မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးရေး စိန်ခေါ်မှုများအပေါ်အိန္ဒိယနိုင်ငံမှ ဘောဂဗေဒပညာရှင်စီပီချန်ဒရာဆီခါ၏အမြင်

၂ဝ၁၆ ခုနှစ်၊ ဩဂုတ် ၂၇ ရက်က မြန်မာနိုင်ငံမှ ဘောဂဗေဒ ပညာရှင်များနှင့် အိန္ဒိယနိုင်ငံမှ ဘောဂဗေဒပညာရှင်များ တွေ့ဆုံဆွေးနွေးကြရာတွင် အခြားအိန္ဒိယပညာရှင် (စီပီ-ချန်ဒရာဆီခါ)ကလည်း မြန်မာနိုင်ငံနှင့်ပတ်သက်သော ဖွံ့ဖြိုးရေး စိန်ခေါ်မှုများကို၎င်း၏အမြင်အတိုင်း ဆွေးနွေးခဲ့ပါသည်။ ထိုသို့  ဆွေးနွေးရာတွင် မြန်မာကဲ့သို့ သော နိုင်ငံတစ်နိုင်ငံ၊ တွေ့ကြုံ ရင်ဆိုင်စရာ၊ ရှောင်ရှားစရာများကိုချင့်ချိန်စဉ်းစားနိုင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း စကားခံထားခဲ့သည်။အမြင်တွေ ကွဲပြားနိုင်စရာရှိကြောင်းကိုလည်း ကြိုတင်ဝန်ခံထားခဲ့သည်။သူက မြန်မာနိုင်ငံသည်အကြောင်းတရားသုံးခုကြောင့် ထူးခြားနက်နဲကြောင်း၊ ၎င်းတို့မှာ (၁) အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ကူးပြောင်းခြင်း၊ (၂) ဆုံးဖြတ်ချက်များ ချမှတ်ရာတွင် ဗဟိုမှချုပ်ကိုင်ခြင်း၊ (၃အထီးကျန်နိုင်ငံဘဝကို ပြင်ပကလည်းပို့၊ ကိုယ်တိုင်ကလည်း ရွေးချယ်ကျင့်သုံးခဲ့ခြင်းတို့ ဖြစ်သည်။ ထိုအခြေအနေ သုံးခုကြောင့် အမြင်များအပေါ် ဩဇာသက်ရောက်ခြင်း၊ အချို့သော ရွေးချယ်စရာလမ်းကြောင်းများကို ငြင်းပယ်ခြင်းများ  ဖြစ်စေခဲ့သည်။ယခုဆွေးနွေးရာတွင် နောက်ကြောင်းပြန်မသွားဘဲ အနာဂတ်အတွက်အတွေးသစ်များဖော်ထုတ်ရန် ရည်ရွယ်ပါသည်ဖွံ့ဖြိုးရေးမဟာဗျူဟာ တစ်ခုသည်   အထူးသတ်မှတ်ထားသောလုပ်ငန်းစီမံကိန်းများ၊ အချို့သော လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံမှုနှင့်သာမန်အသုံးစရိတ်အချို့ကို သေချာပေါက်ခွဲဝေပေးသော မဟာဗျူဟာတစ်ခုလည်း ဖြစ်ပါသည်။ အထူးသဖြင့် ထိုသို့သော ဦးစားပေးအစီအစဉ်ကို ဈေးကွက်တွင် ထင်ထင်ရှားရှား သိသိသာသာ မတွေ့ရပါ။ သို့သော်လည်း ဈေးကွက်တွင်  အားနည်း ချက်များ၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကဲ့သို့သော၊ ဒုက္ခပေးသည့် နယ်ပယ်များလည်း ရှိပါသည်။အများအားဖြင့် ဈေးကွက်၏ အားနည်းချက်နှင့်  ပတ်သက်၍ အသုံးများသည့် ဥပမာတစ်ခုမှာ နိုင်ငံတစ်နိုင်ငံလုံး၏   စီးပွားရေးအတွက်သိသိသာသာ အကျိုးထူးပြီး ပြင်ပ အကျိုးသက်ရောက်မှု ကြီးမားသည့်အခြေခံ အဆောက်အအုံ ကဲ့သို့သော ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခြင်းမရှိသည့် ကိစ္စပင် ဖြစ်ပါသည်။ ထိုကဲ့သို့သော အခါမျိုးတွင်မူဝါဒဆိုင်ရာ ရည်မှန်းချက်များ အောင်မြင်ပေါက်မြောက်ရေးအတွက်
အစိုးရက ဝင်ရောက်စွက်ဖက်ခြင်း၊ ကြိုတင်စီမံကိန်းချထားသောစွက်ဖက်ခြင်းများ လိုအပ်မည်ဖြစ်ပါသည်ဤသို့သော မဟာဗျူဟာမျိုးတွင် မည်သို့ပင် ရေရေရာရာ မရှိစေကာမူ လိုအပ်သော ရင်းနှီးမြှုပ်နှံမှုများနှင့် အသုံးစရိတ်များ (အထူးသဖြင့် ပြည်သူပိုင်ကဏ္ဍတွင်  ရင်းနှီးမြှုပ်နှံမှုများ) ရရှိရေးအတွက်လျာထားချက်တွေ၊ ရည်မှန်းချက်တွေ ထားရှိရပါမည်။ တစ်ဖက်တွင်ဦးစားပေးနယ်ပယ်များ၌ ရောင်းလိုအားတက်လာသောအခါ ထိုတက်လာသော ရောင်းလိုအားနှင့် လိုက်လျောညီထွေသော ဝယ်လိုအားလည်း တက်လာရပါမည်။ ရောင်းလိုအားတက်လာသော်လည်းဝယ်လိုအားတက်မလာခဲ့သော်၊ ထိုရင်းနှီးမြှုပ်နှံမှု သည် အလဟဿဖြစ်သွားပါမည်။ တစ်နည်းအားဖြင့် ရောင်းလိုအား သည် ပေါ်ထွက်လာမည့်သို့မဟုတ် ဖြစ်လာနိုင်သည့်   ဝယ်လိုအားနှင့်ကိုက်ညီမှုရှိရပါမည်။ပို့ကုန်ဦးဆောင်သော မဟာဗျူဟာမျိုးသည်ထိုကဲ့သို့သောဗျူဟာဖြစ်ပါသည်။ကမ္ဘာ့ဝယ်လိုအားအပြောင်းအလဲမှပေါ်ပေါက်လာသောအခွင့်အလမ်းများနှင့်ကိုက်ညီသောထုတ်လုပ်တင်ပို့မှုစွမ်းရည် မြင့်မားအောင်ဆောင်ရွက်ရပါမည်ဤနေရာတွင် ပို့ကုန်ဦးဆောင်သော မဟာဗျူဟာသည် လက်ရှိကာလနှင့် သင့်တော်ခြင်းမရှိပါ။ လောလောဆယ်တွင် ကမ္ဘာ့ ဝယ်လိုအားနှေးကွေးမှုကြောင့် ပို့ကုန်ကဦးဆောင်သော စီးပွားရေးတိုးတက်မှုကို ရရှိရန်ခက်ခဲပါသည်။ ၂၀၁၅ခုနှစ်သည်ကမ္ဘာ့ကုန်စည်ရောင်းဝယ်မှုနှစ်စဉ်တိုးတက်မှုနှုန်း၃ရာခိုင်နှုန်းအောက်လေးနှစ်ဆက်တိုက်ပြနေသောနှစ်ဖြစ်ပါသည်။  ၂၀၁၅ တွင် ၂ဒသမ ၈ရာခိုင်နှုန်းသောတိုးတက်မှုနှုန်းသာ ရရှိခဲ့ကာ၊ ၂၀၁၆တွင်လည်း ကမ္ဘာ့ကုန်သွယ်ရေးတိုးတက်မှုနှုန်းသည် ၂ဒသမ ၈ရာခိုင်နှုန်း၌သာ  ဆက်လက်ရှိနေမည်ဟု ခန့်မှန်းရပါသည်။ ထိုသို့ခန့်မှန်းချက်ထက်  တက်ရန်မရှိ၊ ပို၍ကျရန်သာ အလားအလာရှိပါသည်။တရုတ်နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးမည်ဟုတွက်ဆကြပြီးကမ္ဘာ့ဘဏ္ဍာရေးဈေးကွက်အတက်အကျ ပိုကြမ်းလာခြင်း၊ နိုင်ငံခြားြွေကးမြီတင်ရှိနေသော နိုင်ငံများ၊ ငွေဖလှယ်နှုန်းအတက်အကျ အပြောင်းအလဲမြန်သည့် ပြဿနာ
နှင့်တွေ့ကြုံနေရခြင်းတို့ကြောင့်ဖြစ်ပါသည်။ပို့ကုန်သည် အရေးကြီးသည်မှာ   မှန်သော်လည်း တိုးတက်မှုရရှိရေးအတွက် ခေါင်းတွဲတစ်ခုမဟုတ်ပါ။   ပြည်တွင်းရင်းနှီးမြှုပ်နှံမှုနှင့် စားသုံးမှုကို အထောက်အကူပြုရန်  လိုအပ်သောသွင်းကုန်များဝယ်ယူရေးအတွက် လိုအပ်သော နည်းလမ်းတစ်ခု အဖြစ်ဖြင့်သာအရေးပါနေခြင်းဖြစ်ပါသည်။ကံကောင်းသည်မှာ မြန်မာနိုင်ငံက   ဤနေရာတွင် အခြား
နိုင်ငံများထက် အခြေအနေကောင်းနေခြင်းဖြစ်ပါသည်။သစ်တင်ပို့မှုကို ဖယ်လိုက်လျှင်ပင် အဝတ်အထည်၊ ကျောက်မျက်၊ သတ္ထု၊ သဘာဝဓာတ်ငွေ့တို့နှင့် ထပ်မံတိုးချဲ့နိုင်သည့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတို့က မဝေးသောအနာဂတ်တွင် နိုင်ငံခြားငွေ လိုအပ်လာနိုင်သည်ကိုဖြည့်ဆည်းရန ်အတွက်  အတော်အတန် စုံလင်သော အမျိုးအမည်တွေဖြစ်နေပါသည်သို့ဖြစ်ရာ သင့်တင့်သော နိုင်ငံခြားငွေ  ရှာဖွေနိုင်စွမ်းရှိအောင်အားပေးထားသော ပြည်တွင်းဈေးကွက်အပေါ်တွင်   အခြေခံသည့်ဖွံ့ဖြိုးတိုးတက်မှု ရရှိရေးအတွက် မဟာဗျူဟာတစ်ရပ် လိုအပ်ပါသည်။တိုးတက်မှုရရှိကာ ထိုတိုးတက်မှုမှအကျိုးခံစားရရန်အတွက် ပြည်တွင်း
ဈေးကွက်နှင့် အခြေခံအဆောက်အအုံများ၊ ကြီးထွားလာရန်သည်အဓိကလိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။လူဦးရေ၏ ၇၀ရာခိုင်နှုန်းခန့်သည် ကျေးလက်ကို အခြေခံသောအထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ရာ လယ်လုပ်သူ လယ်ပိုင်အောင် အနည်းဆုံး ပိုမိုစိတ်ချရသော မြေယာပိုင်ဆိုင်မှုစနစ်များပေါ်ပေါက်လာစေမည့် မြေယာပြုပြင်ပြောင်းလဲမှု၊ ထုတ်လုပ်မှုစွမ်းအားကို မြင့်မားလာစေနိုင်သည့်    ရင်းနှီးမြှုပ်နှံမှုများမှတစ်ဆင့်လယ်ယာစိုက်ပျိုးရေးမှ ရရှိသော ဝင်ငွေတိုးပွားရေးနှင့် ညီညီမျှမျှ ပိုမိုရှိရေးတို့ကို ဆောင်ရွက်ရန် လိုအပ်ပါသည်။ ဤနေရာတွင် နောက်ဆုံးအလုပ်ရှင် (employer of last resort)အဖြစ်ဆောင်ရွက်ရသောအစိုးရက ကူညီထောက်ပံ့ရန်လိုအပ်ပါသည်။စိုက်ပျိုးရေးအခြေပြုစီးပွားရေးလုပ်ငန်းများကိုအလွန်အမင်းအားကိုးခြင်း၊လယ်ယာမြေဆုံးရှုံးမှုကြီးမားလာစေခြင်းတို့သည် ခုတ်ရာတခြား၊ ရှရာတလွဲ ဖြစ်စေနိုင်ပါသည်။အခြားလိုအပ်ချက်တစ်ခုမှာ ပြည်တွင်းဈေးကွက် အခြေခံသောတိုးတက်မှုရရှိရေးအတွက် ရုပ်ပိုင်းဆိုင်ရာနှင့်လူမှုအခြေခံ အဆောက်အအုံ နှစ်ခုစလုံးတို့တွင် ရင်းနှီးမြှုပ်နှံရန်လိုအပ်ပါသည်။ ဆည်မြောင်းများ၊ ရေထုတ်မြောင်းများ၊ ရေကာတာများသာမကလမ်းများ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖြန့်ဖြူးရေးစသည်တို့တွင် ရင်းနှီးမြှုပ်နှံ ရပါမည်။ နိုင်ငံခြားငွေရရှိရေးနှင့် စဉ်ဆက်မပြတ်ရင်းနှီးမြှုပ်နှံရေးတို့အတွက် ဆိပ်ကမ်းနှင့် လေဆိပ်ကဲ့သို့သောနယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင်ရင်းနှီးမြှုပ်နှံရန်လည်းလိုအပ်ပါသည်အတွေ့အကြုံများအရ   ပြည်တွင်းပုဂ္ဂလိကကဏ္ဍသည်  ဤနေရာတွင် အနည်းငယ်မျှသာ အထောက်အကူပြုနိုင်ပြီး  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည်လည်း အကျိုးကျေးဇူးများသော၊ အစိုးရကသက်သာခွင့် သိသိသာသာပေးသော နယ်ပယ်များတွင်သာ အာရုံစိုက်ကြကြောင်းတွေ့ရပါသည်။ အခြေခံအဆောက်အအုံများ၊ဖွံ့ဖြိုးတိုးတက်ရေးအတွက်နိုင်ငံတကာပုဂ္ဂလိကအရင်းအနှီးများကိုအားကိုးအားထားပြုရမည်။ဘဏ္ဍာရေးလွတ်လပ်ခွင့် ပြုခြင်းကြောင့်ရေရှည်ငွေချေးစာချုပ်ဈေးကွက် တိုးတက်ထွန်းကား လာနိုင်သည်ဟုယူဆသော အယူအဆများသည် အဓိပ္ပာယ်မရှိသလို သာဓကလည်းမတွေ့ရပါ။စိုက်ပျိုးရေးနှင့် အခြေခံအဆောက်အအုံတို့ ပြီးလျှင်  ပြည်တွင်းဈေးကွက် အခြေခံသော တိုးတက်မှု မဟာဗျူဟာအတွက် တတိယလိုအပ်ချက်မှာ ပြည်တွင်းစွမ်းအားစု စုစည်းမှုပင်ဖြစ်သည်။  မြန်မာနိုင်ငံတွင် အခွန်နှင့် ဂျီဒီပီ၏ အချိုးအစားမှာ ဆိုးဆိုးရွားရွား နိမ့်ကျနေပြီး  သွယ်ဝိုက်ခွန်အပေါ်တွင် မှီခိုမှု အလွန်အမင်း ကြီးမားပါသည်။သွယ်ဝိုက်ခွန်သည် ငွေဖောင်းပွမှုကို ဖြစ်စေပြီး ဆက်လက်၍ အလွန်အမင်း မှီခိုနေလျှင် ဈေးကွက်၏ တိုးတက်မှုကို အဟန့်အတား ဖြစ်စေပါသည်။ အခြေခံမကျသော၊ ဇိမ်ခံပစ္စည်းများကို အခွန်ကောက်ရန်နှင့် အသုံးစရိတ်များလေအခွန်တိုးကောက်ရန် လိုအပ်သော် လည်း
နောက်ဆုံးတွင် အဆင့်ဆင့်တိုးသွားသော  တိုက်ရိုက်အခွန်ကို မလွဲမသွေ ဆောင်ရွက်ရပါမည်။ ပုဂ္ဂလိကကဏ္ဍကို အားပေးရန် ရည်ရွယ်သော အခွန်လွတ်ခွင့်နှင့် သက်သာခွင့်များပေးခြင်းတို့ကို စွန့်ပယ်သင့်ပါသည်ထိုသို့ဆောင်ရွက်ရန် အချိန်ယူရပါမည်။ ကြားကာလတွင်လိုငွေပြ ဘတ်ဂျက်ကို စွန့်ပယ်ရန်  မလိုအပ်သေးပါ။ လောလောဆယ်ရရှိနိုင်သော နိုင်ငံခြားငွေဖြင့် ဖြေရှင်းမပေးနိုင်သော ရောင်းလိုအားဘက်က အကန့်အသတ်များ ရှိနေမှသာ   လိုငွေပြဘတ်ဂျတ်သည်အလွန်အမင်း ငွေဖောင်းပွမှုကို ဖြစ်စေပါသည်။ တစ်ဖက်က ဝယ်လိုအားကိုဖြစ်စေပြီး တစ်ဖက်က တစ်ပြိုင်နက်တည်း   ရောင်းလိုအားဘက်က အကန့်အသတ်များကို ဖြေရှင်းပေးနိုင်သော အသုံးစရိတ်သည် ပြဿနာ၏ အဖြေဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရန် ခက်ခဲသော်လည်း တက်ကြွနိုးကြားသော အစိုးရတစ်ရပ်အတွက် မလုပ်နိုင်စရာမရှိပါ။နိုင်ငံခြားအကူအညီသည် အပြောင်းအလဲများကို ထူးထူးခြားခြားဖြစ်အောင် ဆောင်ရွက်နိုင်ပါသည်။ သို့သော် နိုင်ငံခြား အကူအညီ၏ အစိတ်အပိုင်း အနည်းငယ်မျှသာ ခွင့်ပြုငွေ (Grants) ဖြစ်ပြီး၊  
ကျန်ငွေများမှာချေးငွေများ ဖြစ်ပါသည်။ နိုင်ငံခြားငွေထက် ပြည်တွင်း ငွေဖြင့် ချေးခြင်းက ပိုကောင်းပါသည်။ ချေးငွေပုံစံဖြင့် နိုင်ငံခြားအကူအညီရယူခြင်းသည်ရေတိုတွင် နိုင်ငံခြားငွေ မလုံလောက်မှုကို သက်သာစေရန် အတွက်သာ အထောက်အကူ ဖြစ်ပါသည်။အလားတူပင် ဗဟိုဘဏ်နှင့် ငွေကြေးမူဝါဒ လွတ်လပ်ခွင့် ရှိစေရန်ဆိုပြီး လိုငွေကို ငွေစက္ကူရိုက်နှိပ်ခြင်းမှ ရှောင်ရှားခြင်းသည်လည်း  မဖြစ်မနေလုပ်ရမည့်ကိစ္စမဟုတ်ပါ။ ၂၀ဝ၈-၂၀ဝ၉ အကျပ် အတည်းကာလက အမေရိကန် ဗဟိုဘဏ်၏ လုပ်ကိုင်ပုံကို ကြည့်ပါ။  သဘောတရားအရလွတ်လပ်သောဈေးကွက်တွင် ဝင်ရောက်ချေးယူ ခြင်းထက် ငွေစက္ကူရိုက်ခြင်းကြောင့် ငွေဖောင်းပွမှု ပို၍ ဖြစ်မည်ဟု မဆိုနိုင်ပါ။တစ်ဖက်တွင် ပုဂ္ဂလိကဈေးကွက်မှ အတိုးနှုန်းသည် ဘတ်ဂျက်အခက်အခဲကို ပို၍ဆိုးရွားစေနိုင်ပါသည်ထို့အပြင် မူဝါဒရေးရာ၌ ငွေလုံးငွေရင်း လွတ်လပ်ခွင့်ကိုပါ ထည့်ထားလျှင် လွတ်လပ်မှုဆိုသည်မှာ ယုံတမ်းစကားတစ်ခုသာဖြစ်နေပါသည်။နောက်ဆုံးအနေဖြင့်ဘဏ်များ၊အာမခံကုမ္ပဏီများပါဝင်သောဘဏ္ဍာရေးကဏ္ဍကိုဖွံ့ဖြိုးရေးအတွက်လက်နက်ကိရိယာအဖြစ်အသုံးပြုရန်လိုအပ်ပါသည်။ရေရှည်ရင်းနှီးမြှုပ်နှံမှုများအတွက် ငွေကြေးစွမ်းအားစုများကို စုစည်းပေးနိုင်သည့် အထူးဘဏ္ဍာရေးအဖွဲ့အစည်းများ တည်ထောင်ရန်လည်း လိုအပ်ပါသည်။ လွတ်လပ် သော ဘဏ္ဍာရေးစနစ်သည် စွမ်းရည်မြင့်သောဈေးကွက်ကို ပေါ်ပေါက်စေကာ ငွေကြေးများ အမြင့်ဆုံး စုစည်းပေးနိုင်ပြီး အကျိုး ကျေးဇူး အများဆုံးရှိမည့်လုပ်ငန်းများကိုခွဲဝေပေးနိုင်မည်ဟူသော အဆိုသည်လည်း လက်တွေ့တွင်မဖြစ်နိုင်သော ယူဆချက်များအပေါ်တွင် အခြေခံထားသည်။
 

Agency Ministry of Foreign Affairs
Category General