ဗဟိုဘဏ်က ရောင်းချပေးနေသော်လည်းပုဂ္ဂလိကဘဏ်များက ပြန်လည်ရောင်းချခြင်းမပြု၍ငွေလဲနှုန်းများ မြင့်တက်နေရခြင်းဖြစ်သည်ဟု ဆို

ယခုတစ်ပတ်အတွင်း ပြည်တွင်း ငွေလဲနှုန်းများသည်ဆက်လက်မြင့်တက်နေဆဲပင်ဖြစ်ပြီး တစ်ဒေါ်လာလျှင် ကျပ် ၁၃၀ဝ နီးပါးအထိ ရောက်ရှိလာခဲ့ကြောင်းဈေးကွက်အတွင်းမှ သိရှိရသည်။ယင်းကဲ့သို့ မြင့်တက်နေရခြင်းမှာ  ဗဟိုဘဏ်ကဒေါ်လာများအား ပုဂ္ဂလိကဘဏ်များသို့ ရောင်းချပေးနေသော်လည်း ပုဂ္ဂလိကဘဏ်များက ပြင်ပသို့ လိုသလောက်ရောင်းချပေးခြင်းမပြု၍ ယခုကဲ့သို့ ဈေးများမြင့်တက်နေရခြင်းဖြစ်သည်ဟု ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များအား တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ၅၀ဝဝအထိထုတ်ရောင်းပေးနေသကဲ့သို့ပြည်တွင်းမှပုဂ္ဂလိကငွေလဲစင်တာများကိုလည်း၎င်းတို့ကဲ့သို့ရောင်းချပေးပါက ဈေးနှုန်းကိုအသင့်အတင့်ထိန်းထားနိုင်မည်ဖြစ်သည်ဟုဆိုသည်။ပုဂ္ဂလိကဘဏ်များအနေဖြင့်လည်းပြင်ပသို့လိုအပ်သလောက်ရောင်းချပေးနိုင်ခြင်းမရှိသည်မှာပြင်ပ၌ဈေးမြင့်တက်ပါကပုဂ္ဂလိကဘဏ်များတွင်လာရောက်ဝယ်မှုများပြားသဖြင့်ပြင်ပဈေးမြင့်တက်လာလျှင်အရောင်းကောင်တာကို ပိတ်လိုက်ရသည်များရှိကြောင်း ပုဂ္ဂလိကဘဏ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ငွေလဲစင်တာများတွင် နိုဝင်ဘာ ၇ ရက်က အမေရိကန်တစ်ဒေါ်လာလျှင်ရောင်းဈေး ၁၂၈၇ ကျပ်၊ ဝယ်ဈေး ၁၂၈၃ ကျပ်ရှိခဲ့ပြီး နိုဝင်ဘာ ၁၀ ရက် ဈေးဖွင့်ချိန်တွင်ရောင်းဈေး ၁၂၉၁ ကျပ်၊ ဝယ်ဈေး ၁၂၈၇ ကျပ်ရှိခဲ့သည်။နိုဝင်ဘာ ၁၁ရက်တွင် ရောင်းဈေး ၁၂၉၈ကျပ်၊ ဝယ်ဈေး ၁၂၉၃ ကျပ်သို့ ဆက်လက်မြင့်တက်ခဲ့သည်။   
 

Agency Ministry of Foreign Affairs
Category General