ပထမပုဂ္ဂလိကဘဏ်က ရှယ်ယာတစ်စုကို ကျပ်လေးသောင်းဖြင့် ရောင်းချမည်

YSXတွင်  စာရင်းဝင်ကုမ္ပဏီ အဖြစ် သတ်မှတ်ခြင်းခံရတော့မည့်ပထမပုဂ္ဂလိကဘဏ်သည် ၎င်း၏အစု ရှယ်ယာတစ်စုလျှင် ကျပ်လေးသောင်း ဖြင့်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။ ပထမပုဂ္ဂလိကဘဏ်အနေဖြင့်  ပထမပုဂ္ဂလိကဘဏ်က ရှယ်ယာတစ်စုကို ကျပ်လေးသောင်းဖြင့်ရောင်းချမည်ဖြစ်ကြောင်းသိရသည်။ပထမပုဂ္ဂလိကဘဏ်အနေဖြင့်YSXတွင်စာရင်းဝင်ရန်ယခုနှစ်အစောပိုင်းကာလကတည်းကပင်   ပြင်ဆင်လျက်ရှိရာ  ဒီဇင်ဘာလလယ်ခန့်တွင်တရားဝင်လိုင်စင်ရရှိမည်ဟု ခန့်မှန်းထားသဖြင့်  ဒီဇင်ဘာလကုန်ပိုင်းတွင် စတော့ အရောင်းအဝယ်ပြုလုပ်မည်ဟုပြောကြားခဲ့ခြင်းဖြစ်သည်။ပထမပုဂ္ဂလိကဘဏ်၏ လက်ရှိအစုရှယ်ယာပေါက်ဈေးမှာ ကျပ် ၃၂၀ဝဝရှိပြီး စတော့အိတ်ချိန်းတွင် စာရင်းတင်ပြီးပါက ကျပ်လေးသောင်းဖြင့်ရောင်းချရန်စီစဉ်နေခြင်းဖြစ်သည်။
ပထမပုဂ္ဂလိကဘဏ်သည် အစုရှယ်ယာပေါင်း ငါးသိန်းခန့် ရောင်းချရန် စီစဉ်လျက်ရှိသည်ဟုဆိုသည်။ပထမပုဂ္ဂလိကဘဏ်၏  မတည်ရင်းနှီးငွေမှာ ကျပ်သန်း ၇၆၆၂ ဒသမ ၄၉ ရှိပြီး အပြည်ပြည်ဆိုင်ရာဘဏ်လုပ်ငန်းများ၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်းတစ်ခု ဖြစ်သည့်   MyKyat E နှင့် ပြည်တွင်းဘဏ် လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိသည်။
 

Agency Ministry of Foreign Affairs
Category General