ထန်းပင်မြစ် စိုက်ပျိုးရောင်းချသူများ ဝင်ငွေကောင်း

ဆားလင်းကြီးမြို့နယ်ရှိ သဲကောကြီးကျေးရွာ၊ ထန်းတောကြီးကျေးရွာနှင့် လယ်တီကျေးရွာတို့တွင် ဆောင်းရာသီအညာဒေသ၏ ရာသီစာအစားအစာ တစ်မျိုးဖြစ်တဲ့ ထန်းပင်မြစ်များ ရောင်းအားကောင်းလျက်ရှိကြောင်း သိရှိရပါတယ်။
ထန်းသီးရင့်ရင့်များကို ဝါခေါင်လနှင့်တော်သလင်းလတို့တွင် ခူးဆွတ်ကာ ကျင်းတူး၍ စတင်စိုက်ပျိုးထားပြီး တန်ဆောင်မုန်းလဆန်းပိုင်းမှစတင်၍ ထန်းပင်မြစ်များကို တူးဖော်ရောင်းချကြပါတယ်။  ရောင်းချရာတွင်လည်း မုံရွာသို့သွားရောက်၍
ကိုယ်တိုင်ရောင်းချကြသလို ဖောက်သည် ပေးပို့ရတာလည်းရှိပါတယ်။ ၂၅ ချောင်းပါ  တစ်စီးလျှင် ကျပ် ၈၀ဝ ဖြင့်လည်းကောင်း၊ ကျပ် ၁၀ဝဝ ဖြင့်လည်းကောင်း အမျိုးအစားခွဲ၍ပြီး ရောင်းချရပါတယ်။ မြေအမျိုးအစားပေါ်မူတည်၍ ဈေးကွာသွား
တာရှိပါတယ်။ မြေနီ မှာစိုက်ပျိုးတဲ့ ထန်းပင်မြစ်ကတော့ ဈေးနည်းနည်းလျော့ပါတယ်။ တနယ်မြေ(မြေနက်) မှာ ပေါက်တဲ့ရုက္ခစိုးထန်းပင်မြစ်ကတော့ မြေနီမှာစိုက်တဲ့ ထန်းပင်မြစ်ထက် ဈေးပိုရပြီး ပိုစားလို့ကောင်းတယ်လို့သိရပါတယ်။
ထန်းပင်မြစ်ပေါက်က ဆောင်းရာသီ အစားအစာဖြစ်ပြီး  တောရောမြို့ပါမကျန်၊ ကလေးလူကြီးမရွေးကြိုက်နှစ်သက်ကြသလို မီးဖုတ်၍ဖြစ်စေ၊ ရေနှင့်ပြုတ်၍ဖြစ်စေ၊ ငရုတ်ဆုံတွင်ထုထောင်းပြီး ဆီ၊ ဆားတို့နှင့်တို့ကာစားလျှင်လည်း အရသာ
ထူးတာမို့ စားသုံးသူတွေကလည်း ကြိုက်တဲ့အတွက် ဈေးကောင်းလည်းရပြီးထန်းပင်မြစ် စိုက်ပျိုးရောင်းချသူတွေ ဝင်ငွေကောင်းကြောင်း သဲကောကြီးကျေးရွာမှ ထန်းပင်မြစ်ရောင်းချသူကို ကုဋေမိုးကပြောပါတယ်။    မိုးမိုးမြင့်(ဆားလင်းကြီး)

Agency Ministry of Foreign Affairs
Category General