ရန်ကုန်ကားဈေးကွက် အရောင်းအဝယ်အေးလွန်းသည့်အခြေအနေဖြစ်ပေါ်

နိုဝင်ဘာလလဆန်းပိုင်းတွင်ရန်ကုန်ကားဈေးကွက်အခြေအနေမှာလဆန်းပိုင်းတွင်မုန်တိုင်းမိုးများ ပြန်လည်ရွာသွန်းနေမှုများနှင့်အတူ ကားပွဲစားတန်းများနှင့် အရောင်းစင်တာများတွင်ပါ  လူဝင်ကျဲပါးကာ အရောင်းအဝယ်ဈေးကွက် လည်းအေးစက်လာသည့်သဘောတွေ့ရှိရသည်။ရန်ကုန်ကားဈေးကွက်အတွင်းမူဝါဒသက်ရောက်မှုကလည်း အများကြီးသက်ဆိုင်သဖြင့် လတ်တလောအများမျှော်လင့်နေသည့် မူဝါဒများထုတ်ပြန်နိုင်ခြင်းမရှိသလို၂၀၁၇ခုနှစ်အတွက်ဈေးနှုန်းသတ်မှတ်ချက်များလည်းထွက်ပေါ်လာခြင်းမရှိသည့်အတွက်ဖရီးပါမစ်ဖြင့်သွင်းသည့်ကားဈေးကွက်မှာတစ်မျိုး၊စလစ်ကပ်ကားအုပ်စုမှာတစ်မျိုးစသည်ဖြင့်ပုံစံမတူသော်လည်းနောက်ခံအကြောင်းတူသဖြင့်အတက်ဘက်သို့သာပို၍ဦးတည်လာကြောင်း တွေ့ရသည်။ယခုကာလအတွင်း အသစ်တင်သွင်းသည့် ကားများမှာပြည်ပနိုင်ငံခြားငွေ (ဒေါ်လာ /ယန်း) မြင့်တက်သည့်ကာလနှင့်ကြုံကြိုက်နေသဖြင့်  အသွင်းနည်းသည်ထက်နည်းလာကာ ယာဉ်ဟောင်းအပ်နှံကားများမှာလည်း တဖြည်းဖြည်း ရှားပါးလာခဲ့သည်။ ထို့ပြင် ယာဉ်တင်သွင်းမှုနှင့်ပတ်သက်၍  ကန့်သတ်ချက်များလာသဖြင့် စလစ်ဈေးမှာ ကျပ် ၁၀၅ သိန်း ၁၀၆သိန်းမှ အောက်သို့ မကျဆင်းတော့ကြောင်း၊ မည်သို့ပင်ဖြစ်စေစလစ်ကပ်ကားများနှင့်ပတ်သက်၍ မော်ဒယ်ခုနှစ်သတ်မှတ်ချက် ထွက်ပေါ်ပါက ရောက်ရှိ ခုနှစ်ထက်ခြောက်နှစ်ခန့်သာကွာခြားပြီးသွင်းရမည့်သတင်းသာ  ပေါ်ထွက်နေသဖြင့်ရှေ့လျှောက်စလစ်ကပ်ကား ဈေးတက်ဖို့သာ ရှိကြောင်း၊ရှေ့နှစ်တွင် စလစ်အပ်နှံခြင်းအစား ပုံစံတစ်မျိုးဖြင့် အစားထိုး ဖြေလျော့နိုင်ပါကအကောင်းဆုံးဖြစ်နိုင်ကြောင်းလတ်တလောတွင်လည်း ဒေသအာဏာပိုင်များထံမှ ]]ကားတင်သွင်းမှုလိုအပ်ချက်သာ ပေးသွင်းမည့်စနစ်}}  ဟူ၍ သတင်းများပေါ်ထွက်နေကြောင်း၊ နောင်မည်သို့ ဖြစ်မည်ကို မပြောနိုင်သေးသော်လည်း ယခုလောလောဆယ်တွင် အရောင်းအဝယ်များ အေးစက်နေပြီး ကားဈေးတန်းမှာလည်း အတက်ဘက်သို့ဦးတည်နေကြောင်း ဝါရင့်အကျိုးဆောင်ကိုမြင့်ကျော်က ပြောသည်။အကျိုးဆောင်များပြောသကဲ့သို့ ကားဈေးကွက်မှာထင်သလောက် အရောင်းအဝယ်မဖြစ်ဘဲကားလေးများသာမက၊စလစ်ကပ်ကားများပါဈေးမြင့်တက်လာပြီး ယခု ဈေးကွက်ထဲတွင်အက္ခရာနိမ့် (၂၀၁၃-၂၀၁၄) ရန်ကုန်လိုင်စင်ဝှရှ်ကား တစ်စီး ၁၈၅ သိန်းမှ သိန်း ၁၉၀၊ နယ်လိုင်စင်ပရိုဘောက်၊ ဆပ်ဆက်(ယာယီ) (၁၇၅ )သိန်းခန့်၊(၂၀၁၂/၁၃) ဟွန်ဒါဖစ်(ယာယီ) သိန်း ၁၈၀ဝ ဝန်းကျင်၊၂၀ဝ၃ ခုနှစ်ထုတ် နွံချ်ဝက်ဂွန်(ယာယီ) သိန်း ၂၂၀ မှသိန်း ၂၃၀ ခန့်၊ကလူဂျာ (၂၀ဝ၄) (၂.၄) ယာယီတစ်စီးသိန်း ၃၆၀ ခန့်ဈေးတန်းခေါ်ကာရောင်းချနေကြောင်းနှင့် အဝယ်ကျဲပါးနေကြောင်း သိရသည်။

 

Agency Ministry of Foreign Affairs
Category General