ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်းမှ တာဝန်ရှိသူများအား လက်ခံတွေဆုံ

စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး   ဒေါက်တာသန်းမြင့်သည် မြန်မာနိုင်ငံပြောင်း စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း  ဥက္ကဋ္ဌ ဦးမြင့်မောင်ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား  နိုဝင်ဘာ ၂၁ ရက် ၁၁
နာရီတွင်ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌လက်ခံတွေ့ဆုံသည်။ယင်းသို့လက်ခံတွေ့ဆုံရာတွင်မြန်မာနိုင်ငံပြောင်းစိုက်ပျိုးထုတ်လုပ်ရောင်းဝယ်သူများ အသင်းက တောင်သူလယ်သမားများ လက်ရှိကြုံတွေ့ နေရသည့် အခက်အခဲများ၊ ယင်းတို့ကိုကူညီဖြေရှင်းပေးနိုင်ရန်အလို့ငှာ အသင်းမှ အကောင်အထည်ဖော် ဆောင်ရွက်သွားလိုသည့် လမ်းပြမြေပုံ  (Road Map) ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြောင်းတင်ပို့နေမှု အခြေအနေ၊ မိမိဝန်ကြီးဌာနမှ အခြားဆက်စပ် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မည့်အခြေအနေများနှင့်ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက်ရှေ့ဆက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ပြန်လည်ဆွေးနွေးခဲ့ပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲများသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း  သတင်းရရှိသည်။   
MOC (IR)
 

Agency Ministry of Foreign Affairs
Category SPS