ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေသော်လည်း ပြည်တွင်းငွေလဲနှုန်းများ မြင့်တက်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်း အနည်းငယ်သာကျဆင်း

ယခုတစ်ပတ်အတွင်း ကမ္ဘာ့ရွှေဈေးများ ကျဆင်းနေသော်လည်း ပြည်တွင်း ငွေလဲနှုန်းများ မြင့်တက်နေသဖြင့် ပြည်တွင်းရွှေဈေးနှုန်းမှာ အနည်းငယ်သာ ကျ ဆင်းလာခဲ့ကြောင်း ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
]]ဒီတစ်ပတ်က တကယ်ဆိုရင် ပြည်တွင်းရွှေဈေးက ကျလာရမှာ။ ကမ္ဘာ့ရွှေ ဈေးက အမေရိကန်ဒေါ်လာ ၁၁၇၈ ဒေါ်လာအထိ ကျဆင်းသွားပေမယ့် ဒီကငွေလဲနှုန်းကြောင့် ပြည်တွင်းရွှေဈေးက ကျသင့်သလောက်မကျဘူး ဖြစ်သွားတယ်။ ရွှေဈေး နည်းနည်းကျလာတဲ့အတွက် ဈေးကွက်ထဲမှာတော့  အရောင်းအဝယ်အနည်း ငယ်ပြန်ဖြစ်လာပါတယ်။ ဈေးကျတော့ အရောင်းထက် အဝယ်က ပိုများလာတာပါ}}ဟု ရွှေကုန်သည်ဦးစံမြင့်က ဆိုသည်။
ပြည်တွင်းရွှေဈေးကွက်တွင် နိုဝင်ဘာ ၂၈ ရက်က အခေါက်ရွှေ တစ်ကျပ် သားလျှင် ကျပ် ၈၆၀ဝဝဝ ရှိခဲ့ရာမှ ဒီဇင်ဘာ ၁ ရက်တွင် ကျပ် ၈၅၈၀ဝဝ သို့ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် ကျပ် ၈၅၆၅၀ဝ သို့ ဆက် လက်ကျဆင်းခဲ့သည်။
ကမ္ဘာ့ရွှေဈေးသည် နိုဝင်ဘာ ၂၈ ရက်က တစ်အောင်စလျှင် အမေရိ ကန် ဒေါ်လာ ၁၁၉၅ ဒေါ်လာရှိခဲ့ရာမှ  နိုဝင်ဘာ ၃၀ ရက်တွင် ၁၁၉၂ ဒေါ်လာသို့ ကျဆင်းခဲ့သည်။ ဒီဇင်ဘာ ၁ ရက်တွင် ၁၁၇၂ ဒေါ်လာသို့ ဆက်လက်ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် ၁၁၇၈ ဒေါ်လာရှိခဲ့သည်။                      မယ်သီတာ
 

Agency Ministry of Foreign Affairs
Category General