဘောတင်များရှိနေပြီး ဆန်တင်ပို့မှု များပြားလာမယ်လို့ စုံစမ်းသိရှိရပါတယ်။
ယခုဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ နိုဝင်ဘာ ၂၅ရက်အထိ ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၂၃၀ဒသမ ၉၈၇သန်း တန်ဖိုးနဲ့  တန်ချိန် ၆၇၃၈၂၆ ဖြစ်ပြီး ဆန်တင်ပို့မှု မှာ အမေရိကန်ဒေါ်လာ ၁၇၇ဒသမ ၅၅သန်း၊ တန်ချိန် ၄၉၂၁၉၆ နဲ့ ဆန်ကွဲတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၄၃၇သန်း၊တန်ချိန် ၁၈၁၆၃၀ ဖြစ်ပါတယ်။
ယမန်နှစ်ကာလတူ တင်ပို့မှုထက်    ဆန်နဲ့ဆန်ကွဲ ၂၂၂၈၃၈ တန် လျော့နည်းနေကြောင်းသိရှိရပါတယ်။
            ယဉ်ယဉ်အေး
 

Agency Ministry of Foreign Affairs
Category General