မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ရင်းနှီးမြှုပ်နှံမှုမူဝါဒများအား ထုတ်ပြန်ကြေညာ

မန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှုမူဝါဒ ခုနစ်ချက်ကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။အဆိုပါရင်းနှီးမြှုပ်နှံမှုမူဝါဒသည် နိုင်ငံတော်အစိုးရ၏စီးပွားရေးမူဝါဒ
၁၂ ရပ်ကို အထောက်အကူပြုစေမည်ဖြစ်ကြောင်း အဆိုပါကြေညာချက်တွင်ဖော်ပြထားသည်။နိုင်ငံတော်အစိုးရ၏ရင်းနှီးမြှုပ်နှံမှု မူဝါဒခုနစ်ချက်မှာ-
  (၁)  တာဝန်ယူမှုရှိပြီးအပြန်အလှန်  အကျိုးဖြစ်ထွန်းစေမည့်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို ကြိုဆိုမည်။
  (၂)   မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့ အစည်းများသည် ပွင့်လင်းမြင်သာမှုရှိပြီး ရှင်းလင်းလွယ်ကူ၍ မြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်သော လုပ်ထုံးလုပ်နည်းများ ဖြင့်           နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေချောမွေ့အောင် ဆောင်ရွက်မည်။
  (၃)   မက်ခရိုစီးပွားရေးတည်ငြိမ်မှု၊ တရားဥပဒေစိုးမိုးမှု၊ အငြင်းပွားမှု များအတွက်ယုံကြည်ကိုးစားရသော ဖြေရှင်းရေးလုပ်ထုံးလုပ်နည်းများ၊ အခြေခံစီးပွားရေးအဆောက်အဦကောင်းမွန်စွာ လည် ပတ်ဆောင်ရွက်နိုင်မည့်           ယုံကြည်စိတ်ချရသည့် ဘဏ္ဍာရေးစနစ်တို့ဖြင့် ရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အပံ့ဖြစ်စေရန်ဆောင်ရွက်မည်။
  (၄)   နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှု အတွက်အရေးပါသည့်အားလျော်စွာ နိုင်ငံတော်အစိုးရသည်-
          (က) နိုင်ငံခြားနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအကြား ခွဲခြား ဆက်ဆံမှုမရှိသော ကြိုတင်ခန့်မှန်းသိမြင်နိုင်သည့် ထိန်းကျောင်းကြပ်မတ်မှုဝန်းကျင်တစ်ရပ်ကို ထူထောင်မည်။
          (ခ) စီးပွားရေးလုပ်ငန်းများကို အငြင်းပွားဖွယ် သိမ်းယူခြင်းမှကာကွယ်ပေးမည်။
          (ဂ) အခွန်အကောက်များနှင့်  အခြားပေးဆောင်ရန်ရှိသည်များကို ပေးဆောင်ပြီးနောက် ရရှိသည့်အကျိုးအမြတ်များအပြင် ဥပဒေ နှင့်အညီ ပေးချေရမည့်ကိစ္စများ ပြန်လည်လွှဲပြောင်းခွင့်များကို
                ကာကွယ်ပေးမည်။
          (ဃ) အတည်ပြုထားသည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအတွက်ကာလရှည် မြေငှားရမ်းခွင့်ရရှိရေးဥပဒေနှင့်အညီ ဆောင်ရွက်ပေးမည်။
  (၅)   ပြည်တွင်းနှင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် ပတ်ဝန်းကျင်နှင့်သဘာဝအရင်းအမြစ်ဆိုင်ရာကိစ္စရပ်များအပါအဝင် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ကျင့်ထုံးများ
          ကို ခွဲခြားမှုမရှိဘဲတစ်ပြေးညီ အစဉ်လိုက်နာရမည်။
  (၆)   နိုင်ငံတော်လုံခြုံရေးဆိုင်ရာ ယဉ်ကျေးမှုနှင့် လူမှုရေးဆိုင်ရာနယ်ပယ်များနှင့်ဆက်နွယ်သည့် အချို့သောစီးပွားရေးလုပ်ငန်းများကို နိုင်ငံခြားသားများအား လုပ်ဆောင်ခွင့်မပြု။ အဆိုပါ           ခွင့်ပြုနိုင်ခြင်းမရှိသည့်လုပ်ငန်းများကို ပွင့်လင်းမြင်သာစွာထုတ်ပြန်မည်။
  (၇)   အောက်ဖော်ပြပါရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများကို ကြိုဆိုအားပေးမည်-
       (က)  ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ ထုတ်လုပ်မှုကွင်းဆက်တွင် ချိတ်ဆက်ထားသည့် ကုန်ထုတ်လုပ်မှုမြှင့်တင်နိုင်သော တန်ဖိုးမြှင့်လယ်ယာထုတ်ကုန်များ ထုတ်လုပ်နိုင်သောလုပ်ငန်းများ၊
        (ခ)  နည်းပညာလွှဲပြောင်းနိုင်မှုနှင့် ပြည်တွင်းကုန်ထုတ်လုပ်ငန်းများအပေါ် အကျိုးဖြစ်ထွန်းမှုရရှိစေမည့်လုပ်ငန်းများ၊
        (ဂ) အသေးစားနှင့်  အလတ်စား  စီးပွားရေးလုပ်ငန်းများအား   ဖွံ့ဖြိုးတိုးတက်စေနိုင်မည့်လုပ်ငန်းများ၊
        (ဃ)  အခြေခံစီးပွားရေးအဆောက်အဦများအား လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေနိုင်မည့်လုပ်ငန်းများ၊
        (င) အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ပြီး ကျွမ်းကျင်မှု မြင့်မားတိုးပွားရေးအတွက် အထောက်အကူပြုသောအသက်မွေးဝမ်းကျောင်းပညာများ လေ့ကျင့်သင်ကြားပေးနိုင်သည့် လုပ်ငန်းများ၊
       (စ) စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျအားနည်းသော ဒေသများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ဆောင်ရွက်မည့်လုပ်ငန်းများ၊
       (ဆ) စက်မှုမြို့များနှင့် အထူးစီးပွားရေးလုပ်ငန်းများ စုဖွဲ့ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ၊
       (ဇ) ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ။

Agency Ministry of Foreign Affairs
Category General