ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့် မြန်မာနိုင်ငံတော်ဆိုင်ရာ လစ်သူယေးနီးယားနိုင်ငံသံအမတ်ကြီး H.E. Ms. Ina Marciulionyte အားလက်ခံတွေ့ဆုံ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်သည် နိုဝင်ဘာလ ၁၈ ရက် နံနက် ၁၀ နာရီ၌ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာလစ်သူယေးနီးယားနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ပြီးဖြစ်သော ပေကျင်းမြို့အခြေစိုက်လစ်သူယေးနီးယားနိုင်ငံ  သံအမတ်ကြီး H.E. Ms.  Ina Marciulionyteအား ဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ယင်းသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန်လိုအပ်နေသည့် ကဏ္ဍများနှင့် လစ်သူယေးနီးယားနိုင်ငံ၏ အားသာချက်ရှိသည့်ကဏ္ဍများကို လေ့လာပြီး ပူးပေါင်းဆောင်ရွက်သွားနိုင်မည့်နည်းလမ်းများ၊မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အတွက် ဓာတ်မြေဩဇာအပါအဝင် လယ်ယာစိုက်ပျိုးရေး ဆိုင်ရာသွင်းအားစုများ တင်သွင်းနိုင်ရေးအတွက် ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများအပါအဝင် နှစ်နိုင်ငံ ကုန်သည်အသင်းချုပ်များအကြားနီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရန် တွန်းအားပေးကူညီပံ့ပိုးပေးသွားနိုင်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါတွေ့ဆုံပွဲ  အခမ်းအနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။                                
 

Agency Ministry of Foreign Affairs
Category General