စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်မော်တော်ယာဉ်တင်သွင်းခြင်းနှင့်သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ (၄/၂၀၁၆) ကြိမ်မြောက် အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

မော်တော်ယာဉ် တင်သွင်းခြင်း နှင့် သက်ဆိုင်သောလုပ်ငန်းများ  ကြီး ကြပ်ရေးကော်မတီ၏ (၄/၂၀၁၆) ကြိမ် မြောက် အစည်းအဝေးကို နိုဝင်ဘာ ၂၉ ရက်က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး  ဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက် ဆိုင်သော လုပ်ငန်းများ ကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် တက်ရောက်အမှာ စကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးက   အမှာ စကား ပြောကြားရာတွင် မော်တော် ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍ ဌာန ဆိုင်ရာများအနေဖြင့်  အချိန်နှင့် တစ်ပြေးညီ    ညှိနှိုင်းပေါင်းစပ်ခြင်းဖြင့် တွေ့ကြုံရသည့်   အခက်အခဲများကို ဝိုင်းဝန်းအဖြေရှာ ဆောင် ရွက်ခြင်းဖြင့် မှန်ကန်သော   ဆုံးဖြတ်ချက်ချမှတ် ဆောင်ရွက်ခြင်းသည် အရေးကြီးသော အချက်ဖြစ်ပြီး ကောင်းမွန်သော ရလဒ် ရရှိနိုင်မှာဖြစ်ကြောင်း၊    ယခုအစည်း အဝေးတွင် မော်တော်ယာဉ်တင်သွင်း ခြင်းနှင့်ပတ်သက်၍ တွေ့ကြုံရသည့် အခက်အခဲများ၊ ပြဿနာများ၊ ဖြစ်သင့် ဖြစ်ထိုက်သည်များကို   ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆုံးဖြတ် ဆောင်ရွက်နိုင်ရေးအတွက် ကောင်းမွန် သော အကြံပြု   ဆွေးနွေးချက်များဖြင့် ဆွေးနွေးညှိနှိုင်းပေးကြရန် ပြောကြား သည်။
ထို့နောက် တက်ရောက်လာကြ သည့် ဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ် များက လုပ်ငန်းများ ဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးက သက် ဆိုင်ရာဌာနများ၏   သတ်မှတ်ထား သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ ညှိနှိုင်း    ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

MOC (IR)

Agency Ministry of Foreign Affairs
Category General