(၁၂)ကြိမ်မြောက် မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု ပူးပေါင်းညှိနှိုင်းရေးကော်မတီအစည်းအဝေး ကျင်းပရေးအတွက် ညှိနှိုင်းအစည်းအဝေးကျင်းပ

မူဆယ်မြို့တွင် ကျင်းပမည့် (၁၂)ကြိမ်မြောက် မူဆယ်-ကျယ်ဂေါင်နယ်စပ်ကုန်စည်ပြပွဲတွင် ထည့်သွင်းပြုလုပ်မည့် (၁၂)ကြိမ်မြောက် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီ   အစည်းအဝေး(Joint Border Trade Cooperating  and Coordinating Committee- JBTCC)  အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ်  လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို နိုဝင်ဘာ ၂၃ ရက်က နေပြည် တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနနှင့်  ရန်ကုန်မြို့၊ စီးပွားရေး နှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနတို့ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ရာ သက်ဆိုင်ရာ   ဌာနအသီးသီးမှ
တာဝန်ရှိသူများ  တက်ရောက်ခဲ့ကြသည်။အဆိုပါ  ညှိနှိုင်းအစည်းအဝေးတွင်  ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ကBTCC  အစည်းအဝေးနဲ့မူဆယ်ကုန်စည်ပြပွဲကို ဒီဇင်ဘာ ၁၄ ရက်မှ ၁၆  ရက်အထိ ပြုလုပ်ရန်စီစဉ် ထားရှိပါကြောင်း၊ အဆိုပါ BTCC
အစည်းအဝေးတွင် ယခင်နှစ်ကဆောင် ရွက်ခဲ့သည်များကို ပြန်လည်မေးမြန်း မည်ဖြစ်သည့်အတွက်  သက်ဆိုင်ရာဌာန များအနေဖြင့်   ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားဖို့  လိုအပ်ပါကြောင်း၊ထို့ပြင်နှစ်နိုင်ငံသက်ဆိုင်ရာဥပဒေ၊လုပ်ထုံးလုပ်နည်းများနှင့်အညီ  စနစ်တကျ ဆွေးနွေးကြရမည်ဖြစ်ကြောင်း၊ကုန်စည်ပြပွဲနှင့်ပတ်သက်၍ လုံခြုံရေးရရှိလာမှုအပေါ်မူတည်ပြီး ဆောင်ရွက်ရန်ဖြစ် မဖြစ်ကို ဒီဇင်ဘာလ ပထမ ပတ်တွင်  နောက်ဆုံးအစည်းအဝေးကျင်းပပြီးပါက    ပုံမှန်ရက်သတ်မှတ်ထားသည့်အတိုင်း လုပ်ဖြစ်မည်ဆိုပါကကြိုတင်  အကြောင်းကြားမည်ဖြစ်ပါကြောင်းပြောကြားခဲ့သည်။ထို့နောက်တက်ရောက်လာကြသည့်သက်ဆိုင်ရာဌာနအသီးသီးနှင့်အသင်းအဖွဲ့များမှတာဝန်ရှိသူများကတင်ပြထားသည့်  အချက်အလက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိသည်။        

Agency Ministry of Foreign Affairs
Category General