ရန်ကုန်နဲ့ မော်လမြိုင်ဓာတ်မြေဩဇာဈေးကွက် အရောင်းပုံမှန်ရှိ

နိုဝင်ဘာ ၁၃ ရက်မှ ၁၉ ရက်အထိ သီတင်းပတ်အတွင်း ပြည်တွင်းသို့ ရေ လမ်းမှ မြေဩဇာတန်ချိန် ၂၄၉၀ ကျော်အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်က  တန်ချိန် ၂၁၆၃၀ ကျော်ဝင်ခဲ့တာကြောင့် ယခုတစ်ပတ်မှာ တန်ချိန် ၁၉၀ဝဝ ကျော် အဝင် လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ် မြေဩဇာအဝင်မှာ တန်ချိန် ၂၀ဝဝ ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၁၁၇၀ဝ  ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၉၇၀ဝ အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေကြောင်းရော နယ်စပ်လမ်းမှပါ မြေဩဇာအဝင်လျော့ခဲ့ပါတယ်။မော်လမြိုင်ဈေးကွက်မှာ  မြေဆီအရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ကုမ္ပဏီရဲ့ ရောင်းဈေးကျလို့ မြေဆီဈေးများလည်း ကျလာခဲ့တယ်လို့ သိရပါတယ်။ ပုလဲအသေး ၄၆% ၂၀ဝ ကျပ်၊ ကွန်ပေါင်း နဲ့တီစူပါ က ၅၀ဝ ကျပ် ဈေးကျလာပြီး ကျန်မြေဩဇာများက ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးမှာ ပုလဲ-အသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်-တရုတ်) ကျပ်၂၀၈၀ဝ၊ ကွန်ပေါင်း (အစိမ်း) ၁၅း၁၅း၁၅
(ထိုင်း) ကျပ် ၃၅၀ဝဝ၊ ကွန်ပေါင်း (ပန်းရောင်) ကျပ်၂၉၀ဝဝ၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း) ကျပ် ၂၁၀ဝဝ၊ တီစူပါ ၄၆% (သံကွင်း-တရုတ်) ကျပ်၂၀ဝဝဝနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။
ရန်ကုန်ဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ ငွေဈေးတက်လာတာကြောင့် မြေဆီဈေးတွေလည်း တက်လာတယ်လို့ သိရပါတယ်။ ယူရီးယား (နေရွက်လှေ) ကျပ်၃၂၀ဝ ၊ တီစူပါ ကျပ် ၅၀ဝဝ ၊ ပိုတက် ကျပ် ၄၀ဝဝ နဲ့ ကွန်ပေါင်း ၁၅ ပတ်လည်(ထိုင်း) မြေဩဇာက ၃၀ဝ ကျပ် ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ  အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား(နေရွက်လှေ-တရုတ်) ကျပ် ၂၃၃၀ဝ ၊ ယူရီးယား ( ရွှေတောင်-တရုတ်) ကျပ်၂၃၂၀ဝ၊ တီစူပါ (သံကွင်း-တရုတ်) ကျပ် ၂၃၀ဝဝ၊ ပိုတက်(အိန္ဒိယ) ကျပ်၂၄၅၀ဝ၊ ကွန်ပေါင်း၁၅း၁၅း၁၅ ကျပ် ၃၇၈၀ဝ ဈေးရှိတယ်လို့ မြေဩဇာအရောင်းဆိုင်မှ စုံစမ်းသိရှိ ရပါတယ်။
တောင်ကြီးဈေးကွက်မှာ  အရောင်းအဝယ် အေးနေတယ်လို့ စိုက်ပျိုးရေးအရောင်းဆိုင်မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ဈေးကွက်ထဲ မှာ ယခင်တစ်ပတ်ဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်နေပြီး အရောင်းအဝယ် ဖြစ်နေတဲ့ဈေးမှာ ယူရီးယား (ကမ္ဘာလုံး-တရုတ်) ကျပ်၁၉၀ဝဝ ၊ ယူရီးယား(ရွှေတောင်-တရုတ်)ကျပ်၁၉၇၀ဝ၊ ယူရီးယား (ပန်းဖူး-တရုတ်) ကျပ်၂၀၃၀ဝ၊ တီစူပါ၂၀% (တရုတ်) ကျပ် ၁၂၅၀ဝ၊ပိုးသတ်ဆေး ကျပ်၁၉၀ဝ၊ တီစူပါ ၁၅ ပတ်လည် (တရုတ်) ကျပ် ၃၆၅၀ဝ ၊ တီစူပါ ၁၀း၁၀း၅ (တရုတ်)ကျပ်၁၆၀ဝဝ၊ ဓာတ် ဆား (တရုတ်) ကျပ် ၁၄၅၀ဝ၊ ပိုတက်(တရုတ်) ကျပ်၂၄၅၀ဝ၊   ယူရီးယား (ယူအေအီး) ကျပ် ၁၉၀ဝဝ၊ မြားကမ္ဘာကျပ်၁၄၆၀ဝ ဈေးနဲ့အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရပါတယ်။
မန္တလေးဈေးကွက်မှာ   မြေဩဇာအရောင်းအဝယ်အေးတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ မူဆယ်လမ်းတွေပိတ်နေတာကြောင့် မြေဩဇာဈေးတွေနည်းနည်းမြင့်လာတယ်လို့ သိရပါတယ်။ ယူရီးယား(ပန်းဖူး) က ကျပ် ၁၈၀ဝ၊ တီစူပါက ကျပ်၆၀ဝဈေးမြင့်ခဲ့ပြီးကွန်ပေါင်းက ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား (ရွှေတောင်-တရုတ်)ကျပ် ၂၁၀ဝဝ၊ ယူရီးယား(ပန်းဖူး-တရုတ်) ကျပ် ၂၀၈၀ဝ၊  တီစူပါ (၄၆%-တရုတ်) ကျပ် ၁၈၁၀ဝ၊ မြားသီးစုံ ကျပ်၁၄၂၀ဝ၊ ပန်းသီးစုံ ကျပ် ၁၄၅၀ဝ၊ကွန်ပေါင်း ၁၀း၁၀း၅ ကျပ် ၁၄၂၀ဝ နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့   သိရပါတယ်။
 

Agency Ministry of Foreign Affairs
Category General