မန္တလေးနဲ့ တောင်ကြီးမှာ ဓာတ်မြေဩဇာဈေးကွက်အရောင်းအေး

နိုဝင်ဘာ ၂၀ ရက်မှ ၂၆ရက်အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေလမ်း မှ မြေဩဇာတန်ချိန် ၂၈၈၀ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်က   တန်ချိန် ၂၄၉၀ ကျော်ဝင်ခဲ့တာကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၄၀ဝ နီးပါး အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေဩဇာအဝင်မှာ တန်ချိန် ၄၀၈၀ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၀၃၅၀  ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်မှာ တန်ချိန် ၆၂၆၀ အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းမှအဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ မြေဩဇာအဝင်လျော့ခဲ့ပါတယ်။
မော်လမြိုင်ဈေးကွက်မှာ မြေဆီအရောင်းအဝယ်ပုံမှန်ရှိပြီးဈေးငြိမ်နေ တယ် လို့  သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ပုလဲ-အသေး ၄၆%(ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်-တရုတ်) ကျပ်၂၀၈၀ဝ၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅ (ထိုင်း) ကျပ်၃၅၀ဝဝ၊ ကွန်ပေါင်း (ပန်းရောင်) ကျပ်၂၉၀ဝဝ၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ကျပ်၂၁၀ဝဝ၊ တီစူပါ  ၄၆% (သံကွင်း-တရုတ်) ကျပ် ၂၀ဝဝဝနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ယခင်ဈေးနဲ့  အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား (နေရွက်လှေ-တရုတ်)ကျပ် ၂၃၃၀ဝ၊ ယူရီးယား (ရွှေတောင်-တရုတ်) ကျပ် ၂၃၂၀ဝ၊ တီစူပါ (သံကွင်း-တရုတ်) ကျပ် ၂၃၀ဝဝ၊ ပိုတက်(အိန္ဒိယ) ကျပ် ၂၄၅၀ဝ၊ ကွန်ပေါင်း ၁၅း၁၅း၁၅ ကျပ် ၃၇၈၀ဝ ဈေးရှိတယ်လို့ မြေဩဇာအရောင်း ဆိုင်မှ စုံစမ်းသိရှိရပါတယ်။
တောင်ကြီးဈေးကွက်မှာ  မြားကမ္ဘာနဲ့ ယူရီးယား-ပုလဲမြေဩဇာဈေး နည်း နည်းမြင့်လာပြီး တီစူပါနဲ့ပိုတက်က ဈေးနည်းနည်းကျလာကာ ကျန်မြေဩဇာများက ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ဈေးကွက်ထဲမှာ  တီစူပါ၁၅ ပတ်လည်သာနည်းနည်း အရောင်းအဝယ်ဖြစ်ပြီး ကျန်မြေဩဇာများက အရောင်းအေးတယ်လို့ သိရပါတယ်။မြှားကမ္ဘာကကျပ်၉၀ဝနဲ့ ယူရီးယားက ကျပ်၂၈၀ဝဈေးမြင့်ခဲ့ပြီး တီစူပါ ၁၅ ပတ်လည် ကျပ်၂၀ဝ၊ပိုတက် ကျပ်၁၀ဝဝ၊ တီစူပါ ၂၀% ကျပ်၇၀ဝ ဈေးကျခဲ့တယ်လို့ သိရပါ တယ်။ ဈေးကွက် အရောင်းအဝယ်ဖြစ်နေတဲ့  ဈေးမှာ (ကမ္ဘာလုံး-တရုတ်) ကျပ် ၂၁၈၀ဝ ၊ ယူရီးယား(ရွှေတောင်-တရုတ်)ကျပ်၂၁၈၀ဝ ၊  ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၁၈၀ဝ၊ တီစူပါ၂၀% (တရုတ်) ကျပ် ၁၂၃၀ဝ ၊ ပိုးသတ်ဆေး ကျပ်၁၉၀ဝ၊ တီစူပါ ၁၅ ပတ်လည်(တရုတ်) ကျပ် ၃၆၅၀ဝ ၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)ကျပ် ၁၆၀ဝဝ၊ ဓာတ်ဆား (တရုတ်) ကျပ် ၁၄၅၀ဝ၊ ပိုတက်(တရုတ်) ကျပ်၂၃၅၀ဝ၊ ယူရီး ယား (ယူအေအီး) ကျပ် ၁၉၀ဝဝ ၊ မြားကမ္ဘာ ကျပ်၁၅၅၀ဝ ဈေးနဲ့အရောင်း အဝယ် ဖြစ်တယ်လို့ ဈေးကွက် အတွင်းမှ စုံစမ်းသိရပါတယ်။
မန္တလေးဈေးကွက်မှာ  မြေဩဇာ အရောင်းအဝယ်အေးပြီး   ဈေးငြိမ်နေ တယ်လို့   သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့   ဈေးမှာ ယူရီးယား    (ရွှေတောင်-တရုတ်)ကျပ် ၂၁၀ဝဝ၊ ယူရီး ယား( ပန်းဖူး-တရုတ်) ကျပ် ၂၀၈၀ဝ၊ တီစူပါ(၄၆%-တရုတ်) ကျပ် ၁၈၁၀ဝ၊ မြားသီးစုံ ကျပ် ၁၄၂၀ဝ၊ ပန်းသီးစုံ ကျပ် ၁၄၅၀ဝ၊ ကွန်ပေါင်း ၁၀း၁၀း၅ ကျပ် ၁၄၂၀ဝ နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General