အလှူမင်္ဂလာပွဲများကြောင့် ရှမ်းချင်း အရောင်းအဝယ်ပုံမှန်ဖြစ်လာ

 ရှမ်းချင်းကတော့ ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ပုံမှန်အရောင်း အဝယ်ဖြစ်နေပါတယ်။ အလှူမင်္ဂလာပွဲ တွေလည်းရှိလာတာကြောင့် ဧည့်ခံရန် အတွက် ထိုးချင်း သမား များက ဝယ်ယူ နေသဖြင့် အရောင်းအဝယ်ဖြစ်လာ ကြောင်းသိပါတယ်။ ချင်းသစ်များပေါ်လာတော့မှာဖြစ်တာကြောင့် အရောင်း အဝယ်အေးနေပါက ချင်းလက် ကျန် ပိုမို များပြား လာမှာဖြစ်၍ ပွဲရုံများ၊ခြံရှင်များမှလည်း အရောင်းအဝယ် ဖြစ်ချင်နေတယ်လို့သိရပါတယ်။ ပြည်တွင်း ဝယ်လက်များသာ အဝယ်ရှိနေသေးလို့ များများ စားစားဖြုန်းအား မရှိသေးသ လို ပြည်ပဝယ်လက်များအနေနဲ့လည်း မေးမြန်းမှုသာရှိပြီး လက်ငင်းဝယ်ယူမှု မရှိသေးဘူးလို့လည်း သိရပါတယ်။ အောင်ပန်းဈေးကွက် မှာရှိတဲ့ ချင်း(စို)က တစ်ပိဿာ ကျပ် ၂၅၀ မှ ၃၅၀နဲ့ချင်း ခြောက်ကတစ်ပိဿာ ကျပ် ၁၆၀ဝ မှ ၁၈၀ဝဈေးရှိပါတယ်။ ဟိုပုံးချင်းကတော့ အသစ်ထွက်လာမှသာ ဈေးကွက်မှာ အရောင်းအဝယ်ဖြစ်လာနိုင်ပါတယ်။ ပြီးခဲ့တဲ့လကတည်းကစပြီး လက်ကျန်မရှိတော့ကြောင်းသိရပါတယ်။ ချင်းဈေး ကတော့ တစ်ပိဿာ ကျပ် ၁၅၀ နဲ့ ဈေးပိတ်သွား တယ်လို့လည်းသိရပါတယ်။ ချင်းခြောက်ကိုတော့ ဒီနှစ်မှာသိပ်ပြီး မလုပ်ဖြစ်ဘဲ ယခင်နှစ်လက်ကျန်တွေကိုသာ အ ရောင်းအဝယ် လုပ်နေ ရတာဖြစ်ပြီး တစ် ပိဿာကို ကျပ်၂၀ဝဝ ဈေးရှိတယ်လို့ ဟိုပုံးဈေးကွက်က သိရှိပါတယ်။
Ref : ဧခိုင်

Agency Ministry of Foreign Affairs
Category General