မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလကုန်ပတ်ပဲဈေးကွက်၊ ဈေးအတက်အကျနဲ့ ပဲဟောင်းပဲသစ်အရောင်းအဝယ်ဖြစ်နေ

မုံရွာကုန်စည်ဒိုင် နိုဝင်ဘာလကုန်ပတ် ပဲဈေးကွက်မှာ ပဲဟောင်းအချို့ ဈေးအနည်းငယ်မြောက်ခဲ့ပြီး    ပဲသစ်ပေါ်စ၊ ပဲတီစိမ်း၊   မတ်ပဲနဲ့ပဲလွန်းပြာတွေ ဈေးတက်ခဲ့ကာ ပဲဟောင်း ဈေးကွက်မှာတော့ ပဲလက်လီအဝယ်သာရှိခဲ့တယ်လို့ ဒိုင် ရပ် ကွက်က သိရပါတယ်။   ယခုတစ်ပတ်မှာ   ကုလားပဲမျိုးစုံ ဈေးကွက်အနေနဲ့ ဒေသတွင်းလုပ်ငန်းသုံးနဲ့ မျိုးအတွက်အဝယ် ရှိခဲ့လို့ ဆက်လက်ဈေးမာခဲ့ရာ ဠ၂ တစ်တင်း  ကျပ် ၄၆၅၀ဝ၊ ထိုင်ဝမ်တစ်တင်းကျပ် ၄၅၅၀ဝ နဲ့ ၉၂၉ တစ်တင်းကျပ် ၄၄၀ဝဝ အသီးသီး အမြင့်ဈေးရခဲ့ကာ တစ်ရက်အိတ် ၂၀ဝခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ ဒိုင်ရပ်ကွက်က ဆိုပါတယ်။
ယခုတစ်ပတ်မှာလည်း   ဝယ်လိုအားမရှိသလောက် ဖြစ်ခဲ့လို့ ငုံနီမှာတစ်တင်း ကျပ် ၂၈၅၀ဝ ဈေးနဲ့ ဆက်လက်ငြိမ် နေတာတွေ့ရပါတယ်။ မတ်ပဲဈေးကွက်မှာတော့ ယခင်တစ် ပတ်မှာ   အဟောင်းတစ်တင်း  ကျပ် ၃၅၀ဝဝ မှ ယခုကျပ် ၃၉၀ဝဝနဲ့ တက်ဈေးဖြစ်ခဲ့ပေမယ့် မတ်ပဲ(အသစ်က) ယခင် တစ်တင်း ကျပ်  ၄၀ဝဝဝ မှ ယခုကျပ် ၃၄၀ဝဝ အထိကျဆင်း သွားတာတွေ့ရပါတယ်။ ပဲတီစိမ်းဈေးကွက်မှာလည်း စိမ်းကြီး ဈေး တစ်တင်း ကျပ် ၄၀ဝ ခန့် ကျဆင်းပြီး၊ ကျပ် ၂၂၀ဝဝ သာ အမြင့်ဈေးရခဲ့ကာ စိမ်းသေးကတော့ ကျပ် ၂၃၀ဝဝ နဲ့ဈေးငြိမ် နေတာတွေ့ရပါတယ်။
ပဲကြီးဈေးအနည်းငယ်တက်ခဲ့ကာ    တစ်တင်း ကျပ် ၂၇၅၀ဝအထိ အမြင့်ဆုံးဈေးရခဲ့သလို ယခုတစ်ပတ်မှ ဒိုင်ကို စဝင်လာတဲ့ ပဲလွန်းပြာ(အသစ်) က တစ်တင်းကျပ် ၂၆၀ဝဝနဲ့ ဈေးကောင်းရခဲ့တာတွေ့ရပါတယ်။   လက်လီပဲဈေးကွက် အနေနဲ့  မလွမ်းပိုပဲတစ်တင်း ကျပ် ၂၀၅၀ဝ၊ ပုဂံပဲတစ်တင်း ကျပ် ၂၅၀ဝဝ နဲ့ ပဲပုပ်စေ့တစ်တင်းကျပ် ၁၉၈၀ဝ၊ ပဲယင်းဝါကြီး တစ်တင်းကျပ် ၁၆၅၀ဝ အသီးသီး   ဈေးဆက်လက်ငြိမ်ကာ လက်လီပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တာတွေ့ရပါတယ်။
ယခုတစ်ပတ်မြေပဲလုံးဆန်ဈေးကွက်အနေနဲ့ ဆက် လက် ဈေးမာနေရာ မြေပဲလုံးဆန်(နီ) တစ်ပိဿာ (အဟောင်း) ကျပ် ၂၃၀ဝ၊ အသစ် ကျပ် ၂၁၀ဝ၊ လုံးဆန်(ဖြူ) တစ်ပိဿာ (အဟောင်း)ကျပ်၂၀၅၀၊ အသစ် ၂၄၇၅ ကျပ်အသီးသီးဖြစ်ပေါ် ခဲ့ပြီး ဆီဆန်ကတော့ တစ်ပိဿာ ကျပ် ၁၉၀ဝ မှ ကျပ် ၁၇၀ဝ အထိ ကျဈေးဖြစ်ခဲ့တာတွေ့ရပါတယ်။ အရောင်းအဝယ်အား ဖြင့် မြေပဲ(လုံးဆန်) တစ်ရက်အိတ် ၁၀ဝဝခန့်အထိ ဖြစ်ခဲ့တယ် လို့သိရပါတယ်။ နှမ်းမျိုးစုံဈေးကွက်မှာလည်း အနည်းငယ် တက်ဈေးဖြစ်ခဲ့ကြရာ နှမ်းဖြူ တစ်တင်းကျပ် ၃၁၀ဝဝ၊ နှမ်းဝါ တစ်တင်း  ကျပ် ၂၆၀ဝဝ နဲ့  နှမ်းနက်တစ်တင်း ကျပ် ၄၉၀ဝဝ အသီးသီးပေါက်ဈေးဖြစ်ပေါ်ခဲ့တယ်လို့   မုံရွာကုန်စည်ဒိုင် ရပ်ကွက်မှ လေ့လာသိရှိရပါတယ်။              ထွန်းလှိုင်-မုံရွာ
 

Agency Ministry of Foreign Affairs
Category General