သီတင်းကျွတ်ကာလနောက်ပိုင်းရန်ကုန်မြို့တွင်း အိမ်ရာ၊ရုံးခန်းများငှားရမ်းမှုမြင့် တက်

လက်ရှိအိမ်ခြံမြေဈေးကွက်တွင် အဝယ်နှင့်အငှားနှစ်မျိုးစလုံး ပြန်လည်ကောင်းမွန်လျက်ရှိသော်လည်းငှားရမ်းမှုက အဝယ်ထက် ပိုမိုမြင့်တက်လျက်ရှိကြောင်းံHouse.com.mm ၏  စစ်တမ်းကောက်ယူမှုများအရ
သိရသည်။အထူးသဖြင့် ရန်ကုန်မြို့တွင်းရှိ  အိမ်ရာရုံးခန်းများအား ဝယ်ယူမှုထက် ငှားရမ်းခြင်းက  ပိုမိုများပြားနေကြောင်း သိရသည်။]]သီတင်းကျွတ်အပြီး  အရောင်းအဝယ်ကတော့ မြေကွက်အဝယ်တွေမှာ
မေးမြန်းစုံစမ်းတာတွေရှိတယ်။ကျပ်သိန်းငါးထောင်အောက်ပေါ့။ မရမ်းကုန်း၊ အင်းစိန်၊တောင်ဥက္ကလာ၊ မြောက်ဒဂုံ  အဲဒီလိုနေရာမျိုးတွေမေးတာများတယ်။ အရောင်းအဝယ်ဖြစ်တာက  တောင် ဥက္ကလာမှာ တစ်ထောင်ဝန်းကျင်နဲ့ မရမ်းကုန်းမှာ လေးထောင်ဝန်းကျင်နဲ့ အလုပ်ဖြစ်တယ်}}ဟု Peace Land Real Estate ကုမ္ပဏီမှ  ဒါရိုက်တာဦးအောင်ဇော်ကပြောကြားခဲ့သည်။
မြန်မာ့ဓလေ့ထုံးစံအရ သီတင်းကျွတ်ပြီးနောက်အငှားဈေးကွက် ပြန်လည်ကောင်းမွန်လာပြီး ရန်ကုန်မြို့တွင်းနေထိုင်ရန် ကောင်းမွန်သောမြို့နယ်များတွင်တိုက်ခန်းများ ပိုမိုဆောက်လုပ်လာမှုများကြောင့်လည်း
တိုက်ခန်းများ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ လုံးချင်းအိမ်များ ငှားရမ်းခြင်း၊ ဝယ်ယူခြင်းတို့ကို ပိုမိုစုံစမ်းလာကြခြင်း ဖြစ်ကြောင်း သိရသည်။
]]အငှားဈေးကွက်ကတော့ မြန်မာနိုင်ငံရဲ့ ထုံးစံအတိုင်း ဝါကျွတ်ရင် အိမ်ပြောင်းအိမ်ရွှေ့ကြတဲ့အတွက်တိုက်ခန်းအနေနဲ့  ပြောရရင် ကျပ်နှစ်သိန်းဝန်းကျင်နဲ့စမ်းချောင်း၊ သာကေတ၊ တောင်ဥက္ကလာ၊ သင်္ဃန်းကျွန်း
ပေါ့၊ လုံးချင်းအနေနဲ့ပြောရရင် မရမ်းကုန်းမှာ ရုံးခန်းအတွက် ၁၀ သိန်းပတ်ချာလည်စုံစမ်းတာများတယ်။ ရန်ကင်း၊တောင်ဥက္ကလာဘက်မှာတော့ လူနေဖို့ ရှစ်သိန်း၊ ကိုးသိန်းဝန်းကျင်စုံစမ်းတာတွေရှိပါတယ်။ကွန်ဒို
အနေနဲ့ကတော့ ၁၀ သိန်းဝန်းကျင်ကို ကားပါကင်ပါတဲ့မြို့နယ်စုံ အမေးများပါတယ်။ တိုက်ခန်းအရောင်းအဝယ်တောင်ဥက္ကလာဘက်မှာ ကျပ်သိန်းငါးရာအောက် အဝယ်လိုက်ပါတယ်။ကျွန်တော်တို့ဆီမှာ တစ်
နေ့ကို လေးငါးယောက်ကတော့ နေ့တိုင်းလိုလို ဆက်သွယ်တာရှိပါတယ်။တခြားမြို့နယ်တွေမှာတော့ အေးအေးဆေးဆေးပါပဲ}}ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

 

Agency Ministry of Foreign Affairs
Category General