နယ်စပ်စခန်းများမှ သစ်သီးဝလံမျိုးစုံတင်ပို့/တင်သွင်း

မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ နိုဝင်ဘာ ၁၂ ရက်မှ ၁၈ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၃၂သန်းတန်ဖိုးရှိ ဖရဲသီး ၁၃၈၀၁ တန်ခွဲ၊ သခွားမွှေး ၈၇၇ တန်ခွဲ၊ နာနတ်သီးတန် ၇၀ နဲ့ အုန်းသီး ၄ တန်တို့ကို တင်ပို့နိုင်ခဲ့သလို အမေရိကန်ဒေါ်လာ၁ ဒသမ ၂၅၄ သန်း တန်ဖိုးရှိတဲ့ ပန်းသီး၊ ပန်းသစ်တော်၊ လိမ္မော်သီးနဲ့စပျစ်သီး တန်ချိန် ၄၀ဝဝ ကို တင်သွင်းခဲ့သလို ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းမှလည်း အမေရိကန်ဒေါ်လာ ၈၉၇၇ တန်ဖိုးရှိ ပန်းသီးတန်၂၀ တို့ကိုတင်သွင်းနိုင်ခဲ့ပါတယ်။မြန်မာ-ထိုင်းနယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၃၃၂၀၃ တန်ဖိုးရှိ ပန်းသီး၊ နဂါးမောက်သီး၊ စပျစ်သီး၊ သရက်သီး၊ နန်းမြားသီး၊ လိမ္မော်သီး၊ ပန်းသစ်တော်သီး၊ ဆီးချိုသီး၊ နာနတ်သီးနဲ့ မန်းကျည်းချိုသီးတန် ၁၈၀ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။      မော်မော်အောင်
 

Agency Ministry of Foreign Affairs
Category General