ရှမ်းနနွင်းကို ပြည်တွင်းလက်လီသမားများဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်

ရှမ်းနနွင်းလည်း ပုံမှန်တော့ အရောင်းအဝယ်   ဖြစ်နေတယ်လို့သိရ ပါတယ်။ အောင်ပန်းဈေးကွက်ကိုဝင်တဲ့ တောင်ပို့လ၊ ဟိုပုံး၊ အင်းလေး၊ ဆင်တောင် စတဲ့ နနွင်းတွေမှာ ဒီတစ်လမှာအများဆုံး အရောင်းအဝယ်ဖြစ်ခဲ့တဲ့ နနွင်းကတော့ဆင်တောင်နနွင်းနဲ့ တောင်ပို့လနနွင်းတို့ဖြစ်ပါတယ်။ ပြည် တွင်းသုံးအတွက်သာ  အဝယ်ရှိခဲ့ပြီး ပြည်ပဝယ်လက်ကတော့အမေးသာ ရှိပြီး လက်တွေ့တော့  အဝယ်မရှိသေး ဘူးလို့လည်းသိရပါတယ်။ နနွင်းအသစ် တွေကတော့ လာမယ့်နှစ်စပိုင်းကစပြီး တော့ ဈေးကွက်ကို ဝင်လာနိုင်တယ်လို့ လည်းသိရပါတယ်။ အခုလောလော ဆယ်တော့အောင်ပန်းဈေးကွက်မှာ တောင်ပို့လနနွင်းတွေက ကုန်သလောက် ဖြစ်သွားပါပြီ။ ပြည်တွင်းသုံး လက်လီ သမားတွေက အမှုန့်ကြိတ်ဖို့အတွက်(ထိပ်စ) ဖြစ်တဲ့ ဆင်တောင်နနွင်းကို ဝယ်ယူသလိုခြင်ဆေးခွေပြုလုပ်ဖို့ အတွက်   တောင်ပို့လနနွင်းကိုလည်း ဝယ်ယူတယ်လို့သိရပါတယ်။ဒီတစ်ပတ်  တော့ လက်လီသမားဖြစ်တဲ့ တောင် တွင်းကြီး၊ ဝမ်းတွင်း၊ မိတ္ထီလာစတဲ့မြို့ တွေက ဝယ်ယူနေလို့ နိုဝင်ဘာလအတွင်းမှာ နနွင်းပိဿာချိန်ပေါင်း ၂ဒသမ ၈ သိန်းအရောင်းအဝယ် ဖြစ် ခဲ့တယ်လို့သိရပါတယ်။ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ   နနွင်းတစ်ပိဿာ ပေါက်ဈေးတွေက တောင်ပို့လစက ကျပ် ၁၅၀-၁၆၀၊ဆင်တောင် နနွင်းကတစ်ပိဿာ ကျပ် ၂၅၀ဝ- ၂၆၀ဝ ဈေးရှိပါတယ်။    
ဧခိုင်(တောင်ကြီး)
 

Agency Ministry of Foreign Affairs
Category General