(၁၆)ကြိမ်မြောက် မြန်မာ-တရုတ်နယ်စပ် ကုန်သွယ်ရေးကုန်စည်ပြပွဲ (မူဆယ်) ကျင်းပမည့်ရက်ရွှေ့ဆိုင်း

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရတို့ ၁၉၉၇ ခုနှစ်က ရေးထိုးခဲ့သော မြန်မာ-တရုတ် နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီမှုစာချုပ်အရ (၁၆)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲ (မူဆယ်)နှင့် (၁၂) ကြိမ်မြောက် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီ အစည်းအဝေးအား ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁၄ ရက်မှ ၁၆ ရက်အထိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်မြို့၊ မင်္ဂလာမူဆယ်ဈေး အထူးစီးပွားရေးဇုန်တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဦးဆောင်၍New Star Light Construction Co., Ltd.  တို့ ပူးပေါင်းပြီး ကျင်းပပြုလုပ်ရန် ကြေညာခဲ့ပါသည်။
သို့ရာတွင် မူဆယ်မြို့၏ လက်ရှိလုံခြုံမှု အခြေအနေများ အရ ကုန်စည်ပြပွဲအတွက် ပြင်ဆင်ခြင်း၊ ကုန်စည်ပြပွဲနှင့် ဆက်စပ်အစည်းအဝေးများ ကျင်းပပြုလုပ်ခြင်း တို့အား ဒေသနှင့် လမ်းကြောင်းတစ်လျှောက် လုံခြုံမှု အခြေအနေများ ကောင်းမွန်ချိန်အထိ ရက်ရွှေ့ဆိုင်းမည်ဖြစ်ပြီး ပြပွဲပြန်လည် ကျင်းပမည့်ကာလကို ထပ်မံ အသိပေးကြေညာသွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။                                                                                                         ဝင်းသန်းကျော် (Myantrade)
 

Agency Ministry of Foreign Affairs
Category General