ဆားလင်းကြီးမြို့နယ်ရှိ ဆီစက်လုပ်ငန်းရှင်များအား တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိစေရန် ပညာပေးဆွေးနွေး

အောက်တိုဘာ ၄ ရက်က ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ကျားထက် စံပြကျေးရွာရှိ အုပ်ချုပ်ရေးမှူးရုံးခန်းတွင်ကျားထက်ကျေးရွာ ရှိ ဆီစက်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ထုတ်ကုန်လုံခြုံစိတ်ချမှုရှိရေး ဟောပြောဆွေးနွေးခဲ့ပါသည်။
ဟောပြောဆွေးနွေးပွဲတွင် ခရိုင်ဦးစီးမှူး ဦးသန်းပိုက လူတွေနေ့စဉ်လှုပ်ရှားသွားလာ လုပ်ကိုင်နေနိုင်ဖို့ လိုအပ်တဲ့ ကယ်လိုရီကိုပေးနိုင်တဲ့ အစာမျိုးဖြစ်တဲ့အတွက် အာဟာရဓာတ်သုံးမျိုးထဲမှာ ဆီဟာကယ်လိုရီအြွကယ်ဝဆုံးဖြစ်ပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်ဈေးကွက်ထဲမှာ ရောက်နေတဲ့ စားသုံးဆီတော်တော်များကတော့ အာဟာရမဖြစ်ဘဲ အန္တရာယ်ရှိတာတွေ့ နေရကြောင်း၊  ဒါကြောင့် ဆီစက်လုပ်ငန်းရှင်များအနေနဲ့ မိမိဆီမှ ထွက်ရှိတဲ့ဆီများကို အများသူငါ ဝယ်ယူစားသုံးတဲ့ အခါ အန္တရာယ်မဖြစ်အောင် ထုတ်လုပ်၍မှန်ကန်သော ဈေးနှုန်းများဖြင့် ရောင်းချရန်လိုကြောင်း၊ ပဲဆီသန့်၊ နှမ်းဆီသန့်ဟု ပြောရောင်းလျှင် ဆီသန့်သန့်ကိုသာ
မိမိရောင်းနိုင်တဲ့ ဈေးနှုန်းဖြင့် မှန်ကန်စွာရောင်းချပေးရန်လိုကြောင်း၊ ရောနှောရောင်းချလျှင်လည်း ရောနှောထားသည့် အချိုးအစားကိုပြောပြီး ရောင်းရန်လိုအပ်ကြောင်း၊ မြေပဲများနှမ်းများကိုဝယ်ယူသိမ်းဆည်းတဲ့အခါ၊ ကြိတ်ခွဲတဲ့အခါများတွင်လည်း မှိုမပါအောင် ဂရုစိုက်ရန်လိုအပ်ကြောင်း၊ မိမိဆီစက်မှ ထွက်သည့်ဆီများကို FDA  ထောက်ခံချက်ယူပြီးလျှင်ပို၍ ထုတ်ကုန်လုံခြုံစိတ်ချမှု ရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
မိုးမိုးမြင့် (ဆားလင်းကြီး)

Agency Ministry of Foreign Affairs
Category General