ပြည်တွင်းငွေလဲနှုန်းများ အမြင့်ဆုံးဈေးအဖြစ် ကျပ် ၁၃၅၀ အထိမြင့်တက်ခဲ့ပြီး ပြန်လည်ထုတ်ရောင်းလာမှုများကြောင့် ဈေးပြန်လည်ကျဆင်း

ယခုတစ်ပတ်တွင်  ပြည်တွင်းငွေလဲနှုန်းများသည် အမြင့်ဆုံးဈေးအဖြစ် ကျပ် ၁၃၅၀ အထိ မြင့်တက်ခဲ့ပြီးမှ ပြန်လည်ကျဆင်းလာခဲ့ကြောင်း ငွေလဲဈေးကွက်အတွင်းမှ သိရှိရသည်။ ဈေးကွက်တွင်ဈေးအမြင့်ဆုံးအဖြစ် အမေရိကန်တစ်ဒေါ်လာ
လျှင် ကျပ် ၁၃၅၀ အထိ မြင့်တက်ခဲ့သော်လည်း ဈေးကွက်တွင် ရောင်းချမည့်သူမရှိသည်အထိ ဖြစ်ပေါ်ခဲ့ကာ ဈေးကွက်တွင် ပစ္စည်းပြတ်သည်အထိ ဖြစ်ပေါ်ခဲ့သည်ဟုဆိုသည်။]]ဈေးကွက်ထဲမှာ ပစ္စည်းကိုလိုချင်တာတောင် ဘယ်မှာဝယ်ရမလဲ မသိဘူး။  
ဈေးတက်နေတော့ ကိုင်ထားကြတာ။ ဒါပေမယ့် နိုဝင်ဘာ ၂၃ ရက်က ဒေါ်လာဈေးနဲ့ပတ်သက်ပြီး အစည်းအဝေးထိုင်တယ်လည်း ကြားရောဈေးကျတော့မယ်ဆိုပြီး ပြန်ထုတ်ရောင်းလာကြတယ်။ အဲဒီလိုပြန်ရောင်းလာကြတဲ့အတွက် နိုဝင်ဘာ
၂၅ ရက်ဈေးပိတ်ချိန်ကျတော့ ဈေးပြန်ကျလာတယ်။ ဈေးကျလာတဲ့ အတွက် ဈေးကွက်ထဲမှာ နည်းနည်းတော့ အရောင်းအဝယ်ပြန်ဖြစ်လာတယ်။ ဒေါ်လာဈေးမြင့်တက်နေတဲ့အတွက် ကုန်ဈေးနှုန်းကအစစအရာရာလိုက်ပြီးတက်နေတာ။ ဒေါ်လာ
ဈေးသာ ပြန်ကျသွားတာ၊ ကုန်ဈေးနှုန်းက လိုက်ပြီးကျတာမဟုတ်တော့ ခံစားရတာပြည်သူတွေပဲ။ ဒါကို မထိန်းနိုင်ရင်တော့ ဒုံရင်းက ဒုံရင်းပဲ၊ ဘာမှ ပြောင်းလဲမှာမဟုတ်ဘူး}}ဟု ဈေးကွက်အတွင်း ဒေါ်လာဝယ်ရောင်းပြုလုပ်နေသည့်  ငွေလဲ
စင်တာတစ်ခုမှ သိရသည်။
ပြင်ပငွေလဲစင်တာများတွင် နိုဝင်ဘာ ၂၁ ရက်က အမေရိကန် တစ်ဒေါ်လာ လျှင် ရောင်းဈေး ၁၃၃၅ ကျပ်၊ ဝယ်ဈေး ကျပ်၁၃၃၀ ရှိခဲ့ပြီး နိုဝင်ဘာ ၂၃ ရက်တွင် ရောင်းဈေး ကျပ်၁၃၅၀၊ ဝယ်ဈေး ၁၃၄၅ကျပ်သို့အမြင့်ဆုံးဈေးအဖြစ် မြင့်
တက်ခဲ့သည်။ နိုဝင်ဘာ ၂၅ ရက်တွင် ရောင်းဈေး ၁၃၄၇ ကျပ်၊ ဝယ်ဈေး ၁၃၄၃ကျပ်သို့ အနည်းငယ်ပြန်လည်ကျဆင်းလာခဲ့သည်။                   မယ်သီတာ

Agency Ministry of Foreign Affairs
Category General