မြန်မာ့ပျားရည် ပြည်တွင်းသုံးစွဲမှုထက် ပြည်ပဈေးကွက်သို့ ပိုမိုတင်ပို့

မန်မာ့ပျားရည်ကို ပြည်တွင်းစားသုံးမှုထက်  ပြည်ပဈေးကွက်သို့ပိုမိုတင်ပို့နေရကြောင်း၊ မြန်မာနိုင်ငံတွင် ပျားမွေးမြူရေးကို ၁၉၇၉ ခုနှစ်နဲ့ ၁၉၈၂ ခုနှစ်မှာ စတင်ခဲ့ပြီး ၁၉၈၈- ၁၉၈၉ ခုနှစ်တွင် ဂျပန်နိုင်ငံသို့တင်ပို့ခဲ့ရကြောင်း သိရပါတယ်။ ၂၀၁၃ ခုနှစ်မတိုင်မီအထိ မြန်မာ့ပျားရည်ကို ဂျပန်၊ထိုင်းနဲ့ တရုတ်နိုင်ငံတို့သို့ အဓိက တင်ပို့ခဲ့ရာမှ စီးပွားရေးအခွင့်အလမ်း ပွင့်လင်းလာခဲ့ကြောင်း အမေရိကန်နိုင်ငံနဲ့ ကနေဒါနိုင်ငံတွေကိုပါ တင်ပို့ခဲ့ရပြီးနှစ်အလိုက် ပျားရည်တင်ပို့မှု တိုးတက်ခဲ့တယ်လို့ သိရပါတယ်။မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာ  ၁ ရက်မှ ၁၅ ရက်သီတင်းပတ်တွင်  အမေရိကန်ဒေါ်လာ ၅၆၃၅၀ တန်ဖိုးရှိ ပျားရည်တန် ၈၀ ခွဲ တင်ပို့နိုင်ခဲ့ပါတယ်။ ပျားရည်တစ်တန်ကို လိုင်စင်ဈေး အမေရိကန်ဒေါ်လာ၇၀ဝ ရှိတယ်လို့ သိရပါတယ်။
မော်မော်အောင်
 

Agency Ministry of Foreign Affairs
Category General