ဘိလပ်မြေဈေးကွက် ရောင်းအားတက်


နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် ၆၆၀ဝ တန်ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်က ဝင်ရောက်ခဲ့တဲ့ တန်ချိန် ၁၂၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၆၄၀ဝ ကျော်အဝင် ပိုခဲ့ပါတယ်။  ဒီတစ်ပတ်နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ တန်ချိန် ၁၂၆၀ဝ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၇၄၈၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၄၈၀ဝ ကျော် အဝင်လျော့ခဲ့တယ်လို့သိရပါတယ်။ ဒါကြောင့်ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပါတယ်။မော်လမြိုင် ဈေးကွက်မှာ ဘိလပ်မြေအရောင်းအဝယ်ကောင်းတယ်လို့ သိရပါတယ်။ဒီတစ်ပတ်မှာ ကြံ့ (မြိုင်ကလေး) နဲ့ ဆင်က ဈေးငြိမ်နေပြီး စိန်က ကျပ် ၁၀ဝ ပြန်လည်ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ကျပ်၅၃၅၀၊ ကြံ့(မြိုင်ကလေး) ကျပ် ၄၆၅၀၊ စိန်(ထိုင်း)ကျပ်၅၄၀ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။
မန္တလေးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်သွက်ပြီး ဆင်နဲ့ စိန် ဘိလပ်မြေ ဈေးအနည်းငယ်မြင့်ပြီး အေသုံးလုံးက ကျပ် ၁၀ဝ ဈေးကျလာကာ ကျန်ဘိလပ်မြေများက ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ စိန်(ထိုင်း) ကျပ် ၆၈၀ဝ၊ အေသုံးလုံးကျပ် ၄၄၀ဝ၊ မြန်မာဆင် ကျပ် ၄၁၀ဝ၊ဆင်မင်း ကျပ် ၄၂၀ဝ၊ ကျားခေါင်း ကျပ် ၄၀ဝဝ၊ မြင်းခေါင်း ကျပ် ၄၅၀ဝ ၊ ဆင်(ထိုင်း) ကျပ် ၆၇၀ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ရေးဆိုင်မှ စုံစမ်းသိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေကအရောင်းအဝယ် သွက်တယ်လို့ သိရပါတယ်။ စိန်(ထိုင်း)က ဈေးကွက်ပြန်ဝင်လာပြီး ယခင်တစ်ပတ်ဈေးထက် ကျပ် ၂၀ဝဈေးမြင့်လာ ကြံ့နှစ်ကောင် (စိမ်း)က ၁၀ဝကျပ်ဈေးကျလာပါတယ်။ ဆင်၊ မော်လမြိုင်(ဆင်)နဲ့ ကြံ့နှစ်ကောင်(နီ) ဘိလပ်မြေဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ အထိုင်ဈေးမှာ ဆင်(ထိုင်း)ကျပ်၅၉၀ဝ၊ စိန်(ထိုင်း)ကျပ် ၅၆၀ဝ၊ ကြံ့နှစ်ကောင် (နီ) ကျပ်၄၈၀ဝ၊ ကြံ့နှစ်ကောင်(စိမ်း) ကျပ် ၄၅၀ဝ၊မော်လမြိုင် (ဆင်) ကျပ်၅၄၀ဝ နဲ့ အရောင်းအဝယ်ဖြစ်ပြီး ဆိုင်အရောက်ဈေးအနေနဲ့ ဆင်(ထိုင်း) ကျပ်၅၇၀ဝ၊ စိန်(ထိုင်း)ကျပ် ၅၄၀ဝ၊ ကြံ့နှစ်ကောင်(စိမ်း)ကျပ် ၄၄၀ဝ၊ကြံနှစ်ကောင် (နီ)ကျပ် ၄၇၀ဝ ဈေးရှိတယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။
 

Agency Ministry of Foreign Affairs
Category General