ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်း ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အထောက်အကူပြု အလုပ်ရုံဆွေးနွေးပွဲသို့တက်ရောက်အမှာစကား ပြောကြား

စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသော ]ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားမှုဆိုင်ရာ  လုပ်ထုံးလုပ်နည်းများ အထောက်အကူပြု  အလုပ်ရုံဆွေးနွေးပွဲ}ကိုနိုဝင်ဘာ ၂၃ ရက်က နေပြည်တော် ဟိုတယ်ဇုန်ရှ ိ Hilton Hotelူ ၌  ကျင်းပပြုလုပ်ရာ  စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးရန်နိုင်ထွန်းတက်ရောက်အမှာစကား ပြောကြားခဲ့ပါသည်။
ညွှန်ကြားရေးမှူးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသော အလုပ်ရုံဆွေးနွေးပွဲတွင် ပိုမိုကောင်းမွန်သော စီးပွားရေးပတ်ဝန်းကျင်နှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးတို့အတွက်   သက်ဆိုင်ရာဝန်ကြီးဌာနများအကြားပိုမိုပူးပေါင်းပြီး လုပ်ထုံးလုပ်နည်းများ စည်းချက်ညီညီဖြစ်စေရေးတို့ကို ညှိနှိုင်းဆွေးနွေးကြရန်ဖြစ်ကြောင်း၊ အဆိုပါ ဆွေးနွေးမှုများမှတစ်ဆင့် ပိုမိုလွယ်ကူရှင်းလင်းသည့် ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှု လုပ်ထုံးလုပ်နည်းများကို ဖော်ထုတ်ပြီး အကောင်အထည်ဖော်  ဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ မိမိတို့ဌာနအနေဖြင့် လိုင်စင်ခွင့်ပြုသည့် လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ခြင်း၊ လိုင်စင်လျှောက်ထားရယူရန် လိုအပ်သည့်ကုန်စည်လိုင်းများ ဖြေလျှော့ခြင်းများအပြင် လိုင်စင်ပါ ဈေးနှုန်းစိစစ်ခြင်းကို ဆောင်ရွက်ရာတွင်လည်း ဖြေလျှော့ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ပို့ကုန် သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သည့် ကုန်စည်များအတွက် ထောက်ခံချက်များကိုသက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် လျှောက်ထားရယူရမှာဖြစ်ပြီး၊ ဝန်ကြီးဌာနများအလိုက်  စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများ ရှိပါကြောင်း၊အဆိုပါလုပ်ထုံးလုပ်နည်းများသည် သက်ဆိုင်ရာဝန်ကြီးဌာနများအလိုက် ကွဲပြားမှုရှိပြီး၊ ဌာနများအချင်းချင်း လုပ်ငန်းများထပ်နေသည်များ၊ တစ်ခုနှင့်တစ်ခု  ဆန့်ကျင်ဘက်ဖြစ်နေသည်များကိုရှာဖွေဖော်ထုတ်ပြီး၊ ကုန်သွယ်မှု ပိုမိုလျင်မြန်ချောမွေ့စေရန်နှင့် လုပ်ထုံးလုပ်နည်းများ ပြေပြစ်ချောမွေ့စေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနများအကြား ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရန်၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်း သဘောတူညီချက်ကို ပိုမိုသိနားလည်စေရန်နှင့် နိုင်ငံတကာတွင် ဆောင်ရွက်လျက်ရှိသော သွင်းကုန်လိုင်စင် လုပ်ထုံးလုပ်နည်း အလေအထများကို အသိအမြင်ဖလှယ်ရန် ရည်ရွယ်ပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ လျင်မြန်ချောမွေ့လာတာနှင့်အမျှ မိမိတို့နိုင်ငံ၏ လုပ်ငန်းလုပ်ကိုင်ရန် အခွင့်အလမ်းလည်း ပိုမိုကောင်းမွန်လာမှာဖြစ်ပါကြောင်း၊   ကုန်သွယ်မှုပတ်ဝန်းကျင်ကောင်းတစ်ခု ဖြစ်လာစေရန် မိမိတို့၏ ကြိုးပမ်းမှုအပေါ် ကမ္ဘာ့ဘဏ်မှ များစွာအထောက်အကူပြု ပေးလျက်ရှိပြီး သက်ဆိုင်ရာဌာနများမှ ပူးပေါင်းဆောင်ရွက်ပေးခြင်းကို ကျေးဇူးတင်ပါကြောင်း၊ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ရလဒ်ကောင်းများ ရရှိစေချင်ကြောင်းပြောကြားခဲ့ပါသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့  ကုန်သွယ်ရေးဦးစီးဌာန၊ညွှန်ကြားရေး မှူးချုပ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ကုန်သွယ်မှုနှင့်ဆက်စပ်သည့်အစိုးရဌာနများမှ ဘာသာရပ်ဆိုင်ရာ တာဝန်ခံများ၊ကမ္ဘာ့ဘဏ်မှကျွမ်းကျင်ပညာရှင်များ စုစုပေါင်း၅၀ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကုန်သွယ်ရေးဦးစီးဌာန
 

Agency Ministry of Foreign Affairs
Category General