ဆီထွက်သီးနှံကဏ္ဍ ပို့ကုန်ဝင်ငွေတိုးမြှင့်ရေးစီမံကိန်း အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲနှင့် သင်တန်းများကျင်းပ

အမျိုးသားပို့ကုန်မဟာဗျူဟာအရအကောင်အထည်ဖော်ဆောင်ရွက်နေသည့်ဆီထွက်သီးနှံကဏ္ဍပို့ကုန်ဝင်ငွေတိုးမြှင့်ရေးစီမံကိန်းအစီအစဉ်တစ်ခုဖြစ်သော ပြည်တွင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာကုန်သွယ်ရေးတို့တွင် အထူးလိုအပ်သော အစားအစာဘေးကင်းရေးနှင့်   သန့်ရှင်းရေး အလေ့အကျင့်ကောင်းရှိခြင်းဆိုင်ရာအပင်ပိုးမွှားရောဂါကင်းရှင်းမှု တိုင်းတာသတ်မှတ်ချက်များနှင့် စပ်လျဉ်းသည့်အသိပညာပေး အလုပ်ရုံဆွေးနွေးပွဲနှင့်သင်တန်းများကိုရန်ကုန်မြို့နှင် ့စီမံကိန်းနယ်မြေများဖြစ်သည့်မန္တလေး၊စစ်ကိုင်းနှင် ့မကွေးတိုင်းဒေသကြီးတို့တွင် နိုဝင်ဘာ ၂၁ ရက်မှစ၍ ကျင်းပပေးလျက်ရှိပါသည်။အဆိုပါ ဆွေးနွေးပွဲများတွင် ဆီထွက်သီးနှံတန်ဖိုးကွင်းဆက်တစ်လျှောက် ပါဝင်နေသော ထုတ်လုပ်ပြု ပြင်သူများ၊အဝယ်တော်များ၊ကုန်သည်များ၊ ပို့ကုန်တင်ပို့သူများ၊ စီမံကိန်းအကြံ ပေးဆရာလျှောက်
ထားသူများ၊သက်ဆိုင်ရာဝန်ကြီးဌာနများ၊မျိုးစေ့၊မြေဩဇာနှင့်ဓာတုဆေးဝါးများတင်သွင်းဖြန့်ချိသည့်ကုမ္ပဏီများ၊ပြည်တွင်းဝယ်ယူသူများ ပါဝင်တက်ရောက်လျက်ရှိပါသည်။
ဆီထွက်သီးနှံကဏ္ဍပို့ကုန်ဝင်ငွေတိုးမြှင့်ရေးနှင့်ပတ်သက်သည့်အသိပညာပေးအလုပ်ရုံဆွေးနွေးပွဲကိုရန်ကုန်မြို့စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စတုတ္ထထပ်ရှိ သင်တန်းခန်းမတွင်နိုဝင်ဘာ  ၂၁ ရက်ကကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊  အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနတို့မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းဥက္ကဋ္ဌ  ဦးထွန်းလွင်နှင့် နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနမှ  အရည်အသွေး စီမံခန့်ခွဲမှုကျွမ်းကျင် ပညာရှင် Ludovica Ghizzoni တို့က အမှာစကားအသီးသီး ပြောကြားခဲ့ကြသည်။
ထို့ပြင်  Food Safety  နှင့်  SPS Measure  ပိုင်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့်   နိုင်ငံတကာ ကုန်သွယ်မှုဗဟိုဌာနတို့မှ ကျွမ်းကျင်ပညာရှင်များက အသီးသီး ရှင်းလင်းတင်ပြကြပြီးနောက်အဖွဲ့လိုက် မေးမြန်း ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ထို့နောက် ဆီထွက်သီးနှံကဏ္ဍတွင် Codex HACCP  နှင့်အညီ အစားအစာဘေးကင်းရေးနှင့် သန့်ရှင်းရေး အလေ့အကျင့်ကောင်း
ရှိခြင်းဆိုင်ရာ သင်တန်းဆွေးနွေးပွဲကို နိုဝင်ဘာ ၂၂ ရက်မှ ၂၃ ရက် အထိကျင်းပခဲ့ရာ ဆီထွက်သီးနှံတင်ပို့သူများ၊ ထုတ်လုပ်ပြုပြင်သူများ၊ အဝယ်တော်များ၊ စီမံကိန်း  အကြံပေးဆရာ လျှောက်ထားသူများစုစုပေါင်း ၂၀ ဦးခန့် တက်ရောက်ကြပါသည်။ဆက်လက်၍  အစားအစာဘေးကင်းရေးနှင့်  သန့်ရှင်းရေးအလေ့အကျင့်ကောင်းရှိခြင်းဆိုင်ရာ သုံးသပ်ဆွေးနွေးခြင်းကို  နိုဝင်ဘာ ၂၆ ရက်တွင် ပြုလုပ်ခဲ့ပြီးစီမံကိန်းတွင်ပါဝင်ဆောင်ရွက်ကြမည့်ကုမ္ပဏီများ၊စက်ရုံအလုပ်ရုံများသို့လေ့လာရေးခရီးများကိုလည်းသွားရောက်လေ့လာခဲ့ကြပါသည်။
ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲနှင့် သင်တန်းများနှင့် အလားတူ အစီအစဉ်များကို စီမံကိန်းနယ်မြေများဖြစ်သည့် မန္တလေးမြို့တွင် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ၁၂ ရက်အထိ လည်းကောင်း၊ ပွဲရုံအဝယ်တော်များအတွက် သန့်ရှင်းမှုနှင့် မှတ်တမ်းပြုစုရေးဆိုင်ရာ ဆွေးနွေးပွဲနှင့် လက်တွေ့သင်တန်းများကို မကွေး၊ မုံရွာ၊ မြင်းခြံ၊ အောင်လံမြို့များရှိ စက်ရုံများနှင့် ပွဲရုံများတွင် ဒီဇင်ဘာ ၃ ရက်မှ ၁၁ ရက်အထိ အသီးသီး ကျင်းပသွားမည်ဖြစ်ပြီး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် အဆိုပါမြို့များရှိကုမ္ပဏီများ၊ စက်ရုံအလုပ်ရုံ များသိ ု ့လည်း လေ့လာရေးခရီးများ သွားရောက်မည်ဖြစ်ကြောင်း သိရှ ိရပါသည်။စီမံကိန်းအနေဖြင့် ဆီထွက်သီးနှံကဏ္ဍ၌  အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍမှ ပါဝင်သက်ဆိုင်သူများ အားလုံးကို အပင်ပိုးမွှားကင်းရှင်းရေးအစီအမံများ ကျင့်သုံးရန်နှင့်အပြည်ပြည်ဆိုင်ရာ၊ဒေသတွင်းနှင့်ပြည်တွင်းဈေးကွက်အလားအလာများတိုးတက်လာစေရန်အတွက်ရေရှည်တည်တံ့သော စွမ်းဆောင်ရည်တစ်ရပ် တည်ထောင်ရန်ဖြစ်ပါသည်။                                                                           NES Unit

 

Agency Ministry of Foreign Affairs
Category General